Horror Story

ဖျာလိပ်ထမ်းတဲ့ည (စ/ဆုံး)

ညောင်းကုန်းဆိုတဲ့ရွာလေးတရွာမှာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ် မင်းအောင် ကျော်မိုးတဲ့ သူတို့နှစ်ယောက်ကစိတ်တူကိုယ်တူ ဘာလုပ်လုပ်အတူတူပါ အရက်မူးတော့လည်းအတူတူ ဆိုးပေတေ နေတော့လည်း သူတို့နှစ်ယောက် အတူတူပါပဲ တနေ့တော့ မင်းအောင်နဲ့ကျော်မိုးတို့အရက်သောက်နေတုန်း ညိုကြီးတို့ အရက်သမားအဖွဲ့ပါရောက်လာတာပေါ့ ညိုကြီးက သူများကိုမခံချင်အောင်ပြောတဲ့နေရာမှာနှစ်ယောက်မရှိဘူး ညိုကြီးရောက်ရောက်ခြင်းပဲ မင်းအောင်နဲကျော်မိုးနားသွားပြီး စကားစလာပါတော့တယ် ‘

‘ဟေ့ကောင်တွေ မင်းတို့နှစ်ယောက်နဲ့အရက်ပြိုင်သောက်မယ်ကွာ ငါစိန်ခေါ်တယ် ” ဟိုနှစ်ကောင်ကလည်းဆက်ဆက်ထိမခံတွေလေ ”ကြာသလားလို့ ညိုကြီးရယ် လာခဲ့ အခုသောက်မယ် ” သူတို့တွေအရက်ပြိုင်သောက်တာ ညိုကြီး ရှုံ းသွားပါတော့တယ် ”ငါရှုံ းသွားပြီကွာ ဒါနောက်ဆုံးစိန်ခေါ်တာပဲ” ”ပြောကွာ ထပ်ပြိုင်မယ် ”’ ”’မင်းတို့နှစ်ယောက် ငါတို့ရွာရဲ့ အနောက်ဘက်ကုန်းမှာရှိတဲ့ ညောင်ကုန်းသချို င်းထဲကို ဖျာလိပ်ထမ်းပြီးသွားရဲရင် မင်းတို့သောက်သမျှ အရက်ဖိုးကို ငါနေ့တိုင်းရှင်းပေးမယ်

” အရင်က သချိုင်းထဲမှာ ဖျာလိပ်ထမ်းပြီးသွားတယ်ဆိုတာ အရမ်းအန္တာရယ်များတဲ့အလုပ်ပါ ဘာဖြစ်လို့လည်းဆိုတော့ ဖျာလိပ်ထမ်းပြီးသချိုင်းထဲကဖြတ်ပြီဆိုရင် အကောင်သေးသေးလေးနဲ့ မှင်စာ ဆိုတဲ့ တစ္ဆေတွေက လူကို မှောက်လည်းအောင်လုပ် အသက်ပါနုတ်တက်တာပါ မင်းအောင်နဲ့ကျော်မိုးကလည်းသိပေမယ့် ဘယ်တော့မှ အရှုံ းမပေးတက်တဲ့လူမျို းတွေလေ ”ကဲ လောင်းမယ် ညိုကြီး ငါတို့လက်ခံတယ် ”

”ကောင်းပြီလေ မင်းတို့ ဘယ်တော့သွားမှာလည်း ” ”ဒီညပဲသွားမယ်ကွာ မင်း တို့ အဖွဲ့ သချိုင်းစပ်မှာ စောင့်ကြည့်နေလိုက် ” မူးမူးရူးရူးနဲ့ ညိုကြီးပြောသမျှကိုအကုန်လက်ခံခဲ့တာပေါ့ မင်းအောင်နဲ့ ကျော်မိုးတို့ ဒီညတော့မူးနေကြပီပေါ့ဗျာ ည တစ်ချက်ထိုးလောက်မှာ မင်းအောင်နဲ့ကျော်မိုးတို့ ညောင်ကုန်းရွာရှဲ့သချိုင်းထဲကို ဖျာလိပ်ထမ်းပြီးတော့သွားပါတော့တယ်

သူတို့သွားနေတုန်းမှာလည်းအူလိုက်တဲ့ခွေးတွေဆိုတာကြောက်စရာကောင်းလောက်တယ် မင်းအောင်နဲ့ကျော်မိုးက ဘာမှမသိတော့ လူမှန်းမသိအောင်မူးနေတာကို သူတို့နှစ်ယောက်ကတော့ ညိုကြီးကိုအနိုင်ယူချင်တာရယ် မခံချင်တဲ့စိတ်တွေရယ်ပေါင်းပြီးတော့ လမ်းလျှောက်လာလိုက်တာ ညောင်ကုန်းရွာရဲ့ သချိုင်း စပ်ကိုရောက်လာခဲ့ပါပီ နောက်မှာ ညိုကြီးတို့အဖွဲ့ကလည်းကြောက်ကြောက်လန့်လန့်နဲ့ လိုက်လာခဲ့တာပေါ့ ”ဟေ့ကောင်တွေ ငါတို့ သချို င်းထဲဝင်သွားတာကို သေချာကြည့် အရက်ဖိုးရှင်းဖို့သာပြင်ထားပေတော့ကွာ ”

”အေးပါကွ ငါတို့ကြည့်နေတယ် ” ဒီလိုနဲ့ မင်းအောင်နဲ့ကျော်မိုးတို့ ဖျာလိပ်ကြီးကိုထမ်းပြီး သချိုင်းထဲကိုဝင်သွားပါတော့တယ် နှစ်ယောက်လုံးကသာ လူမှန်းမသိအောင်မူးနေတာ ကြောက်စိတ်ကြောင့်လားတော့မသိဘူး သူတို့နှစ်ယောက်လုံး အရက်ရှိန်ပြေသလိုလိုတော့ရှိနေပါပီ ”မင်းအောင် ငါတို့သချိုင်းထဲကိုရောက်နေပီနော်” ”အေးးး ငါသိတယ် ဘာဖြစ်မလည်းတော့မသိဘူး သတိဝရိယနဲ့နေ ” ဒီလိုနဲ့ စကားပြောရင်းသွားလိုက်တာ သချိုင်းအဆုံးကို ဘာမှမဖြစ်ပဲ မင်းအောင်နဲ့ကျော်မိုး ရောက်သွားပါတယ်

”ကျော်မိုး သချိုင်းအဆုံးတော့ရောက်ပီ ဒီတခါငါတို့လုပ်နိုငိရင်နိုင်ပီ ” ”အေး ဟုတ်တယ် ” မင်းအောင်နဲ့ကျော်မိုး မှာတော့ကြောက်သလိုလို ပျော်သလိုလို နဲ့ ရင်ထဲမှာတော့ ဗလောင်ဆူနေတာပေါ့ဗျာ မင်းအောင်နဲ့ကျော်မိုး ဖျာလိပ်ထမ်းပြီးသချိုင်းအပြင်ကိုပြန်ထွက်မယ်အလုပ် ”ဟ ဟ ဘာကောင်လည်းဟ ” ”မင်းအောင်ဘာဖြစ်တာလည်း ” ”ဘာကောင်လည်းမသိဘူး ငါ့ခြေထောက်ကို လာရစ်နေတာ ”

”ဘာမှ မရှိပါဘူး ကွာ မင်းအမြင်မှားတာနေမှာပါ ” ဒီတခါတော့ဖျာလိပ်ထမ်းထားတဲ့ကျော်မိုး မှင်စာ ဆိုတာနဲ့စတင်ကြုံတွေ့ရပါတော့တယ် ကျော်မိုးဖျာလိပ်ထမ်းထားတုန်း ” မင်းအောင် ငါ့ ထမ်းထားတဲ့ဖျာလိပ်ထဲမှာ မှင်စာလားမသိဘူး အသံသေးသေးလေးနဲ့ရယ်နေတဲ့အသံကြားနေရတယ် ” ”ငါလည်းကြားတယ် ကျော်မိုးရဲ့ ”

သချိုင်းထဲကနေ နှစ်ယောက်လုံးထွက်ပြေးမယ်ဆိုတော့လည်း မပြေးရဲ ဘေးပတ်ပတ်လည် အမှောင်တိ ပြေးရင်တော့ အုတ်ဂူတွေ မြေပုံတွေနဲ့တိုက်မိပြီး လှဲကျ မှာ အသေချာပါပဲ မှုန်ပြပြလရောင်အောက်မှာ ညောင်ကုန်းရွာရဲ့ သချိူင်းထဲမှာတော့ ကျော်မိုးနဲ့မင်းအောင်တို့ကြောင့် နာနာဘာဝတွေသက်ဝင်လှုပ်ရှားနေကြပီပေါ့ဗျာ သချုင်္ိ င်းအပြင်မှာရှိတဲ့ခွေးတွေကလည်း ကြားရသူအဖို့ ကြက်သီးထလောက်အောင်အူနေတာပေါ့ ”အူးးး အူးးးးးး ဝူးးးးးး အူးးးးးးးး”

”ခွေးတွေကလည်းအရမ်းအူနေတယ်ကွာ ” ခွေးအူသံတွေကြားထဲမှာ မှင်စာ ဆိုတဲ့တစ္ဆေရဲ့အသံသေးသေးလေးထွက်ပေါ်လာပါတော့တယ် ”ကစားမယ် ကစားမယ် နင်တို့နှစ်ယောက်နဲ့ ကစားမယ် ” မင်းအောင်နဲ့ကျော်မိုးတို့နှစ်ယောက်လုံးကြောက်နေပါပီ ကျော်မိုးကြောက်ကြောက်လန့်လန့်နဲ့ထအော်တာပေါ့ ”ဘယ်သူလည်းကွ အသံနဲ့မခြောက်နဲ့ လူလုံးထွက်ပြ ” ”ငါက နင်တို့ထမ်းထားတဲ့ဖျာလိပ်ထဲမှာလေ ”

နှစ်ယောက်လုံးထမ်းထားတဲ့ဖျာလိပ်ကြီးကိုပစ်ချလိုက်ပါတော့တယ် အကောင်သေးသေးနဲ့ ရုပ်ဆိုးလှတဲ့ မှင်စာ ကိုတွေ့ပြီး နှစ်ယောက်လုံးလန့်သွားတာပေါ့ သချိုင်းထဲမှာ မင်းအောင်နဲ့ကျော်မိုးထွက်ပြေးပါတော့တယ် နောက်ကလည်း မှင်စာတစ္ဆေကလည်းထပ်ကြပ်မကွာလိုက်လာတာပေါ့ နှစ်ယောက်လုံးသချိုင်းစပ်ရောက်တော့ ညိုကြီးတို့အဖွဲ့က ခပ်လှမ်းလှမ်းမှာရှိနေပါတယ် မင်းအောင်နဲ့ကျော်မိုးလည်း ဟန်မပျက် ညိုကြီးတို့အဖွဲ့ရှိတဲ့နေရာကို လမ်းလျှောက်လာတာပေါ့ဗျာ ပြသနာက ဒီလောက်နဲ့မပီးသေးပါဘူး

”ဟေ့ကောင်တွေ မင်းတို့နောက်မှာ မင်းတို့နောက်မှာ ‘ ညိုကြီးလှမ်းအော်ပေမယ့်အချိန်မပီတော့ မှင်စာတစ္ဆေလေး မင်းအောင်ကို ဝင်လုံးပါတော့တယ် သချိုင်းအစပ်မြေကြီးပေါ်မှာ မင်းအောင်နဲ့မှင်စာတစ္ဆေနပန်းတွေလုံးနေပါတော့တယ် ဘယ်သူမှလည်းဘာမှမလုပ်တက် ည်ုကြီးဘုန်းကြီးကျောငိးကိုပြေးပြီး ဆရာတော်ကိုသွားပင့်ပါတော့တယ် ဆရာတော် ရောက်လာတော့လည်း မင်းအောင်နဲ့မှင်စာ က နပန်းလုံးနေတုန်းပါပဲ ဆရာတော်လည်းဘေးကမတ်တပ်ရပ်ပြီး မေတ္တာသုတ်တွေအစပ်မပြတ်ရွတ်ဖတ်တော့မှ မှင်စာလေးလည်းဘယ်ရောက်လို့ရောက်သွားမှန်းတောင်မသိလိုက်ရပါဘူး

”ဒကာတို့ နောက်တခါ ဒီလိုမလုပ်သင့်တဲ့အလုပ်တွေကိုမလုပ်ကြတော့နဲ့” ”မှန်ပါ့ဘုရား တပညိ့တော်တို့မလုပ်တော့ပါဘူး” အားလုံးအေးအေးချမ်းချမ်းဖြစ်သွားတော့ ကျော်မိုးနဲ့ညိုကြီးတို့အဖွဲ့ မင်းအောင်ကိုထမ်းပြီးရွာထဲကိုပြန်သွားကြပါတော့တယိ မင်းအောင်ကတော့ ရွာပြန်ရောက်ပြီး ၇ ရက်လောက်ဖျားသွားတာပေါ့ မသေကောင်းမပျောက်ကောင်း ဇွတ်လုပ်ကြတာ ကံကောင်းလို့မသေကြတာ မလုပ်သင့်တာမလုပ်တာ အကောင်းဆုံးပေါ့ဗျာ မှင်စာ တစ္ဆေ သရဲ ဖုတ် ပြိတ္တာ ရွာသူ ဆိုတာ ဘုရားဟောမှာပါတော့မယုံလို့တော့မရဘူးပေါ့