News

ကြူကုတ် (ပန်ဆိုင်း)မြို့မှာ ကိုးကန့် တပ်ဖွဲ့ဝင် တစ်ဦးက ၂ နှစ်နဲ့ ၅ လ အရွယ် ကလေးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်ထဲက ကိုးကန့်(MNDAA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကြူကုတ် (ပန်ဆိုင်း)မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ က MNDAA တပ်ဖွဲ့ဝင် တစ်ဦးက ၂ နှစ်နဲ့ ၅ လ အရွယ် ကလေးငယ် တစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတွေက ပြောဆိုလာကြပါတယ်။

ကျူးလွန်တဲ့ တပ်သားဟာ ကိုးကန့်တပ်ရဲ့ (၅၁၀)တပ်ရင်းက ဖြစ်တယ်လို့ ဆိုပါတယ်။”MNDAA ၅၁၀ တပ်ရင်းက စစ်သား။ ကြူကုတ် (ပန်ဆိုင်း) ကျူးမြန့်ဂိုင် ဝင်းထဲမှာ နေတာ။ နာမည်က ဦးရှိန်ဆောင်ဝ်။ အဲစစ်သားက အသက် ၄၀ ကျော်ပြီ။ ကလေးရဲ့ အိမ်ကလည်း သူနေတဲ့ ဝင်းနားမှာပဲ” လို့ ကျူးလွန်ခံရတဲ့ ကလေးနဲ့နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲကလေးကို ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်က အချိုရေတိုက်ပြီး ခေါ်သွားကာ ည နေ ၆ နာရီ လောက်မှာ မိခင်ဖြစ်သူ လိုက်ရှာပြီး အဲဒီ ကျူးလွန်တဲ့ MNDAA စစ်သားက ကလေးရဲ့ မိန်းမကိုယ်ကို ဆေးပေးနေတာတွေ့လို့ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အဲနောက် မိခင်ဖြစ်သူက ကလေးရဲ့ မအင်္ဂါထဲ သွေးတွေ မတိတ်သေးကြောင့် ဆေးခန်း ခေါ်သွားခဲ့တာလို့ ကလေး မိခင်က ပြောပြကြောင်း ကလေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဆေးခန်းကလည်း ဆေးရုံသွားဖို့ ထပ်မံညွှန်းလိုက်တာကြောင့် ဒီဇင်ဘာ ၂ ရက်နေ့မှာ လားရှိုးဆေးရုံကို သွားခဲ့ပြီး စစ်ဆေးချက်အရ ကလေးရဲ့ မိန်းမကိုယ် စုတ်ပြဲ ဒဏ်ရာ ပြင်းထန်တာကြောင့် ဆက်လက် ဆေးကုသ နေရတယ်လို့ ဆိုပါတယ်။

“MNDAA ဘက်က ပြစ်မှု ကျူးလွန်သူ သူတို့ရဲ့ တပ်သားကို နေ‌ရာပြောင်းပြီး သတင်း ဖုံးကွယ်ဖို့ ကြိုးစားနေတယ်။ မနေ့က ဒေသခံ တွေ အမှုပြောချိန်လည်း ကလေးရဲ့ မိခင်ကို မတွေ့ခိုင်းဘူး။ ဝှက်ထားတယ်။” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
အခုလိုကျူးလွန်မှုအတွက် ကိုးကန့်တပ်ဘက်က စုံစမ်းစစ်ဆေးပြီး တာဝန်ယူပေးဖို့နဲ့ ကျူးလွန်သူကို အပြစ်ပေးနိုင်ဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

MNDAA တပ်ဖွဲ့တွေက စာသင်ကျောင်းတွေမှာပါ စခန်းချနေထိုင် စခန်းချနေတာကြောင့် အခုလို ဖြစ်စဉ်မျိုး ဖြစ်လာတော့ ကျောင်းသား မိဘ တွေက ကလေးတွေကို ကျောင်းမသွားခိုင်းရဲတော့ဘူးလို့ သူက ပြောပါတယ်။
မနေ ဒီဇင်ဘာလ ၅ ရက်နေ့မှာလည်း MNDAA ထိန်းချုပ်ရာ ကြူကုတ် (ပန်ဆိုင်း)မှာ မိဘမဲ့ကလေး ဂေဟာက ကလေး ၂၆ ဦးကို မုဒိန်းပြုကျင့်ခဲ့သူကို MNDAA ဘက်က သေဒဏ် ပေးခဲ့ဖူးပါတယ်။