လာဘ်ရွှင်ငွေရွှင်စေသောဂမ္ဘီရနည်းအမျိုးမျိုး ရှိတဲ့အထဲမှာ ယတြာချေရုံမျှဖြင့် ငွေများဝင်လာသည် မဟုတ်သော်လည်း ကံတရားမျက်မှာသာမပေးလို့ ဝင်မည့်ငွေ ထစ် ငေါ့နေခြင်း၊ လျော့နည်းခြင်း၊ မရခြင်းများ ရှိနေလျှင်မူ ယတြာချေခြင်း ဖြင့် အနည်းနှင့်အများ ပြေလည်သွားစေနိုင်လိမ့်မည်ဖြစ်သည်။
ငွေကံကောင်းစေမည့် နည်းအမျိုးမျိုးရှိသည့်အနက်မှ အလွယ်တကူနှင့် အစွမ်းပြစေမည့် နည်းလေး ကို ကြိုးစားပြီး သဒ္ဓါတရားထက်သန်စွာဖြင့် ကိုး ရက် တိတိပြုလုပ်ပေးပါ..။
လင်ပန်းတစ်ချပ်ထဲမှာ လိမ္မော်သီး ကိုးလုံးကို မြတ်စွာဘုရားထံကပ်လှူပြီး ကိုး ရက်တိုင်တိုင် ပြုလုပ်ပေးပါ..။
