ရွှေဆိုင်ပိုင်ရှင်အားသေနတ်နှင့်ပစ်ခတ် ပြီးရွှေထည်ပစ္စည်းများလုယက်မှု ဖြစ်ပွား
မကွေး၂၀၂၄နိုဝင်ဘာ(၂၈)
မကွေးတိုင်းဒေသကြီး မကွေးမြို့ သုခိတာလမ်းအနောက်ဘက် မဲထီးလမ်းတိုဆိုင်တန်းလျားရှိရွှေဆိုင်တွင်ဆိုင်ပိုင်ရှင်အား သေနတ်ဖြင့်ပစ်ခတ်၍ယနေ့နိုဝင်ဘာ(၂၈)ရက်နေ့လည်ပိုင်းက ရွှေထည်ပစ္စည်းများလုယက်မှု ဖြစ်ပွားခဲ့ကြောင်းသက်ဆိုင်ရာမှသိရ သည်။
အဆိုပါ ရွှေဆိုင်သို့ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာပြီးရွှေထည် ပစ္စည်းများထုတ်ပေးရန်ပြောဆိုကာ ရွှေထည်ပစ္စည်းများထားရှိသည့် ကောင်တာမှန်အားတူနှင့်ရိုက်ခွဲပြီး ဆိုင်ရှင်အားသေနတ်နှင့်ပစ်ခတ်၍ ရွှေထည်ပစ္စည်းများလုယက်ကာ ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေး သွားကြောင်းသိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင်၏ ဝဲဘက်လည်ပင်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့်မကွေးမြို့ ပြည်သူဆေးရုံကြီးတွင်တက်ရောက် ဆေးကုသလျက်ရှိကြောင်းသိရသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍နယ်မြေခံရဲတပ် ဖွဲ့မှပြစ်မှုကျူးလွန်ထွက်ပြေးသူနှစ်ဦး အားဖမ်းဆီးရမိရေးအတွက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။