News

ပြည်ပထွက်ခွာမယ့် မြန်မာလူငယ်တွေ မဖြစ်မနေ သိထားရမယ့် လေဆိပ်လဝက လတ်တလော အခြေအနေ (ကိုယ်တွေ့ပါ၊ လုံးဝ မလွယ်ကူတော့ပါဘူး)

ပြည်ပထွက်ခွာမယ့် မြန်မာလူငယ်တွေ မဖြစ်မနေ သိထားရမယ့် လေဆိပ်လဝက လတ်တလော အခြေအနေ (ကိုယ်တွေ့ပါ၊ လုံးဝ မလွယ်ကူတော့ပါဘူး)

မနေ့က ကျွန်တော်ကိုယ်တိုင် လေဆိပ်မှ ခရီးစဉ် reject ထိခံရပြီး ပြန်ခဲ့ရတဲ့အတွေ့အကြုံလေးနဲ့ လေဆိပ်မှာ တကယ် ဆောင်ရန် ရှောင်ရန်ကို ရေးပေးလိုက်ပါတယ်။ နောက်လူတွေအတွက် အထောက်အကူဖြစ်အောင်ပါ။ အဓိက သူတို့က ပတ်စ်ပို့ စာအုပ်အသစ်နဲ့ တစ်ခါမှ မထွက်ရသေးတဲ့ သူတွေကတော့ တော်တော်ကို အဆင်မပြေတာပါ။

ကျွန်တော်အဟောင်းစာအုပ် မှာ ထွက်ထားတာတွေ တွဲပြတာတောင် စဦးဆုံး သူတို့ မေးတာက ဘယ်သွားမှာလဲ၊ ဘာသွားလုပ်မှာလဲ၊ ဘယ်လောက်ကြာမှာလဲ၊ ဟိုတယ် ငွေချေထားတာပြ၊ လေယာဉ် လက်မှတ် အသွားအပြန်ပြ ၊ ရှိုးမန်းနီးပြ။ အလည်သွားမယ်။ ရှော့ပင်း ထွက်မယ်။ အွန်လိုင်းရှော့ လုပ်တော့ ပစ္စည်းအနဲငယ်သွားဝယ်မယ် သေချာပြန်ပြောတယ် သူတို့ပြောတဲ့ဟာ အကုန် အစုံပြတယ် အကုန်ပါတယ် တစ်ခုမှရစ်လို့ မရအောင် အကုန်အစုံထည့်သွားတာ။

ပြသာနာက အခုမှ စပါပြီ။ မင်း ဖုန်းပြ မင်း အွန်လိုင်းဈေးရောင်း လုပ်နေရင် မင်းပေ့ပြ ဖုန်းကို ယူစစ်ပါပြီ။ ဖုန်းထဲကို အကုန် မွှေတာပါ။ ကျွန်တော့် ပေ့ကိုပြလိုက်ပါတယ်။ တခါတည်း ဖိုတို အယ်လ်ဘမ်ထဲကိုသွားပြီး ဓါတ်ပုံတွေ အရင်ကြည့်ပါတယ်။ အဲ့မှာ ကျွန်တော် စားဖိုမှူး သင်တန်းတက်ထားတဲ့ပုံ ကို မင်း ဒါဘာလုပ်ဖို့တက်တာလဲတဲ့ ဝါသနာပါလို့လေ လို့ပြန်ဖြေလိုက်တယ် သူတို့ စပြီး ရစ်ပါပြီ အဲ့မှာ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ စကားပြောထားတဲ့ အသေးစိပ်ကို တစ်ခုချင်းဆီဖတ်တာပါ။

မက်ဆင်ဂျာ၊ ဝပ်စ်အပ်၊ ဗိုင်ပါ၊ တယ်လီဂရမ် ပြောလို့ရတဲ့ ချန်နယ်တွေအကုန် အသေးစိပ်ကို ဖတ်တာပါ။ကျွန်တော်က တော့ ဖုန်းကိုယူစစ်တယ်ဆိုတဲ့ အင်ဖော်မေးရှင်းက လုံးဝကို မသိထားတော့ ဘော်ဒါတွေနဲ့ ပြောထားတဲ့ ဟာတွေ လုံးဝကို မဖျက်ထားမိတာပါ။ အဲ့မှာ မက်ဆင်ဂျာက ဘော်ဒါတစ်ယောက်နဲ့ ပြောထားတဲ့ စာတွေ တွေ့ပြီး ကျွန်တော်ကို ကွယ်ပြီး သူတို့ ဖုန်းနဲ့ ကျွန်တော့် ဖုန်းထဲက စာတွေကို ပုံရိုက်လိုက်ပါတယ်။ ကျွန်တော့်ကို ဖုန်းပြန်ပေးပြီး လက်မှတ်ကို စပြီး ခြစ်ချလိုက်ပါတယ်။ ဘ

ားမှ ရှင်းပြလို့ မရတာပါ ဘာကြောင့်လဲ ဆိုတာကိုလဲ သူတို့က မေးလဲ မပြောပါဘူး။ မင်းပြန်တော့ အထုပ် ပြန်ထုတ်ပြီး ပြန်တော့ဆိုတာပဲ ပြောတယ်။ ကျွန်တော်တို့ ဘားမှ ရှင်းပြပိုင်ခွင့်ကို မရှိတာပါ။ ကျွန်တော်ကတော့ ပြောလို့မရလဲ တောက်လျောက်ကို လိုက်ပြောနေတာပါ ဒါပေမဲ့ ဘာစကားတစ်ခွန်းမှကို နားမထောင်ပါဘူး။

ဆိုတော့ အဓိက အကြောင်းရင်းက ဖုန်းပါ။ တနိုင်ငံကနေ နောက်တနိုင်ငံကူးမဲ့သူတွေအတွက် ဖုန်းထဲက စာတွေ၊ အေးဂျင့်နဲ့ ပြောထားတာတွေ သူငယ်ချင်းတွေနဲ့ ပြောထားတာတွေ အကုန်ကုန်ဖျက်ပါ။ နောက်တနိုင်ငံအလုပ်အတွက် သင်တန်းတွေတက်ထားတဲ့ပုံတွေ ရှိရင်လဲ ဖျက်ပါ။ ကျွန်တော့်နောက်က မိန်းကလေးဆို နောက်ဆုံးသွားခါနီး မိသားစုနဲ့ အမှတ်တရ ပုံရိုက်တာတို့ မိဘကို ကန်တော့နေတဲ့ ပုံတွေကို ရစ်နေတာပါ။

ဘားမှ မရပါဘူး သူတို့သိထားတာ အလည်သွားမဲ့သူတွေက ဘာလို့ အဲ့ဒါတွေရိုက် တာလဲ သင်တန်းတွေတက်တာလဲ ဆိုတဲ့ အတွေး အခေါ်ပဲရှိပါတယ်။ဆိုတော့ အကုန်ဖျက်ပါ။ ဖျက်ဆိုလို့ ချက် ထားတဲ့စာတွေ အကုန်ဖျက်လို့လဲ မယုံပါဘူး ဆိုတော့ အဓိက သွားလည်တဲ့ပုံပေါက်ဖို့ တယောက်ယောက်နဲ့ တစ်ပတ်နှစ်ပတ်လောက် ဒီတိုင်းအလည်အထာအမျိုးလေးပြောထားဖို့လိုပါတယ်။ အဲဒီလောက်တောင်လားဆို ဟုတ်ပါတယ် အဲဒီလောက်တောင်ပါ။ မျက်ခွက်ပြောင်နေတာမဟုတ်ပါဘူး တကယ်လက်တွေ့မှာ အပီအပြင်ရစ်တာပါ။ကျွန်တော့်ကို ရစ်နေချိန် နောက်မှာ လဝက ဖြတ်ဖို့ လာတဲ့ တယောက်ပြီး တယောက်ကို အကြောင်းအရာ မေးပြီးတာနဲ့ ဖုန်းကောက်စစ်တာပါပဲ။

ဖုန်းထဲ တခုခုတွေ့တာနဲ့ လက်မှတ်ခြစ်ချလိုက်တာပါ။ ကျွန်တော့်ကို ရစ်နေချိန်နောက်မှာ ၄ ယောက်လောက်ရှိပါတယ်။ ရစ်နေတာပါ ကျိန်းသေပါတယ် ခဏနေတော့ လှည့်ပြန်ခဲ့ရပါတယ် သူတို့တွေလဲ။ ဒီစာက အလည်တကယ်သွားမဲ့ သူတွေ အတွက် မဟုတ်ပါဘူး။ တနိုင်ငံ ကနေ နောက်တနိုင်ငံကူးမဲ့ သူတွေ အတွက် အထောက်အကူပြုမယ်ထင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။