၁၉၇၇ ခုနှစ်ဝန်းကျင်ခန့်က ပြသခဲ့တဲ့ “အဖတစ်ခု သားတစ်ခု” ရုပ်ရှင်ကားဟာ ဖခင်နဲ့ သားတို့ကြားက မေတ္တာသံယာဇဉ်ချစ် ခြင်းတရားတွေကို ပုံဖော်ရိုက်ကူးထားတဲ့ နာမည်ကျော် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
“အဖေတစ်ခု သားတစ်ခု” ရုပ်ရှင်ဇာတ်ကားရိုက်တော့ ဦးအောင်ထွန်းလေးက အသက် ၈ နှစ်သာရှိပါသေးတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားက သူ့အတွက် ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အကယ်ဒမီဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါ။ အရွယ်နဲ့မလိုက်အောင် အငိုခန်းတွေ ပိုင်နိုင်ခဲ့တဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အခုလိုပဲပြောပြခဲ့ပါတယ်။
“အဓိကကတော အဲ့ဒီ့ဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာဦးနန္ဒရဲ့ သင်ပြပေးမှုတွေပါ့။ အမှန်ဆိုရင် အဲ့ဒီ့ကားတုန်းက သိပ်မငိုတတ်သေးဘူး။ နောက်ပိုင်းကားတွေမှ တကယ်ငိုတတ်တာ။ အဲဒီတုန်းကဆို လုပ်ငိုရတဲ့အပိုင်းတွေများတယ်။ ဒါပမယ့် ဒါရိုက်တာရဲ့ ကင်မရာရှုထောင့်တွေနဲ့ဆိုတော့ သိပ်မသိသာဘူး၊ အဲဒီတုန်းက ငိုရတာတွေကလည်း ဦးစိန်မြင့်က ရိုက်တော့ ကလေးဆိုတာ့ ပိုငိုတာပေါ့။
ငိုခန်းဆိုရင် အန်တီဂရေ့စ်က နောက်ကနေ ရိုက်တယ်။ ပိုပြီးတော့ အသက်ဝင်သွားတာပေါ့။ ဦးစိန်မြင့်ဆိုလည်း တံမြက်စည်းနဲ့ ရို-က်တယ်။ ဘေးကိုရိုက်တယ်ဆိုပေမယ့်လည်း နည်းနည်းပါးပါးလေးတော့ ထိတာပေါ့။ ထိတာ့လည်း ကလေးဆိုတာ့ လန့်တာပေါ့။ အဲဒီတော့ ငိုရတာပိုပြီးတော့ Mood ဝင်တာပေါ့” လို့ ဦးအောင်ထွန်းလေးက ပြောပြပါတယ်။
အကယ်ဒမီဆုကို ရရှိခဲ့တဲ့အချိန်တုန်းကတော့ ကလေးပီပီ ပျော်နေခဲ့တာဖြစ်ပြီး ဆုတက်ယူတော့ ခုံလေးခုပြီး ယူခဲ့ရတာ အမှတ်တရလို့ ဆိုပါတယ်။ ဆရာဖြစ်သူ ဒါရိုက်တာနန္ဒကလည်း ဆုများရခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ကျေးဇူးတင်စကားတွေကို အလွတ်ကျက်ခိုင်းခဲ့တာကလည်း သူ့အတွက် အမှတ်တရတစ်ခုလို့ ဆိုပါတယ်။
အသက် ၂ဝ ကျော်စအရွယ်မှာ အနုပညာအလုပ်ကို စွန့်လွှတ်ခဲ့ရတဲ့အကြာင်းရင်း အနုပညာအလုပ်တွေကို အဆုံးသတ်ခဲ့တာကတော့ ၁၉၉၃ ခုနှစ်မှာဖြစ်ပြီး အဲ့ဒီ့အချိန်မှာ သူ့အသက်ဟာ ၂၄ နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားကတော့ “ဖိုးထောင် ဖိုးမောင်” ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
အနုပညာ အလုပ်တွေ လုပ်ဖို့ အရွယ်ကောင်းနေတဲ့အချိန်မှာ ရပ်တန့် ပစ်လိုက်ရတဲ့အကြောင်းအရင်းကိုတော့ ” အလုပ်နှစ်ခု ယှဉ်လာတဲ့အခါမှာ ကိုယ်က မိဘဦးစားပေးတဲ့စိတ်ပဲ ရှိတာပါ။ အဲဒါက ပံ့ပိုးမှုပေးတယ်လို့ ပြောရမှာပေါ့။ ဒါလည်းအလုပ်ပဲဆိုတော့ ဒီအပေါ်မှာ ကိုယ်ကပိုပြီးတော့ သံယောဇဉ်ဖြစ်တယ်လို့ ပြောရမှာပေါ့။ ရွေးချယ်မှု မှန်တယ်တွေ မမှန်တယ်တွေ ပြောဖို့ကကျ အပိုပဲပေါ့။ မှန်လည်းလုပ်ရမှာပဲ၊ မမှန်လည်းလုပ်ရမှာပဲ” ဆိုပြီး သူ့ရဲ့ ရွေးချယ်မှုအပေါ် ယုံကြည်မှုရှိရှိနဲ့ ပြောပြခဲ့ပါတယ်။
ရိုးရှင်းတဲ့ဘဝမှာ ပျော်မွေ့နေသူ ဦးအာင်ထွန်းလေးဟာ အခုချိန်မှာတော့ မိဘလက်ငုတ်လက်ရင်း စီးပွားရေးဖြစ်တဲ့ ဝပ်ရှော့လုပ်ငန်းကို ဦးစီးကာ ကားဝပ်ရှာ့ဆရာတစ်ယာက်အဖြစ် ရပ်တည်နေပါတယ်။ မိဘရဲ့ ဆောက်တည်ထားတဲ့ အရင်းအနှီးပေါ်မှာ ကိုယ်ကလုပ်ရတာဆိုတာ့ သူများ ထက်ပိုပြီး အခက်အခဲသိပ်မရှိဘူး။ ဒီအလုပ်လုပ်တာ အရှုံးပေါ်တယ်ဆိုတာတော့ သိပ်မရှိဘူး။ သူ့ဟာသူ လည်ပတ်နေတာပေါ့။ ကိုယ်တွေလုပ်တာက ကိုယ်နိုင်တဲ့တနိုင်တပိုင်လေး လုပ်တာဆိုတော့ အရှုံးလည်း မကြီးဘူး။ အမြတ်လည်း မကြီးဘူး” လို့ ဦးအောင်ထွန်းလေးက ပြောပြခဲ့ပါတယ်။
ဦးအောင်ထွန်းလေးက အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး ဝပ်ရှော့အလုပ်ကိုသာ ဇောက်ချလုပ်ကိုင်လျှက်ရှိပါတယ်။ သူ့ရဲ့ ဝပ်ရှော့ကိုတော့ တာမွေမြို့နယ် ပျားရည်ကုန်းလမ်းထဲမှာ ဖွင့်လှစ်ထားပါတယ်။ ဦးအောင်ထွန်းလေးက ရုပ်ရှင်ကား စုစုပေါင်း ၃၆ ကားရိုက်ကူးခဲ့ပြီး သတ္တိခဲလေးများ၊ လိုရာဆန္ဒပြည့်ပါစေ ဆိုတဲ့ ရုပ်ရှင်တွေကလည်း အောင်မြင်ခဲ့တဲ့ ဇာတ်ကားကာင်းတွေပဲ ဖြစ်ပါတယ်။
(မှတ်ချက် ၂၀၂၂ ခုနှစ်က အင်တာဗျူးတခုမှ)