News

ကျိုက်ထီးရိုးက ပြန်လာသူတဦးရဲ့ ဖွင့်ဟဝန်ခံချက် (ကန်ထရိုက်ဆီက ပိုက်ဆံယူပြီး မှိန်းနေတဲ့ ဂေါပကကြီးတွေ သိဖို့)

ကျိုက်ထီးရိုးက ပြန်လာသူတဦးရဲ့ ဖွင့်ဟဝန်ခံချက် (ကန်ထရိုက်ဆီက ပိုက်ဆံယူပြီး မှိန်းနေတဲ့ ဂေါပကကြီးတွေ သိဖို့)

ကျိုက်ထီးရိုးကပြန်လာသူတယောက်ရဲ့ မှတ်ချက်။ နောက်ဘယ်တော့မှ ထပ်မသွားတော့ဘူး။ ဘာဖြစ်လို့တုန်း ရင်ပြင်ပေါ် မှာ ကြမ်းပြင်တွေ မတရားညစ်ပတ် နင်းထားရတဲ့ ကိုယ့်ခြေထောက်တောင် ကိုယ်ရွံ၊ စားစရာအကြွင်းအကျန်တွေ ပလားပလဲ အဲလိုညစ်ပတ်တဲ့ရင်ပြင်မှာ ဘုန်းကြီးကျောင်းတွေကငှားစားထားတဲ့ စောင်၊ခေါင်းအုံးတွေ ချခင်းပြီးလှမ်းထား၊

အိမ်သာများ မတော်မတရား ညစ်ပတ်နံစော်နေပြီး ဘုရားဝတ်ပြုတဲ့ ရင်ပြင်အထိ တကြိုင်ကြိုင် တလှိုင်လှိုင်နံစော်၊ ထမင်းစားတန်းအဆင်း လမ်းဘေးတလျောက်ရောင်းတဲ့ မနက်စာ ကောက်ညှင်းပေါင်းသည်တွေဆီမှာ ယင်ကောင်တလောင်းလောင်း၊ ထမင်းစားနေတုန်း အော်ကီးနံ့က အသော်ကေနံလို့ ငွေရှင်းပြီမစားပဲ ထားခဲ့၊

တည်းခဲ့တဲ့ဟော်တယ်မှာ ဒေါ်လာနဲ့ရှင်းရတဲ့ တပွဲ ၄၀၀၀၀ ကျော်တန်ကို အဖွဲ့သားတွေနဲ့ စုပြုံစား၊ မနက်စောစော ဘုန်းကြီးတွေ တန်းစီရပ်ခိုင်းထားပြီး ထမင်းနဲ့ဟင်းနည်းနည်းလေးစီထုပ်ထားတဲ့အထုပ်တွေကို တထုပ်တထောင် ရောင်းစားတဲ့လုပ်ငန်းကြီး မြင်ပြီး စိတ်ပျက်၊
မဆန်းတာလေး တွေက ကျိုက်ထီးရိုးတောင်ကြီးတခုလုံးကို အပိုင်စားသလို ထင်ရအောင် နေရာရှင်ကြီးတွေမြင်ခဲ့ရပြီး ကျိုက်ထီးရိုး ဘိုးဘိုးကြီးက ဘယ်သူပါလိမ့်ပေါ့။

ကန်ထရိုက်ဆွဲထားတဲ့ အလှုခံတွေရန်က ရှောင်ရ၊ တညအိပ်ပြီး ကောက်ပြန်ရ Chill မယ်လေ ဆိုမှ ချော်ကီးနံ့နဲ့ သော်ကေ အိမ်ပြန်ရောက်တဲ့အထိ ကိုယ့်ကိုယ်မှာ ချော်ကီးနံ့ နံနေသလိုလို နောက်တခါ ထပ်သွားမယ်ဆို တိတ်စမ်း