ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားတာတောင် တောင်းပန်ပြီး ဝယ်စားရတဲ့ အမြန်လမ်း ၁၀၅ မိုင် မိတ္ထီလာ ကြက်ကြော်ဆိုင် (တခါဆက်ဆံ ဆယ်ခါလန်ပါပဲ)
၁၀၅ မိုင် ကြက်ကြော်ဆိုင် မိတ္ထီလာ၊ တကယ်ကို သည်းမခံနိုင်ခဲ့လို့ ပြန်တွေးတိုင်း တရက်တိုတာမို့ တင်ဖြစ်တယ်။ ဆိုင်တော်တော်များများက အောင်မြင်လာတဲ့ ဒ-ဏ်မခံနိုင်ကြဘူး။ မိတ္ထီလာ အမြန်လမ်း ၁၀၅ ကြက်ကြော် ဆိုင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသွား အပြန်အမြဲဝင်စားနေကြ ပုံမှန် ဖောက်သည် တယောက်၊ ဘယ်ဆိုင်မှမစား အဲဒီကျမှဘဲ ထိုင်စား ပါဆယ်သယ်တာ ဆိုင်ကြီး ချဲ့ချဲ့လာ ဆားဗစ်ကတော့ အသကုန် ညံ့လာတာ။
ဒီနေ့ မန္တလေး အသွား ဝင်စားဖြစ်တယ်။ စားပွဲလွတ်တာ ထိုင်တော့ ရှေ့လူ တွေစားထားလို့ မသိမ်းရသေး၊ ခေါ်ရှင်းခိုင်းတော့ မကြားချင်ယောင်ဆောင်ထွက်သွားတာ စောင့်ပေမယ့် တယောက်မှ လာမရှင်း၊ အဲဒါနဲ့ ကောင်တာဖက်ထိသွား စားပွဲရှင်းပေးဖို့သွားခေါ်၊ တွေ့တဲ့ နှစ်ယောက် သုံးယောက် ပြောတော့လဲ မကြားချင်ယောင်ဆောင် သူတို့အချင်းချင်းဘဲ စကားပြောနေကြတာနဲ့ ကောင်တာထိ လာရှင်းပေး ဖို့ပြောတော့ လာမယ်နော် ဆိုပြီး လုံးဝကို ပေါ်မလာ။
အဲဒါနဲ့ တယောက် အတင်းခေါ်ပြီး မှာဦးမယ် စားပွဲလေး ရှင်းပေးပါအုံး ပြောတော့ စားပွဲ ပေါ်က ပန်းကန်တွေဘဲ ယူသွားပြီး စားလက်စ တစ်ရှူးတွေ စားကြွင်းစားကျန်တွေ အကုန်ချန်ထားခဲ့ပြီး ပြန်ကို ပေါ်မလာ ပုံမှာသာကြည့်၊ နောက်တယောက်ထပ်ခေါ် ရှင်းခိုင်းပြီး မှာအုံးမယ် ဆိုတော့ ကျွန်တော်က မှာလို့မရ ခေါ်ပေးမယ် ဆိုပြီး လှမ်းခေါ်ပေးတော့ အနီဝမ်းဆက် ဝမ်ထားတဲ့ ကောင်မလေးတယောက်က လှမ်းကြည့် လူလဲ မလာ ဘာမှလဲ ပြန်မပြော၊ အဲဒီ တယောက် အတော်ကို ဆိုးတာ ပြန်မပြော နားမထောင်။
နောက်ဆုံး အတော် စောင့်ပြီးမှ စားပွဲလည်း အပြီးသတ် လာရှင်း မှာလို့ ရတယ်ပေါ့။ အဲဒီကျမှ ငါးပါးတင်မက သံဃာစင်ပါမှောက်တဲ့အဖြစ်။ အမှန်က ထထွက်လာချင်တာ၊ အချိန်ကလည်း အတော်ထိုင်စောင့်ပြီးပြီ။ မန္တလေး ရောက်ဖို့ကလဲ အတော်လိုသေး၊ ကိုယ်ကလဲ ဗို-က်အောင့်တတ်တဲ့သူဆိုတော့ စိတ်အတော် လျှော့ပြီး ဆက် မှာခဲ့ရတာ။ ကိုယ်တွေက နှစ်ယောက်ဆိုတော့ ကြက်ကြော် နှစ်ပွဲ ပေါင်ယူမယ် ထမင်းဆီဆမ်း နှစ်ပွဲ၊ အသုပ်က ရာသီစာ ဘာတွေရလဲ ဆိုတော့ ဟိုမှာလေ ဘုတ်မှာ ရေးထားတယ်တဲ့။
အဲဒါနဲ့ မျှစ်သုပ်တပွဲ ရေသန့်ဘူး အေးတာ တဘူး ဆိုတော့ ကြက်ကြော်က မျှပေးရတာ တပွဲဘဲ စား တဲ့၊ တပွဲမှာ ပေါင် နှစ်ပေါင် ပါတယ်တဲ့။ အော် သိတယ်လို့ တပွဲက ပေါင်က ပိစိလေးလို့ နှစ်ယောက်လာလို့ ဟင်းနှစ်ပွဲမှာတာလေ မရဘူးလား ဆိုတော့ မရဘူးတဲ့ တပွဲဘဲစားတဲ့။ ဟင်းက ကုန်တာလား ဆိုတော့လဲ မဟုတ်ဘူးတဲ့ နောက်လူတွေ ရှိသေးတယ် တဲ့။ ဒါပေမယ့် ကျန်တဲ့ ဝိုင်းတွေကျ ရတယ်။ အဲဒါဆိုလဲ ရတာပေး ကြက်ရင်ပုံ တပွဲ၊ ပေါင်တပွဲ လုပ်ပေးလို့မရဘူးလားလို့ ကိုယ်တွေမှာ မျက်နှာချိုသွေး ရတဲ့ အဖြစ်။
အဲဒီကျမှ လုပ်ပေးလိုက်မယ်လေတဲ့။ ရေသန့်ဘူး အေးတာလေးဘဲ အရင်လာပေး မှာတာ ကျန်တဲ့ အရန်ဟင်းတွေ လာချတဲ့အချိန် ရေသန့်ဘူးနော်လို့ ထပ်ပြောတာ ဘာတခွန်းမှ ပြန်မပြောတဲ့ အပြင် လှည့်ထွက်သွားပြီး လာမပေး ပေါ်မလာ ဟင်းလာပေးတော့ နောက်ထပ် ကလေးတယောက် ဗန်းတခုလုံး အဲဒီကောင်မလေး ပြောသွားတဲ့ မရဘူး ဆိုတဲ့ ကြက်ပေါင် ကြော်တွေချည်းဘဲ။ အဲဒီကလေးကို ပေါင်က မရဘူးဆိုလို့ ဆိုတော့ အမတို့စားမှာ ယူထားလိုက်ပါ ရပါတယ် ခင်ဗျ တဲ့။
သူ ထပ်လာတော့ ပေါင်နှစ်ပွဲကြည့်ပြီး မကျေနပ်တဲ့ အကြည့်နဲ့ လှည့်ထွက်သွားတာ ရေသန့်ဘူးလို့ ပြောတာတောင် လှည့်မကြည့်၊ ကိုယ်တွေမှာ တက်ဘလက်ကိုင် အမှာ အော်ဒါ ကောက်တဲ့ သူတွေရဲ့ မျက်နှာကြည့်ပြီး ဒါမစားနဲ့ ဒါစားဆိုပြီး အလကားစားတာလဲ မဟုတ် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားပြီး ပြန်မပြော နားမထောင် အဖတ်မလုပ်တဲ့ ဆိုင်မှာ ပိုက်ဆံ ပေး စားခဲ့ရတယ်။
ပိုက်ဆံ ရှင်းဖို့လဲ အတော်ကို ခေါ်ယူခဲ့ရတာ၊ ကိုယ်တွေတင် အဆင်မပြေတာ ထင်တာ ကိုယ်တွေထက် အရင်ရောက်တဲ့ ဝိုင်း ကိုယ်တွေ စားတဲ့ထိ သူတို့ဝိုင်း ဘာမှ မရောက် ကိုယ်တွေဝိုင်း ကို လှည့်တကြည့်ကြည့် ထမင်း တနပ် စားဖို့ ကိုယ့် ပိုက်ဆံနဲ့ကိုယ် ပေးပြီး အလို စားခဲ့ရလိမ့်မယ်လို့ တခါမှ မတွေးခဲ့မိဘူး။ (စားကြမယ် ချက်ကြမယ် ဂရုတွင် တင်ထားသော ပို့စ်နဲ့ ဓာတ်ပုံများကို ပြန်လည် ဖော်ပြပါသည်)