ဗေဒင်ပညာရပ်ရဲ့ ခေါင်းကိုင်ဖခင် လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကိုင်ရိုဟာ ကမ္ဘာအနှံ့ပတ်ကာ ဗေဒင်ပညာရပ်ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ဖော်ဆောင်ခဲ့တဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်ပဲဖြစ်ပါတယ်
ကိုင်ရိုဟာ ကမ္ဘာအနှံ့ပတ်ရင်း သတ္တမမြောက် အပ်ဝက်ဘုရင် ဘယ်လ်ဂျီယံဘုရင် ရုရှားမှဇာဘုရင် ဗိုလ်ချုပ်ကြီး လော့ဒ်ကစ်ချင်နား အီတလီဘုရင် ဟင်းဘတ် နန်းရင်းဝန်ဂလက်စတုံ ကမ္ဘာကျော် သူလျှိုမ မာတာဟာရီ အမေရီကန်မင်းသားဂျိမ်းစ်ဟဲကပ် တို့အပြင် အခြားသော နာမည်ကြီးများနဲ့လဲတွေ့ဆုံခဲ့ကာဗေဒင်ပညာရဲ့ လျှို့၀ှက်ဆန်းကျယ်မှုကို ပြသခဲ့ပြီး ကိုင်ရိုသည် ကမ္ဘာတွင်ဖြစ်ပျက်လာမည့် အရာများကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ရာ မှန်ကန်သဖြင့် အလွန်မှပင် ထင်ရှားကျော်ကြားသူတစ်ယောက် အဖြစ်ယနေ့ထိတိုင် လေးစားဂုဏ်ပြုနေရဆဲ ဖြစ်ပါတယ် …..
ဒါ့အပြင်ကိုင်ရိုဟာ ဟာ မြန်မာနိုငံအတွက်လဲ ဟောကိန်းထုတ်ခဲ့ပါသေးတယ်
တစ်ခါက အမေရိကန်သံအမတ်ကြီးတစ်ဦးဟာ ပထမကမ္ဘာစစ်အပြီးတွင် အမေရိကန်ရဲ့အခြေအနေကိုသိလိုသဖြင့်မေးမြန်းရာ နောက်အနှစ်၂၀ လောက်ကြရင် နောက်ထပ်ကမ္ဘာစစ်ကြီး ဖြစ်ဦးမယ်။ ဒီထက်ပိုကြီးမားမယ် ။လူတွေသေကြလိမ့်မယ် ။အဲဒီစစ်ပြီးရင် ခင်ဗျားတို့ အမေရိကန်ဟာ၂၁ရာစု လောက်ထိ စူပါ ပါဝါနိုင်ငံ ဖြစ်လိမ့်မယ်ဆိုပြီးဖြေကြားကာ တစ်လတ်စတည်း စူပါလူသားတစ်ဦးလည်းပေါ်ပေါက်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါသေးတယ်
ထိုလူသားဟာဘားမား(မြန်မာ) နိုင်ငံမှာပေါ်ပေါက်ကာ ၂၁ ရာစု အလယ် (၂၀၅၀) လောက်ရောက် ရင် အဲဒီလူသားဟာ ဘားမား နိုင်ငံရဲ့ သမ္မတဖြစ်လာလိမ့်မယ် သူသမ္မတဖြစ်ရင် ဘားမားဟာ ဘုန်းမီးတောက်လိမ့်မယ် …။အရမ်းကို တိုးတက်ချမ်းသာကြွယ်ဝလာမယ်။ စက်မှုလက်မှု စီးပွားရေး စစ်ရေး ပညာရေး အပြင် တခြားသောအရာတွေပါ ကမ္ဘာ့ထိပ်တန်း ဖြစ်လာမယ် …။
သူ့အုပ်ချုပ်တဲ့ ဘားမားပြည်ဟာ ပညာတတ်တွေ လူတော်တွေ အများကြီး ပေါ်ထွက်လာဦးမယ်။ အဖိုးတန် ကျောက်မျက်ရတနာ တွေ အလျှံအပယ်ထွက်လာမယ် …။သူကိုးကွယ်တဲ့ ဘာသာတရား(ဗုဒ္ဓဘာသာ)ကိုလည်း ကမ္ဘာအနှံ ဖြန့်ချီလိမ့်မယ်။ နောက်ဆုံး တစ်ကမ္ဘာလုံး ကပ်ဘေး စစ်ဘေး အငတ်ဘေးတွေပြင်းထန်စွာ ခံစားခဲ့ရလို့ လူသားအားလုံးအမှောင်ဖုံး ကြောက်လန့် နေချိန်မှာ သူကိုးကွယ်တဲ့ ဘာသာတရားနဲ့ ထိတွေ့ခံစားစေပြီး လူသားတွေကို အေးချမ်းစေလိမ့်မယ်။လွတ်မြောက်စေလိမ့်မယ်။
ကမ္ဘာ့လူသားအားလုံးဟာ အဲဒီဘာသာတရားရဲ့ စစ်မှန်မှု့ကို လက်တွေ့ကျင့်သုံးပြီး အဲဒီလူသားကို လေးစားလာကြလိမ့်မယ်။ထိုလူသား၏ပြောစကားများကိုလည်း တစ်မ္ဘာလုံးကလူတွေ လက်ခံ နားထောင်ကြလိမ့်မယ် …။နောက်ပိုင်း တစ်ကမ္ဘာလုံးဟာ ဗုဒ္ဓဘာသာ(ထေရဝါဒ)ဖြစ်လာလိမ့်မယ်။ ဘားမားဟာလည်း ဗုဒ္ဓဘာသာနိုင်ငံများ အားလုံးရဲ့ ခေါင်းဆောင်နိုင်ငံဖြစ်လိမ့်မယ် …။
ကမ္ဘာ့လူသားအားလုံး ဘာမားကို သွားရောက်လေ့လာကြလိမ့်မယ်။ နိုင်ငံရေးမှာ အမေရိကန်က စူပါပါဝါ ဖြစ်ရင် ဘားမားက ဘာသာရေးမှာ စူပါပါဝါ ခေါင်းဆောင်ဖြစ်လာမယ် …။အဲဒီ စစ်မှန်တဲ့ တရားတွေကနေပြီး ကမ္ဘာကြီးမှာ စစ်ဘေး ကပ်ဘေး အငတ်ဘေးတွေ ကင်းစင်သွားမယ် …။ကင်းစင်ပြီးရင် သဘာဝတရားကြီးတွေ ပြန်လည်ကောင်းမွန်လာမယ်။သစ်တောသစ်ပင် မြစ်ရေ စမ်းချောင်း ပြန်လည် ကောင်းမွန်လာမယ်။ ရာသီဥတု ကောင်းမွန်မှန်ကန်လာမယ်။ ကမ္ဘာကြီး အေးချမ်းလာမယ် …။ကမ္ဘာ့လူသားတွေဟာ မေတ္တာဓာတ်ကြီးမားလာမယ်။ ထိုလူသားမှာ လက်နက်တခုပါလိမ့်မယ်။ ကမ္ဘာပေါ်ရှိလက်နက်အားလုံးကို နိဂုံးချုပ်နိုင်တယ်။(မေတ္တာလက်နက်) ဆိုပြီးဟောကိန်းထုတ်ခဲ့တာပဲဖြစ်ပါတယ်
လက်ရှိအခြေအနေတွေနဲ့ယှဉ်ကြည့်ရင် ကိုင်ရိုရဲ့ဟောကိန်းတွေအရ ဒုတိယ ကမ္ဘာစစ်ဖြစ်မည်ဆိုတဲ့ဟောကိန်းရော အမေရိကန်ပြည်ထောင်စု ကမ္ဘာ့ထိပ်တန်းဖြစ်လာရမယ်ဆိုတဲ့ဟောကိန်းရောဟာမှန်ကန်နေပြီး မြန်မာပြည်ကြီးအတွက်ဟောကိန်းလည်း အမှန်လက်တွေ့ဖြစ်လာပါစေလို့ ဆုတောင်းရင်း သာယာချမ်းမြေ့သောဘ၀တွေကိုပိုင်ဆိုင်ကြပါစေလို့ထပ်မံဆုတောင်းပေးလိုက်ပါတယ်။