News

ရက်(၂၀)ကြာ ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့ သီလရှင်လေးကို ခေါ်သွားတဲ့သူ ကိုယ်တိုင်က ပြန်လာအပ်

ရက်(၂၀)ကြာ ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့ သီလရှင်လေးကို ပြန်တွေ့ပြီ (ခေါ်သွားတဲ့သူ ကိုယ်တိုင်က ပြန်လာအပ်တာပါ)

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် သာယာ အေးကျေးရွာ ” အေးရိပ်မြိုင် ” သီလရှင်စာသင်တိုက် မှ အလှူခံသွားရင်း ပျောက်ဆုံးသွားခဲ့တ့ အသက်(၁၀)နှစ်အရွယ် သီလရှင်ငယ်လေးကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြန်လည် တွေ့ရှိပြီလို့ သိရပါတယ်။

သီလရှင်လေးကို လက်ခံခေါ်ယူထားသူ လှိုင်မြို့နယ်နေ အမျိုးသမီး ကိုယ်တိုင်က အုပ်ထိန်း သူကျောင်းထိုင် သီလရှင်ဆရာကြီးထံ ဖုန်းဖြင့်ဆက် သွယ်၍ ခေါ်ယူအပ်နှံပေးခြင်းဖြစ်ကြောင်း သိရပါတယ်။ ခေါ်သွားတဲ့ သူကိုယ်တိုင် ပြန်လာအပ်ပေးတာ ဖြစ်ကြောင်း” အေးရိပ်မြိုင် သီလရှင်စာသင်တိုက် ၏ ဦးစီးပဓါန နာယကဆရာကြီး ဒေါ်နန္ဒထေရီ မှ မိန့်ဆိုပါတယ်။

ပျောက်ဆုံးနေသော သီလရှင်ငယ်မှာ တနင်္သာရီတိုင်း လောင်းလုံမြို့နယ် မောင်းမကန် ကျေးရွာဇာတိဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်ခန့် က လည်းကောင်း၏ မိဘများ က သီလရှင်ဝတ်ရန်လာ ရောက်အပ်နှံသဖြင့် သီလရှင်ဝတ်ပေး၍ အခြေခံ ပရိယတ္တိစာပေများ သင်ကြားနေသူဖြစ်ကာ ပြီးခဲ့ သည့်တန်ဆောင်မုန်းလပြည့်နေ့ (၁၅-၁၁-၂၀၂၄) နေ့ က သီရိမင်္ဂလာစျေးသို့ အဖော်သီလရှင် နှစ်ပါးနှင့် အတူ အလှူခံထွက်ရာမှ ၄င်းတပါးတည်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။