Knowledge

ပုတီးစိပ်ရာဝယ် ဆောင်ရန် ရှောင်ရန်

၇ရက်သားသမီးများအတွက် ပြောချင်တာလေးတွေ ရှိပါတယ်..။ တစ်ချို့တွေက အဓိဌာန်ပုတီးစိပ်ကြတယ်.. အောင်မြင်တဲ့သူလည်းရှိသလို ၊ ပျက်သွားတာတွေလည်းရှိပါတယ်..။ ဒါကြောင့် ပုတီးစိတ်တဲ့အချိန်မှာ အဖျက်ဝင်တယ်လို့လည်းခေါ်တတ်ကြပါတယ်.. အချို့သောသူတွေမှာ ပုတီးတော့ စိပ်ပြီး အဓိဌာန်တော့ ဖြစ်မြောက်ပါရဲ့ မအောင်မြင်တာတွေ အခြေအနေတွေ ထူးတာမရှိတာမျိုးလေးတွေ ကြုံတတ်ကြပါတယ်..

ကံတရား အကြောင်းအထောက်အပံ့တွေ ရရှိနိုင်ဖို့ အတွက်..ဘုရားပူဇော်ဖို့ (သို့) စိတ်ပုတီးလေးတွေစိပ်မယ်ဆိုရင် နေ့နံကိုက်လေးတွေ ဆောင်ထားပြီး ကုသိုလ်တရားပွားများနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်..

တနင်္ဂနွေ – အုန်းသား (သို့) အင်သား ဖြင့်ပြုလုပ်ထားသောပုတီးဖြင့် စိပ်ပါ။

တနင်္လာ – ကုက္ကို (သို့) ကံ့ကော်သားဖြင့်ပြုလုပ်ထားသောပုတီးဖြင့် စိပ်ပါ။

အင်္ဂါ – ဇီး (သို့) သြဇာသားဖြင့်ပြုလုပ်ထားသေားပုတီးဖြင့် စိပ်ပါ။

ဗုဒ္ဓဟူး – ဝါးသားဖြင့်ပြုလုပ်ထားသေားပုတီးဖြင့် စိပ်ပါ။

ကြာသပတေး – စိန်ပန်း သို့ ပေါက်သားဖြင့်ပြုလုပ်ထားသောပုတီးဖြင့် စိပ်ပါ။

သောကြာ – သီဟိုဌ်သားဖြင့်ပြုလုပ်ထားသောပုတီးဖြင့် စိပ်ပါ။

စနေ – ပိတောက် (သို့) ဒန်းသားဖြင့်ပြုလုပ်ထားသောပုတီးဖြင့် စိပ်ပါ။

ရာဟု- ရဲယိုသားဖြင့် ပြုလုပ်ထားသေားပုတီးဖြင့် စိပ်ပါ။

လုပ်ငန်းအဆင်ပြေဖို့ ငွေးကြေးပြေလည်စေဖို့ ကံအထောက်အပံ့ရယူပြီး ၇ရက်သားသမီးများ စီးပွားလာဘ်လာဘ တိုးတက်ပါစေ..။