Horror Story

လူသေရင် တစ္ဆေဖြစ်သတဲ့လား(စ/ဆုံး)

တကယ်တော့ လူသေတိုင်း တစ္ဆေဖြစ်တာ မဟုတ်ဘူးဗျ။ ဒီအကြောင်းတွေကို မဖဲဝါ ပြောပြလို့ ကျုပ်လည်း သိတာဗျ။ ဒီလိုဗျို့။ အညာနွေခေါင်ခေါင်ကြီးဗျ။ ကျုပ်တို့ရွာက ဘွားမယ်စိုးကြီး ဆုံးသွားပါရောဗျာ။ ဖြစ်တာကတော့ လူကြီးရောဂါပါ။ တရှောင်ရှောင် ဖြစ်နေရာက နေပြီး အားယုတ်လာတာပေါ့ဗျာ။ နောက်ဆုံး အစာမဝင်တော့ဘဲ ဆုံးသွားတာဗျို့။ ကျုပ်တို့အညာမှာက ဒီလိုတကယ်ပူတဲ့ အချိန်မှာ လူသေရင် ရက်မထားဘူးကြဘူးဗျ။ နေ့ချင်းသင်္ဂြိုဟ်ကြတယ်။ပူတဲ့အရပ်ဆိုတော့ ချက်ချင်း ပုပ်တာဗျ။ ခုလည်း ဘွားမယ်စိုးကြီး အသုဘကို နေ့ချင်းသင်္ဂြိုဟ်ဖို့ ပြင်ကြတာပေါ့ဗျာ။ ညနေလေးနာရီထိုးတာနဲ့ ကြေးစည်ထုပြီး အသုဘ ချတယ်။ ဘွားမယ်စိုး ဆိုတာက ကျောင်းအစ်မကြီးဗျ။

ရွာဦးကျောင်းမှာလည်း ကျောင်းလှူတယ်။ ကျုပ်ဆရာတော်ကျောင်းမှာလည်း ကျောင်းလှူတယ်ဗျ။ အိမ်မှာလည်း တစ်နေ့လုံး ပုတီးတချောက်ချောက် စိပ်နေတာဗျ။ ကျုပ်တို့ တစ်ရွာလုံးကတော့ ဘွားမယ်စိုးကြီးကို နတ်သမီး ဖြစ်သွားပြီလို့ ပြောနေကြဗျို့။ ဘွားမယ်စိုးရဲ့ အသုဘကိုလည်း တစ်ရွာလုံးကို လိုက်ပို့ကြတာဗျ။ ဒါ ကျုပ်တို့ ထနောင်းကုန်းက သူတော်ကောင်းမကြီး သေတာလေဗျာ။ ညရောက်တော့လည်း ကျုပ်တို့ကာလသားတွေရော၊ လူကြီးပိုင်းတွေရော အသုဘအိမ်ကို စောင့်ကြတာဗျ။ လူကြီးပိုင်းကလည်း ဘုရားစကား တရားစကားတွေ ပြောကြလို့ပေါ့ဗျာ။ ကျုပ်တို့ လူငယ်ပိုင်းကလည်း ပဲအကြောင်း၊ နှမ်းအကြောင်း၊ ယာအကြောင်း၊အမဲလိုက်တဲ့ အကြောင်းတွေ ရောက်တတ်ရာရာ ပြောကြလို့ပေါ့ဗျာ။ ဒီလိုနဲ့ ရက်လည်ရောဗျာ။ ကျုပ်တို့ အညာရွာတွေ ဓလေ့က ရက်လည်ရင် ထမင်းကျွေးကြတာဗျ။ ရက်လည်ပြီးသွားတော့ အသုဘအိမ်လည်း ပုံမှန်ပြန်ဖြစ်သွားတော့တာပေါ့ဗျာ။ ဒီမှာတင် ဇာတ်လမ်းစတော့တာဗျ။ “တာတေရေ ၊ တာတေ” နွေရာသီဆိုတော့ နေ့လယ်နေ့ခင်း ဘယ်မှ မသွားတော့ဘူးပေါ့ဗျာ။

ဝိုင်းထဲက မန်ကျည်းပင်ကြီး အောက်မှာပဲ ကျုပ်အိပ်နေတာ။ ကျုပ်နားထဲမှာ ခေါ်သံကြားတော့ ကျုပ် လန့်နိုးသွားတယ် ခေါင်းထောင်ပြီး ဝိုင်းဝကို လှမ်းကြည့်လိုက်တော့ ကိုမောင်ပုကြီးဗျ။ ကိုမောင်ပုဆိုတာ ဘွားမယ်စိုးရဲ့ မြေးဗျ။ အသက်သုံးဆယ်လောက်ရှိပြီ။ လူက ဂင်တိုတို ပုပြတ်ပြတ်နဲ့ဗျ။ ဘွားမယ်စိုးရဲ့ ယာတွေကို ဦးစီးလုပ်ကိုင်နေတဲ့ လူတွေထဲက တစ်ယောက်ပေါ့ဗျာ။ ကျုပ်တို့ရွာမှာတော့ ဘွားမယ်စိုးရဲ့ အိမ်က လူချမ်းသာအိမ်ပေါ့ဗျာ။ ဝိုင်းဝမှာ ရပ်နေတဲ့ ကိုမောင်ပုကို ကြည့်ပြီး ကျုပ်တွေးနေတာဗျ။ ဟိုနေ့ကမှ ရက်လည်ရုံရှိသေးတာ၊ ဘာကိစ္စများ ရှိလို့ပါလိမ့်လို့ တွေးရင်းနဲ့ … “ဟာ…ကိုကြီးမောင်ပု လာလေဗျာ၊ ကျုပ် ဒီမှာ ” လို့ ပြောလိုက်တော့မှ ကိုမောင်ပုကြီးက ဝိုင်းထဲကို ဝင်လာတာဗျ။ “လာ ထိုင် ကိုကြီးမောင်ပု ” ကျုပ်က ကျုပ်အိပ်နေတဲ့ သစ်သားကွပ်ပျစ်ပေါ်မှာ ထထိုင်ပြီး ကိုမောင်ပု ထိုင်ဖို့ နေရာလုပ်ပေးလိုက်တယ်။ ပြီးတော့ ကိုမောင်ပုကို နဂါးဆေးပေါ့လိပ်တစ်လိပ် မီးညှိပြီး တည်လိုက်တယ်။

ကိုမောင်ပုက ဝါးဖတ် ခမောက်ကလေးနဲ့ ယပ်ခတ်နေရင်းကနေ ကျုပ်တည်တဲ့ နဂါးဆေးပေါ့လိပ်ကလေးကို ယူပြီး ဖွာလိုက်တယ် “ကိုကြီးမောင်ပု၊ နေပူကြီးထဲ ဘယ်ကလှည့်ဝင်တာတုံးဗျ” “ဘယ်ကမှ မလှည့်ဘူး တာတေရ၊ မင်းဆီကိုပဲ လာတာကြ ” “ဟင် ဟုတ်လား ၊ ကိစ္စရှိလို့လား ကိုကြီးမောင်ပု” “ရှိတယ်ကွ တာတေရ ” ကိုမောင်ပုက ဆေးလိပ်ဖွာရင်း ကျုပ်ကိုပြောဖို့ စကားကို စဉ်းစားနေတာဗျ။ “ဒီလိုကွ တာတေရ၊ ငါတို့ ဘွားတော်ကြီး ဆုံးတာ ဒီနေ့ဆိုရင် နှစ်ပတ်ရှိပြီကွ” “ဟုတ်ကဲ့ ” “အဲဒါ အိမ်မှာ ထူးထူးခြားခြား ဖြစ်နေလို့ကွ ” “ဗျာ၊ ဘာဖြစ်စရာရှိလို့တုံး ကိုကြီးမောင်ပုရဲ့၊ ဘွားမယ်စိုးက သူတော်ကောင်းမကြီးပဲဟာ၊ တစ္ဆေတွေ ဘာတွေ မဖြစ်နိုင်ပါဘူးဗျ” “ခုဟာက တစ္ဆေမဟုတ်ဘူးကွ တာတေရ” “ဟင်၊ ဒါဖြင့် ဘာတုံးဗျ၊ ဘာများဖြစ်လို့တုံး ” “တို့အိမ်ကို ငှက်ကလေးတစ်ကောင် ရောက်လာလို့ကွ” “ဟာ…ကိုကြီးမောင်ပုကလည်း ငှက်လာနားတာပဲ ဆန်းတာမှတ်လို့ဗျာ၊ ဒီလိုပဲ ငှက်ကလေးတွေက အိမ်တွေ ဘာတွေထဲကို ဝင်လာတတ်တာပဲလေဗျာ” “ဟာ …အခုဟာက ဒီလိုမဟုတ္ဘူးကြ ” “ဟင်…ဒါဆိုလည်း ပြောပါဦးဗျာ” လူေ အသုဘ ချတယ်။ ဘွားမယ်စိုး ဆိုတာက ကျောင်းအစ်မကြီးဗျ။ ရွာဦးကျောင်းမှာလည်း ကျောင်းလှူတယ်။ ကျုပ်ဆရာတော်ကျောင်းမှာလည်း ကျောင်းလှူတယ်ဗျ။ အိမ်မှာလည်း တစ်နေ့လုံး ပုတီးတချောက်ချောက် စိပ်နေတာဗျ။

ကျုပ်တို့ တစ်ရွာလုံးကတော့ ဘွားမယ်စိုးကြီးကို နတ်သမီး ဖြစ်သွားပြီလို့ ပြောနေကြဗျို့။ ဘွားမယ်စိုးရဲ့ အသုဘကိုလည်း တစ်ရွာလုံးကို လိုက်ပို့ကြတာဗျ။ ဒါ ကျုပ်တို့ ထနောင်းကုန်းက သူတော်ကောင်းမကြီး သေတာလေဗျာ။ ညရောက်တော့လည်း ကျုပ်တို့ကာလသားတွေရော၊ လူကြီးပိုင်းတွေရော အသုဘအိမ်ကို စောင့်ကြတာဗျ။ လူကြီးပိုင်းကလည်း ဘုရားစကား တရားစကားတွေ ပြောကြလို့ပေါ့ဗျာ။ ကျုပ်တို့ လူငယ်ပိုင်းကလည်း ပဲအကြောင်း၊ နှမ်းအကြောင်း၊ ယာအကြောင်း၊အမဲလိုက်တဲ့ အကြောင်းတွေ ရောက်တတ်ရာရာ ပြောကြလို့ပေါ့ဗျာ။ ဒီလိုနဲ့ ရက်လည်ရောဗျာ။ ကျုပ်တို့ အညာရွာတွေ ဓလေ့က ရက်လည်ရင် ထမင်းကျွေးကြတာဗျ။ ရက်လည်ပြီးသွားတော့ အသုဘအိမ်လည်း ပုံမှန်ပြန်ဖြစ်သွားတော့တာပေါ့ဗျာ။ ဒီမှာတင် ဇာတ်လမ်းစတော့တာဗျ။ “တာတေရေ ၊ တာတေ” နွေရာသီဆိုတော့ နေ့လယ်နေ့ခင်း ဘယ်မှ မသွားတော့ဘူးပေါ့ဗျာ။ ဝိုင်းထဲက မန်ကျည်းပင်ကြီး အောက်မှာပဲ ကျုပ်အိပ်နေတာ။ ကျုပ်နားထဲမှာ ခေါ်သံကြားတော့ ကျုပ် လန့်နိုးသွားတယ် ခေါင်းထောင်ပြီး ဝိုင်းဝကို လှမ်းကြည့်လိုက်တော့ ကိုမောင်ပုကြီးဗျ။ ကိုမောင်ပုဆိုတာ ဘွားမယ်စိုးရဲ့ မြေးဗျ။ အသက်သုံးဆယ်လောက်ရှိပြီ။ လူက ဂင်တိုတို ပုပြတ်ပြတ်နဲ့ဗျ။ ဘွားမယ်စိုးရဲ့ ယာတွေကို ဦးစီးလုပ်ကိုင်နေတဲ့ လူတွေထဲက တစ်ယောက်ပေါ့ဗျာ။ ကျုပ်တို့ရွာမှာတော့ ဘွားမယ်စိုးရဲ့ အိမ်က လူချမ်းသာအိမ်ပေါ့ဗျာ။

ဝိုင်းဝမှာ ရပ်နေတဲ့ ကိုမောင်ပုကို ကြည့်ပြီး ကျုပ်တွေးနေတာဗျ။ ဟိုနေ့ကမှ ရက်လည်ရုံရှိသေးတာ၊ ဘာကိစ္စများ ရှိလို့ပါလိမ့်လို့ တွေးရင်းနဲ့ … “ဟာ…ကိုကြီးမောင်ပု လာလေဗျာ၊ ကျုပ် ဒီမှာ ” လို့ ပြောလိုက်တော့မှ ကိုမောင်ပုကြီးက ဝိုင်းထဲကို ဝင်လာတာဗျ။ “လာ ထိုင် ကိုကြီးမောင်ပု ” ကျုပ်က ကျုပ်အိပ်နေတဲ့ သစ်သားကွပ်ပျစ်ပေါ်မှာ ထထိုင်ပြီး ကိုမောင်ပု ထိုင်ဖို့ နေရာလုပ်ပေးလိုက်တယ်။ ပြီးတော့ ကိုမောင်ပုကို နဂါးဆေးပေါ့လိပ်တစ်လိပ် မီးညှိပြီး တည်လိုက်တယ်။ ကိုမောင်ပုက ဝါးဖတ် ခမောက်ကလေးနဲ့ ယပ်ခတ်နေရင်းကနေ ကျုပ်တည်တဲ့ နဂါးဆေးပေါ့လိပ်ကလေးကို ယူပြီး ဖွာလိုက်တယ် “ကိုကြီးမောင်ပု၊ နေပူကြီးထဲ ဘယ်ကလှည့်ဝင်တာတုံးဗျ” “ဘယ်ကမှ မလှည့်ဘူး တာတေရ၊ မင်းဆီကိုပဲ လာတာကြ ” “ဟင် ဟုတ်လား ၊ ကိစ္စရှိလို့လား ကိုကြီးမောင်ပု” “ရှိတယ်ကွ တာတေရ ” ကိုမောင်ပုက ဆေးလိပ်ဖွာရင်း ကျုပ်ကိုပြောဖို့ စကားကို စဉ်းစားနေတာဗျ။ “ဒီလိုကွ တာတေရ၊ ငါတို့ ဘွားတော်ကြီး ဆုံးတာ ဒီနေ့ဆိုရင် နှစ်ပတ်ရှိပြီကွ” “ဟုတ်ကဲ့ ” “အဲဒါ အိမ်မှာ ထူးထူးခြားခြား ဖြစ်နေလို့ကွ ” “ဗျာ၊ ဘာဖြစ်စရာရှိလို့တုံး ကိုကြီးမောင်ပုရဲ့၊ ဘွားမယ်စိုးက သူတော်ကောင်းမကြီးပဲဟာ၊ တစ္ဆေတွေ ဘာတွေ မဖြစ်နိုင်ပါဘူးဗျ”

“ခုဟာက တစ္ဆေမဟုတ်ဘူးကွ တာတေရ” “ဟင်၊ ဒါဖြင့် ဘာတုံးဗျ၊ ဘာများဖြစ်လို့တုံး ” “တို့အိမ်ကို ငှက်ကလေးတစ်ကောင် ရောက်လာလို့ကွ” “ဟာ…ကိုကြီးမောင်ပုကလည်း ငှက်လာနားတာပဲ ဆန်းတာမှတ်လို့ဗျာ၊ ဒီလိုပဲ ငှက်ကလေးတွေက အိမ်တွေ ဘာတွေထဲကို ဝင်လာတတ်တာပဲလေဗျာ” “ဟာ …အခုဟာက ဒီလိုမဟုတ္ဘူးကြ ” “ဟင်…ဒါဆိုလည်း ပြောပါဦးဗျာ ” “ငှက်ကလေးက ချိုးငှက်လောက် ရှိတယ်ကွ။ အရောင်က ရွှေရောင်တောက်တောက်နဲ့ အစိမ်းရောင် တောက်တောက် စပ်ထားတာကွ၊ နှုတ်သီးက နီရဲနေတာ၊ ဘွားတော်ကြီးအခန်းထဲမှာ ကော်ဇောတွေသိမ်းဖို့ တံခါးဖွင့်လို့ ငှက်ကလေးကို သွားတွေ့တာကွ၊ တံခါးတွေ ပိတ်ထားရက်သားနဲ့ ဒီငှက်ကလေးက အထဲကို ဘယ်လိုရောက်နေတာတုံး တာတေ မင်း စဉ်းစားကြည့်လေကွာ၊ ပြီးတော့ ငါတို့က ငှက်ကလေး ဝင်နေတာကို မသိဘဲ တစ်ယောက် ယောက်က တံခါးတွေ ပိတ်ထားလို့ အထဲမှာ ပိတ်မိနေတယ်ထင်ပြီး တံခါးတွေ ပြတင်းပေါက်တွေ ဖွင့်ထားပေမယ့် ငှက်ကလေးက မပျံဘူးကွ၊ ဘွားတော်ကြီးအခန်းထဲမှာပဲ နေတယ်။

ညဘက်ရောက်တော့ ငါချောင်းကြည့်တယ်ကွ၊ ဘွားတော်ကြီး အိပ်တဲ့ကုတင်ပေါ်မှာ နားနေတယ်၊ အိပ်နေတာ ဖြစ်ချင်ဖြစ်မှာပေါ့ကွာ ” “အဲဒီငှက်ကလေး ရောက်နေတာ ဘယ်နှရက်ရှိပြီတုန်းဗျ” “ရက်လည်ပြီး နောက်နေ့မှ ရောက်လာတာကွ ” “ကိုကြီးမောင်ပုတို့က ဘယ်လိုထင်လို့တုန်းဗျ” “ငါတို့ ဘွားတော်ကြီးများ ငှက်ဖြစ်နေတာလားလို့ပေါ့ကွာ ” “ဟာ …ဘွားမယ်စိုးကတော့ ငှက်မဖြစ်လောက်ပါဘူးဗျာ၊ ဖြစ်ခြင်းဖြစ်ရင် နတ်ပဲဖြစ်မှာပါ ” “ဒါတော့ မပြောနိုင်ဘူးလေကွာ၊ ဒါပေမဲ့ တစ်ခုရှိတာက ငှက်ဖြစ်ရင်လည်း ငှက်မကြီးရဲ့ ဗိုက်ထဲဝင်ပြီး ဥရဦးမယ်၊ ပြီးမှ အကောင်ပေါက်ရဦးမယ်မို့လား။ချက်ချင်းတော့ ဒီအရွယ်ရောက်လာဦးမှာ မဟုတ်ဘူးကွ။ ငါတို့လည်း ဘယ်လိုစဉ်းစားရမှန်းကို မသိတာကွ၊ ဒါနဲ့ မင်းကို လာပြီးတိုင်ပင်တာကွ တာတေရ ” ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးကိုဖွာပြီး တစ်ချက်ရှိုက်လိုက်တယ်။ ပြီးတော့ စဉ်းစားကြည့်တာပေါ့ဗျာ။ “အဲဒီငှက်ကလေးကို ဖမ်းပြီး တစ်နေရာမှာ သွားလွှတ်လိုက်ဗျာ။ မျက်စိလည်ပြီး မသွားတတ် မလာတတ် ဖြစ်နေတာလားမှ မသိတာ ” “အေး ဒါတော့ မပြောတတ်ဘူးကွ၊ မင်းပြောသလို လုပ်ကြည့်လိုက်မှာပဲ ထင်တယ် ” ကိုမောင်ပုကြီးက ကျုပ်နဲ့ စကားပြောရင် ညနေစောင်းမှ ပြန်သွားတယ်ဗျ။ နောက်နေ့ရောက်တော့ ကိုမောင်ပု ကျုပ်ဆီကို အစောကြီး ရောက်ချလာတယ် “တာတေရေ”

“ဟာ ကိုမောင်ပု လာဗျ၊ ငှက်ကလေးကို လွှတ်ပေးလိုက်ပြီလား ” “မနေ့က ငါ ဒီက ပြန်ရောက်တာနဲ့ ဖမ်းပြီး ရွာပြင်က ထနောင်းပင်တွေနားမှာ သွားလွှတ်လိုက်တယ်ကွ” “အဲဒါ ပြီးရောပေါ့ဗျာ ” “ဟာ…မပြီးသေးဘူး တာတေရ ” “ဟင် …ဘယ်လိုဖြစ်လို့တုန်း ” “ညက ငါ့ကို အိပ်မက်ပေးတယ်၊ အိပ်မက်ထဲမှာ ငါ့ဘွားတော်ကြီး ဒေါ်မယ်စိုးက ငါ့ကို ပြောတယ်ကွ၊ ‘မြေး မောင်ပု၊ မြေးလေးက ဘွားတော်ကို အိမ်မှာ မနေစေချင်လို့ ရွာပြင်ကို ပို့တာလား’တဲ့ကွာ၊ ငါဖြင့် အိပ်ရာက လန့်နိုးပြီး စိတ်မကောင်းဖြစ်လိုက်တာကွာ၊ ညတွင်းချင်း ထပြီး အဲဒီငှက်ကလေးကို လိုက်ရှာချင်စိတ်တောင် ပေါက်သွားတယ် ” “ဟာ …ဖြစ်မှဖြစ်ရလေဗျာ ” “ဒါပေမဲ့ ဒီမနက်ကျတော့ ငှက်ကလေးက ဘွားတော်ကြီး အခန်းမှာ ပြန်ရောက်နေတယ်ကွ” “ဟာ …ဟုတ်လား ကိုကြီးမောင်ပု၊ တော်သေးတာပေါ့ဗျာ” “အေးပေါ့ကွာ၊ ဒီလိုသာ မဟုတ်ရင် ငါ့မှာ ဘယ်လိုရှာရမှန်းတောင် သိမှာမဟုတ်ဘူး တာတေရ ” “ဒါဆိုရင်တော့ ခဏစောင့်ဗျာ၊ သေသူနှင့် ပက်သက်ရင် မဖဲဝါနဲ့ ဆိုင်တယ်ဗျ၊

ကျုပ် ဒီည မဖဲဝါကို မေးကြည့်မယ်ဗျာ ” ညရောက်တော့ မအိပ်ခင်မှာ မဖဲဝါရဲ့ ကိုယ်တူကိုယ်ခွဲ အရုပ်ကလေးကို ကိုင်ပြီး မဖဲဝါကို အကြောင်းပြုလိုက်တယ်။ “သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဆုံးသွားတဲ့ ဘွားမယ်စိုးရဲ့ အိပ်ခန်းထဲမှာ ထူးဆန်တဲ့ ငှက်ကလေးတစ်ကောင် ရောက်နေပါတယ်၊အဲဒီ ငှက်ကလေးဟာ ဘွားမယ်စိုးနဲ့ ပတ်သက်မှု ရှိ ,မရှိကို သိချင်လို့ပါဗျာ ” အရုပ်ကလေးကို ခေါင်းအုံးအောက်မှာ ထားပြီး အိပ်လိုက်တယ် ကျုပ်ကို မဖဲဝါ အိပ်မက်ပေးတယ်ဗျ လေတွေ တဟူးဟူးတိုက်နေတဲ့ ဆယ့်နှစ်ရာသီပင်ကြီး အောက်မှာ မဖဲဝါကို ကျုပ်တွေ့တယ်။ သူ့ကို ကျုပ် လန့်မသွားအောင် ကျုပ်နဲ့ ရွယ်တူလောက်ရှိတဲ့ ကောင်မလေးအရွယ် ဖန်ဆင်းထားတာဗျ။ ဆံပင်ရှည်ရှည်လေးကို ဖားလျားချထားပြီး နားရွက်အပေါ်လောက်မှာ ဆယ့်နှစ်ရာသီအဝါ ပွင့်လေးတစ်ပွင့် ပန်ထားတယ်၊ ဆယ့်နှစ်ရာသီပင် ကြီးကလည်း တစ်ပင်လုံး အပွင့်ဝါတွေနဲ့ ဝေနေလို့ဗျ။ “တာတေ နင် မှတ်ထား၊လူသေတိုင်းလည်း တစ္ဆေ မဖြစ်ဘူး၊ တစ္ဆေဖြစ်တယ် ဆိုတာ သေခါနီး အသက်ကုန်ခါနီးလေးမှာ တစ်ခုခုကို စိတ်ထဲစွဲလန်းသွားတော့မှ တစ္ဆေဖြစ်တာ။

သရဲဖြစ်တယ်၊ ပြိတ္တာဖြစ်တယ် ဆိုတာကတော့ တစ်သက်လုံး အကုသိုလ်အလုပ်တွေ လုပ်ပြီး အကုသိုလ်စိတ်နဲ့ အမြဲလွှမ်းမိုးပြီး နေနေတဲ့ လူတွေ သေတဲ့အခါ အဲဒီအာရုံတွေကို စိတ်ကရောက်ပြီး ဖြစ်ကြတာ။ ဒါပေမဲ့ တစ်သက်လုံး ကောင်းတာလုပ်နေတဲ့ သူတော်ကောင်းကြီးတွေလည်း သေခါနီးမှာ တစ်ခုခုကို စွဲသွားရင် ခဏတော့ တစ္ဆေ ဖြစ်တတ်ကြတယ် အဲဒါထက် ထူးဆန်းတာက သန္ဓေမတည်၊ ဥကမပေါက်ဘဲ အရွယ်ရောက်ပြီးသား ငှက်တို့၊ မြွေတို့ သွားပြီး ဖြစ်တတ်ကြတယ်။ ဒါကတော့ သူတို့ရဲ့ ဝဋ်ကြွေးတစ်ခုခုကို ဆပ်ရတဲ့ သဘောပဲ တာတေ၊ ငှက်ကလေးတွေ၊ မြွေကြီးတွေ အဖြစ်ကို ဘွားကနဲ ပေါ်လာပြီး ဖြစ်သွားတာ၊ ဥက ပေါက်နေရတာ မဟုတ်ဘူး ”

“ဟာ…အဲဒီလို ရှိလို့လား မဖဲဝါ ” “ရှိတယ် တာတေ၊ ရှိတယ်၊ အခု နင်တို့ ဘွားမယ်စိုးကြီးက အဲဒီလို ပုံစံနဲ့ ငှက်ကလေး သွားဖြစ်တာဟဲ့ ” “ဟာ …ဖြစ်ရလေဗျာ ” “ဘာမှ မဖြစ်ဘူး တာတေ၊ အလှူဒါနလုပ်ပြီး အဲဒီငှက်ကလေးကို တရားနာခိုင်းလိုက်၊ ရက်လည်တုန်းက သူ မှီအောင်လာတာ၊ မမှီလိုက်ဘူး နောက်ကျသွားတယ်၊ သူက တခြားတစ်နေရာမှာ ငှက်သွားဖြစ်တာ၊ လေထဲမှာ ဘွားကနဲ ပေါ်တာ။ဒါပေမဲ့ သူ့စိတ်က ဘွားမယ်စိုးစိတ်ပဲ၊ အားလုံးသိတယ် ” မနက်မိုးလင်းတော့ ကျုပ်က ဘွားမယ်စိုးရဲ့ အိမ်ကို သွားပြီး အကျိုးအကြောင်း ပြောပြလိုက်တယ်။ သူတို့မိသားစုတွေ အလှူလုပ်ဖို့ ချက်ချင်း ပြင်တယ်။ ဆရာတော် ဦးဂုဏကို ပင့်ဖို့ ပြင်ဆင်ကြတယ်။ ဆွမ်းကပ်ပြီး တရားနာတဲ့ အချိန်မှာ ကျုပ် ရှိတယ်ဗျ ကျုပ်ပဲ ဘွားမယ်စိုးအခန်းကိုဝင်ပြီး ငှက်ကလေးကို သွားပြောတာ။ မဖဲဝါက ပြောတယ်လေဗျာ။ ဘွားမယ်စိုးက သူ့နဂိုစိတ်အတိုင်း ရှိနေတယ်တဲ့။ ငှက်ကလေးက ကိုကြီးမောင်ပု ပြောသလိုပဲဗျ။

ရွှေရောင်နဲ့ အစိမ်းရောင်ကြားလေး နှုတ်သီးနီနီလေးနဲ့ အရောင်လေးတွေက တောက်နေတာဗျို့။ တော်တော်လှတဲ့ ငှက်ကလေးပါဗျာ။ ကျုပ်က ငှက်ကလေးကို သေသေချာချာ ကြည့်တယ် ငှက်ကလေးကလည်း ကျုပ်ကို သေသေချာချာ ကြည့်နေတယ်။ “ဘွား၊ ကျုပ် တာတေလေ ဘွားရဲ့၊ ဘွားအတွက် အလှူလုပ်ပေးကြတာ၊ ဆရာတော်နဲ့ သံဃာတွေကို ဆွမ်းကပ်တော့မှာ ပြီးရင် ဆရာတော် တရားဟောမှာ ဘွားရဲ့၊ အဲဒါကြောင့် ဘွားကို ဆွမ်းကပ်ဖို့ လာခေါ်တာ၊ ဒီအလှူက ဘွားရဲ့ အလှူလေ” လို့ ကျုပ်ပြောလိုက်ရုံ ရှိသေးတယ် ငှက်ကလေးက နားနေရာကနေ ပျံလာပြီး ကျုပ်ပုခုံးပေါ်မှာ နားလိုက်တယ် မဖဲဝါပြောတာ ဟုတ်လိုက်တာလို့ ကျုပ်စိတ်ထဲမှာ တွေးလိုက်မိတယ် ကျုပ်က ကျုပ်ပုခုံးပေါ်မှာ နားနေတဲ့ ဘွားမယ်စိုးငှက်ကလေးကို အိမ်ရှေ့ခေါ်လာတယ် လူတွေ ဝိုင်းကြည့်ကြတာပေါ့ဗျာ။ ငှက်ကလေးက ကျုပ်ပုခုံးပေါ်မှာ နားနေရင်းကနေ ဆွမ်းကပ်တာကို အာရုံပြုတယ်။ ကျုပ်က ဆွမ်းပွဲဝင်ကိုင်ပြီး ကပ်ရတာပေါ့ဗျာ။

ဆရာတော်နဲ့ သံဃာတော်တွေ ဆွမ်းဘုန်းပေးတာကို သေသေချာချာ ကြည့်နေတယ်။ဆရာတော်ကို သင်္ကန်းလှူတော့လည်း ကျုပ်က ကိုင်ပြီး လှူပေးရတာပေါ့ဗျာ။ ငှက်ကလေးက ကျုပ်ပုခုံးပေါ်မှာပေါ့။ လှူတာတန်းတာပြီးတော့ ဆရာတော်က တရားဟောတယ်။ ငှက်ကလေးက တရားကို သေသေချာချာ နာနေပုံပဲဗျ။ နောက်ဆုံး ဆရာတော်က ရေစက်ချခိုင်းတယ်။ ကျုပ်ကပဲ ရေစက်ခွက်ကိုင်ပြီး ချပေးရတာပေါ့ဗျာ။ အမျှဝေတယ်။ သာဓုခေါ်ကြတယ်။ သာဓု၊ သာဓု၊ သာဓုလို့ သုံးကြိမ်ခေါ်ကြလို့ အပြီးမှာ ကျုပ် ပုခုံးပေါ်မှာ နားနေတဲ့ ဘွားမယ်စိုး ငှက်ကလေး ဘုတ်ကနဲ ပြုတ်ကျပြီး ငြိမ်သွားတယ်ဗျို့။ “ဟာ” ကြည့်နေတဲ့ လူတွေက တစ်ပြိုင်နက်တည်း အော်လိုက်ကြတာဗျ။ ဆရာတော်က ခေါင်းညိတ်ပြီး ပြောတယ်။ “ကဲ ဝမ်းသာကြပေတော့၊ ဘွားတော်ကြီး ကောင်းရာသုဂတိဘုံကို စံဝင်သွားပြီ” လို့ ပြောလိုက်တယ် ။ ဒီတော့မှ ကိုကြီးမောင်ပုတို့ မိသားစုတွေလည်း ရယ်နိုင်မောနိုင်ကြတော့တာပေါ့ဗျာ။ ပြီးပါပြီ…။