News

မိခင်မှအခြားနိုင်ငံ၌အလုပ်လုပ်ရန် သားသမီးနှစ်ဦးအား တစ်ရပ်တည်းနေသူထံအပ်နှံခဲ့ရာအိမ်ရှင်မှရိုက်နှက်သဖြင့်တစ်ဦးသေဆုံး

ဧရာဝတီတိုင်းဒေသကြီပုသိမ်မြို့တွင် မိခင်ဖြစ်သူမှအခြားနိုင်ငံ၌အလုပ်ကိုင် ရန်သွားရောက်၍သားသမီးနှစ်ဦးအား တစ်ရပ်တည်းနေသူထံအပ်နှံထားခဲ့ရာ အိမ်ရှင်မှရိုက်နှက်၍မိန်းခလေးငယ် တစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဥ်ဒီဇင်ဘာ (၂)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်းသက် ဆိုင်ရာမှသိရသည်။

ပုသိမ်မြို့နယ်အမှတ်(၁)ရပ်ကွက် ငါးအောက်ချောင်းရေကြည်အေး(၃) လမ်းနေအမျိုးသမီးမှအခြားနိုင်ငံ၌ အလုပ်လုပ်ရန်သွားရောက်နေ၍ ၄င်း၏သားနှင့်သမီးအားတစ်ရပ်တည်း နေသူထံအပ်နှံထားခဲ့ကြောင်းအခင်း ဖြစ်နေ့ကအိမ်ရှင်အမျိုးသားမှအသက် (၉)နှစ်အရွယ်အစ်ကိုဖြစ်သူအားရိုက် နှက်ရာ၄င်းအိမ်မှအဒေါ်ဖြစ်ထံထွက် ပြေးခဲ့ပြီးညီမဖြစ်သူမှာကျန်ရစ်ခဲ့ ကြောင်းသိရသည်။

နောက်တစ်နေ့တွင်အစ်ကိုဖြစ်သူမှ ညီမဖြစ်သူထံမုန့်လာပေးရာအိမ်ရှင်မှ အိမ်အတွင်းအဝင်မခံသဖြင့်အနီးရှိသူ များအားအကူညီတောင်းပြီးနေအိမ် အတွင်းဝင်ရောက်ကြည့်ရှုရာအသက် (၆)နှစ်အရွယ်ညီမဖြစ်မှာသေဆုံးလျက် တွေ့ရှိခဲ့ရကြောင်းသိရသည်။

ဖြစ်စဥ်အားနယ်မြေခံရဲတပ်ဖွဲ့မှအိမ်ရှင် အမျိုးသားနှင့်၄င်းအိမ်၌ရောက်ရှိနေ သည့်ဆေးမှူးဆိုသူတို့နှစ်ဦးအားဖမ်း ဆီးစစ်ဆေးရာ ရိုက်နှက်ဆုံးမရာမှ လက်လွန်သွား၍သေဆုံးခဲ့ကြောင်းသိ ရှိရသဖြင့်ပုသိမ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂ဖြင့် အမှုဖွင့်အရေးယူဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။