News

ရန်ကုန်မှာ လျှပ်စစ် မီးတင်မက စည်ပင် သောက်သုံးရေပါ ပြတ်တောက်၍ ပြည်သူများ အခက်ကြုံနေ

လွန်ခဲ့သော တပတ်ခန့်လောက်မှစ၍ လျှပ်စစ်မီး ခွဲတမ်းတွေ ပိုမိုဖြတ်တောက်ခြင်း ခံလာရသည်။ ထို့အပြင် ညဘက်များပါ မတော်မတရား လျှပ်စစ်မီးဖြတ်တောက်သဖြင့် သောက်သုံးရေ(စည်ပင်ရေ)ပါ ရက်အတော်အကြာ ပြတ်တောက်နေရခြင်းဖြစ်သည်။

“သူ့အချိန်နဲ့သူ လျှပ်စစ်ရရင်တောင် အခုလို ဒုက္ခများမှာ မဟုတ်ဘူး။ ရေမချိုးရတာတောင် လေးရက်ရှိပြီဗျ။ ညဘက် တညလုံး စောင့်ပြီး ရေတင်ပါတယ်။ မီးလာတာနဲ့ သူက ရေထမောင်း၊ ဟိုက ရေထမောင်းနဲ့ လုပ်ကြတော့ ဘယ်သူမှ ရေမရကြတဲ့ဘဝ ရောက်နေတယ်။

အပိုပြောတာမဟုတ်ဘူး။ ရေက စည်ပိုင်းဖင်ကပ်တောင် မရှိဘူး။ အဲ့လောက်ထိ ဖြစ်နေတာ။ အဓိက မီးပါပဲ။ ထိန်တဲ့နေရာ ကွက်ထိန်ပါတယ်။ ပေးချင်တဲ့နေ့များဆို တနေကုန် တနေခမ်း ပေးတာမြင်ကြရတာပဲ။ ဖြတ်ချင်လဲ ဓာတ်အားထိန်းညှိတယ်နဲ့ ဖြတ်နေတာပါပဲ”ဟု ပြည်သူတဦးက ပြောသည်။

မိဘပြည်သူများ လူလုပ်ဘေးအန္တရာယ်အပေါင်းမှ အမြန်ကင်းလွတ်ဝေးကြပါစေဗျာ..