News

ဘယ်သူ့ဆီကမှ အလှူမခံဖူးဘူးလို့ တော်လှန်ရေးဆိုတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ အဆိုတော် R ဇာနည်ရဲ့ ဇနီး ဝမ်း (အမေရိကန်မှာ ကားမောင်း ပစ္စည်းလိုက်ပို့‌ပြီး ရိုးသားစွာ နေထိုင်နေတဲ့ R ဇာနည် မိသားစု)

ဘယ်တုန်းကမှ ဘယ်သူ့ဆီကမှ အလှူမခံဖူးဘူးလို့ တော်လှန်ရေးဆိုတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ အဆိုတော် R ဇာနည်ရဲ့ ဇနီး ဝမ်း (အမေရိကန်မှာ ကားမောင်း ပစ္စည်းလိုက်ပို့‌ပြီး ရိုးသားစွာ နေထိုင်နေတဲ့ R ဇာနည် မိသားစု)

အော် အံဩပါရဲ့ အဆိုတော် သီချင်းဆိုတာ ဘာဆန်းလို့လဲ ဟိုအရင်ထဲကလည်း ဆိုတယ် အခုလဲဆိုတယ်။ ကိုယ့်ဝမ်းစာ အတွက်လည်း ဆိုတယ်။ အများအကျိုးအတွက်လည်း ဆိုတယ်။ ဘာမှမရှိခင်ထဲက ကိုယ်ဆိုလို့ရတဲ့ ငွေကြေးထဲက ဆယ်ဖို့ တဖို့ကိုလည်း အားပေးတဲ့ ပရိတ်သတ်အတွက် ရည်ရွယ်ပြီး လှူဖို့ အမြဲချန်ထားပြီး လိုအပ်တဲ့နေရာတွေမှာအမြဲလှူတယ်။

ဟိုးအရင်ကလည်း လှူတယ်။ အခုလည်း လှူတယ်။ ပိုရှာနိုင်ရင် ပိုလှူတယ် ဘာဖြစ်လို့လဲ။ အခုလိုအခြေအနေမှာလည်း သီချင်းလည်းဆိုတယ် ကားမောင်းပြီး ပစ္စည်းလည်း လိုက်ပို့တယ်။ စားစရာ တွေလည်း လိုက်ပို့တယ်။ အဲဒါဘာဆန်းလဲ။ ဟိုးအရင်ထဲကလည်း ဘယ်သူကိုမှလည်း အလှူမခံခဲ့ဖူးခဲ့သလို အခုလည်း ဘယ်သူကိုမှ အလှူမခံပါဘူး။ ကိုယ်ရှိတာ ကိုယ်နိုင်တာကိုဘဲ အမြဲလှူပါတယ်။

ပြောတာမယုံရင် အွန်လိုင်း ပေါ် မှာ ပြန်ရှာကြည့်လို့ရပါတယ် ဝမ်းတို့မိသားစုက ခိုးချောင်ခိုးဝှက် နေလာခဲ့တဲ့မိသားစု မဟုတ်တော့ ဝမ်းတို့အကြောင်း ကြိုက်တဲ့နေရာမှာ ကြိုက်သလိုရှာကြည့်လို့ရပါတယ်။ တနည်းအားဖြင့် ဘယ်လိုနေထိုင်လာခဲ့လဲ ဆိုတဲ့ သမိုင်း ကိုပါရှာကြည့်ကြပါ။ အားယားယား လာတို-က်ခို-က်မနေနဲ့ ငါတို့အားမနေဘူး။