News

ထိုင်းရောက်နေတဲ့ မြန်မာ့ရုပ်ရှင်ရုံထိုင်ခုံတွေ နောက်ကွယ်က လူမသိသေးတဲ့ အကြောင်းရင်း

ထိုင်းရောက်နေတဲ့ မြန်မာ့ရုပ်ရှင်ရုံထိုင်ခုံတွေ နောက်ကွယ်က လူမသိသေးတဲ့ အကြောင်းရင်း

လတ်တလော လူမှုကွန်ရက်မှာ လူပြောများနေတဲ့ အကြောင်းအရာကတော့ ထိုင်းနိုင်ငံရဲ့ ဆိုင်တခုမှာ တွေ့ရတဲ့ မြန်မာ့ရုပ်ရှင်ရုံ ထိုင်ခုံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ခေတ်ဟောင်းပုံစံပြင်ဆင်ထားတဲ့ ဆိုင်မှာ မြန်မာစာရေးထားတဲ့ သစ်သားခုံတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ထိုင်းကို လူတွေတင် သာမက ခုံတွေပါ ရောက်လာကြတဲ့လို့ နောက်ပြောင်နေကြပါတယ်။ခုံမှာရေးထားတဲ့ အောင် စီးနီးမား (အောင် ရုပ်ရှင်ရုံ) ဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ တည်ရှိခဲ့ပြီး ရုပ်ရှင်မပြဘဲ နှစ်ပေါင်း များစွာ ကြာအောင် ပိတ်ထားခဲ့တဲ့ ရုပ်ရှင်ရုံ ဖြစ်ပါတယ်။ အဲဒီနောက် တရုံလုံးကို ရောင်းချခဲ့ပြီး အဲဒီကနေ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အောင် ရုပ်ရှင်ရုံကို ၁၉၅၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ နှစ်ပေါင်း ၇၀ နီးပါးကြာမြင့်နေပြီ ဖြစ်သော်လည်း ပျဉ်းကတိုးသား ထိုင်ခုံတွေကတော့ ယခုထက်ထိ ကောင်းမွန်နေဆဲပဲ ဖြစ်ပါတယ်။

တန်ဖိုးသိမှ တန်ဖိုးရှိမယ် ဆိုတဲ့ စကားအတိုင်း ရွှေမြန်မာတွေ မသိနားမလည်ဘဲ စွန့်ပစ်ထားတဲ့ ပစ္စည်းတွေကို ခွန်ထိုင်းတွေက ပြန်လည်အသုံးဝင်အောင် ပြုလုပ်ထားပုံကတော့ လေးစားအတုယူဖွယ်ရာပါပဲ။