ကုန်းဘောင်မင်းဆက်နောက်ဆုံးဘုရင်သီပေါ်မင်းကိုနန်းချပြီး ၁၈၈၆ ဇန်နဝါရီ (၁)ရက်နေ့မှာဝိတိုရိယဘုရင်မကြီးအတွက်နှစ်သစ်ကူးလက်ဆောင်အဖြစ်ဗမာနိုင်ငံကိုဗြိတိသျှအင်ပါယာထဲသွတ်သွင်းခဲ့တယ်။
နှစ်ပေါင်း ၁၃၀ အကြာမြန်မာပြည်မှာကုန်ဘောင်မင်းဆက်တယောက်ရှိခဲ့ဖူးတယ်။မင်းသား Edward တော်ဘုရားထွန်းအောင် ကို ၁၉၂၄ ခုနှစ် ပြင်ဦးလွင် (မေမြို့) မှာမွေးခဲ့တယ်။မင်းသား တော်ဘုရားဦးထွန်းအောင် ဟာ၁၈၈၅ ခုနှစ်မှာထီးနန်းချခံခဲ့ရတဲ့သီပေါ်မင်းဆက်ထဲကနောက်ဆုံးကျန်နေတဲ့ပုဂ္ဂိုလ်ပါ။
ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံး သက်ရှိထင်ရှားကျန်နေတဲ့မင်းဆက်အဖြစ်အသိအမှတ်ပြုပေးဖို့တော်ဘုရားဦးထွန်းအောင်ကတောင်းဆိုဖူးတယ်။မင်းသား Edward ထွန်းအောင်ဟာသီပေါ်မင်းရဲ့စတုထ္တသမီးတော်မင်းသမီးထိပ်စုဘုရား(မြတ်ဘုရားကလေး) နဲ့ ဖခမည်းတော်ဦးကိုကိုနိုင်တို့ရဲ့ဒုတိယသားတော်ဖြစ်တယ်။
ဦးထွန်းအောင်ရဲ့အကိုမင်းသား ကိုယ်တော်ကြီးနိုင်နဲ့ မင်းသမီးမြတ်ဘုရားရဲ့သမီးတော်၊မင်းသမီး ဘုရားရီတာ (Rita) နဲ့ဦးထွန်းအောင် တို့အကြောင်းပါခဲ့ပါတယ်။မောင်နှစ်မတဝမ်းကွဲခြင်းပြန်ယူထားတာဆိုပါတယ်၊
မင်းသားကိုယ်တော်ကြီးနိုင် ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရကာစ ၁၉၄၈ ခုနှစ်ပြည်တွင်းစစ်မှာသေဆုံးခဲ့တယ်။တော်ဘုရားဦးထွန်းအောင်မှာသားတော်ငါးယောက်၊သမီးတော်နှစ်ယောက်ထွန်းကားခဲ့တယ်။မဟာမျိုးမဟာနွယ်တော်ဝင်မျိုးတို့ရဲ့နာမည်တွေဟာအင်္ဂလိပ်အုပ်ချူပ်အောက်မှာဖြစ်လာလို့အခုခေတ်နဲ့ဆိုအနည်းငယ်ဆန်းပြားနေပါတယ်။
Richard တော်ဘုရားမြတ်ကြီး၊
David တော်ဘုရားမြတ်
Edward တော်ဘုရားမြတ်ငယ်
Joseph တော်ဘုရားမြတ်အေး
Paul တော်ဘုရားမြတ်သိုက်
Ann Marie စုဘုရားလေး
Rose Marie စုဘုရားနိုင်
အလောင်းဘုရားတည်ထောင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်ဟာ ၁၇၅၂ ကနေ ၁၈၈၅ အထိနှစ်ပေါင်း ၁၃၄ နှစ်ရှိခဲ့ပါတယ်။စစ်အာဏာရှင်လက်အောက်မှာ ၁၉၅၈ ကနေအခု ၂၀၂၄ ထိနှစ်ပေါင်းဘယ်လောက်ရှိပြီလဲတွက်သာကြည့်ပေတော့။