Horror Story

သူ့နေရာ ကိုယ့်နေရာ(တစ္ဆေသရဲဇာတ်လမ်း)

” ထွန်းခင် မြန်မြန်လျှောက်စမ်းကွာ၊ ဟိုက ပွဲထွက်နေပြီ ” ” ဟာ အကိုမြဒင်ကလည်း ဒီထက်မြန်ချင်လည်း ဖင်..ဂျက်သာတပ်ပေးတော့ဗျာ ၊ တကတဲ..သူတို့ဘာသာ အရက်ဝင်သောက်လို့နောက်ကျ နေသာကို ” ” ဟားဟား ဟားဟား …အေးပါကွာ ” ရှေ့ကသွားနေတဲ့ ၁၆နှစ်သား လူပျိုပေါက် ထွန်းခင်ကို ရိုးလမ်းလေးပေါ်မှာ တန်းစီလျှောက်နေကြတဲ့ မြဒင်တို့ ကာလ သားကြီးများက နှေးသည်ဟုဆိုကာ စနေကြခြင်းဖြစ်၏။ လက်နှိပ်ဓာတ်မီးတဝင်းဝင်းနဲ့ ကန်သင်ရိုးပေါ်မှ သူတို့ငါး ယောက်သည် တဖက်ရွာမှ ဇာတ်ပွဲကြည့်ရန် သွားနေခြင်းဖြစ် သည်။ ပွဲကြည့်ရန် ညနေစောစောကတည်းက လူစုကာ ထွက် ခဲ့ကြပေမဲ့ မြဒင်တို့ ကာလသားကြီးများက အရက်ဝင်သောက် နေ၍ ယ္ခုလို နောက်ကျ သွားခြင်းဖြစ်သည်။

ထွန်းခင်ကလွဲရင် ကျန်သည့် မြဒင်၊အေးငွေ၊တာတီးနှင့်တော်ကျော်တို့မှာ မူးနေကြ ပြီဖြစ်သည်။ထွန်းခင် က တော့ လုံးဝမသောက်ပေ။ ထွန်းခင်တို့ လေးပင်စုရွာနှင့် ယ္ခုပွဲကသည့် နှောကုန်းရွာ မှာ လယ်များနှင့် သင်္ချိုင်းသာ ခြားသည်။ ထိုသချုႋင်းမှာ လေးပင်စု ရော နှောကုန်းပါ အသုံးပြုသည့်သင်္ချိုင်းဖြစ်၍ အနည်းငယ် ကျယ်ပြန့်လေသည် ။ ရိုးပြတ်လေးကျော်တော့ သီချင်းတကျော် ကျော်အော်လာသည့် တာတီးက .. “မြဒင် ရှေ့ဆို သင်င်္ချိုင်းကုန်းရောက်ပြီဟ၊ ငါ ဗိုက်ထဲက ရစ်လာ သဟေ့ ဝိတ်လျော့အုံးမယ်လကွာ ” မြဒင်က ” ဘာလဲ တာတီး၊ မင်း..သရဲတွေဖင်လှန်ပြမလို့လား ” ကျန်တဲ့သူများက တဟားဟားနဲ့ရယ်မောကြလေသည်။

ရွာ၂ရွာ ကြား အရေးကြုံလာရင် ဖြတ်သွားနေကျ သင်္ချိုင်းမို့ သူတို့အဖို့ မကြောက်ကြပါ။လူကလည်း၅ယောက်၊အရက်ကလည်းမူးမို့ မကြောက်ကြခြင်းဖြစ်သည်။ သင်္ချိုင်းစပ်သို့ရောက်သောအခါ တာတီးက မြေပုံတွေ ကြားပြေးကာ အလေးစွန့်ရန် ဖင်ထိုင်လိုက်၏။ လလည်းသာ သည်မို့ သင်္ချိုင်းအတွင်းက မြေပုံမို့မို့များ၊အုတ်ဂူများမှာ တိတ် ဆိတ်ငြိမ်သက်စွာ လှဲလျောင်းနေကြ၏။ မြေကြွက်ကြီးများအချို့ တော့ အပုတ်အသိုးများစားရန် တနေရာမှတနေရာကူးနေကြ၏ မြေအောင်းပုယစ်နှင့်ပုဇင်းအချို့၏အသံများက ညကို အသံဖြင့်လွှမ်းထားသည်။ အရွက်ကျဲပါးနေသည့် လက်ပံပင်အို ကြီး၏ အကိုင်းအဖျားများက လရောင်အောင်တွင် လက်တံရှည် ကြီးများကားထားသည့် တစ္ဆေကြီးတစ်ကောင်သဖွယ် မားမား ကြီးရပ်နေ၏။

သုသာန်၏ဇရပ်အမိုးသွပ်ပြားတို့ပေါ်မှ သစ်ကိုင်း တချို့လေတိုက်၍လှုပ်ခတ်သည့်အခါ ဂျလစ် ဂျစ် ဂျစ် ဟူသော အသံကြီးက သရဲတစ်ကောင် အစာတောင်းရင်းဒေါသထွက်နေ သလိုပင်။ မြဒင်တို့လူစုက မူးနေ၍ မကြောက်ပေမဲ့ ထွန်းခင် ခမျာတော့ ပါးစပ်မှ သံဗုဒ္ဓေဂါထာတော်ကို အကြိမ်ကြိမ်ရွတ် ဖတ်နေရှာသည်။ မြဒင်က ထွန်းခင် ကြောက်နေပုံကိုကြည့်ကာ တခွိခွိနှင့် သဘောကျနေသည်။ မြဒင်က ကျန်သည့်တောကျော် နှင့် အေးငွေကို မျက်စိမှိတ်ပြကာ အုတ်ဂူတွေကြားအပေါ့စွန့်ရန် ဝင်သွား၏။ ထွန်းခင်က ကျန်ခဲ့သည့် တော်ကျော်နှင့်အေးငွေ ကြားဝင်ကာ အေးငွေ၏ပုဆိုးစကိုဆွဲထား၏။ပြီးတော့.မြဒင်ကို လှမ်းအော်သေးသည်။

“မြန်မြန်လုပ်ကြပါဗျ ..ခင်ဗျားတို့ဗျာ သချုႋင်းများ အပန်းဖြေထွက် လာသယ်မှတ်တယ်..တကတည်း ..ဘယ်နှယ့်လူတွေပါလိမ့် ” မြဒင်ကတော့ တဟားဟားဖြင့်သဘောကျကာ၊အုတ်ဂူတစ်ခု အပေါ်တက်ကာ ခြေကားယားလက်ကားယားဖြင့် ကပြကာ ” ကဲ..အပျိုတစ္ဆေ ၊တခုလပ်တစ္ဆေ ၊ မုဆိုးမတစ္ဆေတို့ရေ.. ကျုပ် အပေါ့စွန့်မလို့..မျက်စိသာမှိတ်ထားကြပေရော့ဗျို့ .” “ဟားဟားဟား.. ” မြဒင်သည် မူးမူးရူးရူး ဖြင့် လရောင်အောက်တွင် အုတ်ဂူ တစ်ခုပေါ်မှ မတ်တတ်ရပ်ကာ အရှက်မဲ့စွာ သေးတဗျန်းဗျန်း ပန်းချလေသည်။အရိုအသေလည်းမပြုပေ။ရွာဓလေ့အရ အပေါ့ စွန့်သည့်အခါ တခြားဒေသဖြစ်ပါက ကန်တော့ ကန်တော့ဟု တောင်းပန်ရသည်။ ထိုစဉ်ခဏအတွင်း မြဒင်အနီးသို့ ဖြူဖြူကြီး အရိပ်သဏ္ဍာန်တစ်ခုသည် နီးကပ်သွားသည်ဟု ထွန်းခင်မျက် လုံးထဲ မြင်တွေ့လိုက်သည်။

ထွန်းခင်က အံဩဟန်ဖြင့်လက်ညှိုး ထိုးကာ တော်ကျော်နှင့်အေးငွေကိုပြသည်။ ” ဟာ ! ဟိုမယ်..ဟိုမယ်..ကိုကြီးမြဒင်နားမှာ ဖြူဖြူကြီး ” ထွန်းခင်အော်သံမှ မဆုံးသေးထို ဖြူဖြူကြီးက မြဒင်ကို အုတ်ဂူပေါ်မှ တွန်းချလိုက်သည်။မြဒင်သည် ခြေကားယား လက်ကားယားဖြင့် အောက်သို့ပြုတ်ကျသွား၏။ကံကောင်းသည် ဟုဆိုရမည်။မြဒင်ကျသည့်မြေမှာ မြေဇာပွပွကြီးဖြစ်နေ၏။ တော်ကျော်နှင့်အေးငွေသည် မြဒင်ကျရာသို့ပြေးသွားကြသည်။ နောက်ကနေ..ထွန်းခင်ပါ ပြေးလိုက်လာ၏။ မြဒင်က လူးလဲထလာသည်။ပြီးတော့ ဒေါသတကြီးဖြင့်.. ” ဟေ့..ဘယ်ကောင်လည်းကွ ၊ မြဒင်ကို တွန်းချတာ၊သတ္တိရှိရင် လာစမ်းပါ ..မြဒင်က တစ္ဆေလည်းနပမ်းလုံးရဲတယ်ဟေ့ ” တောကျော်က ”

ဟာ ..မြဒင်ရာ..မင်းဟာမင်း အရှိန်မထိမ်းနိုင် ပဲ ပြုတ်ကျတာပါကွ ၊ ဘာမှမရှိပါဘူး ” အေးငွေကလည်း..” အေးလကွာ..မင်းက သေးပေါက်ရင်း ကနေတာကိုး..ပြုတ်ကျမပေါ့..လခွမ်းပဲ ” မြဒင်က ဇဝေဇဝါဖြစ်သွားသည်။သို့ပေမဲ့ အတွန်းချခံရသည်ကို မြင်ရသော ထွန်းခင်က ” ဟုတ်သယ် ကိုကြီးသာဒင်..အတွန်းချခံရတာ..ကျုပ်မြင်တယ် ဖြူဖြူကြီးဗျ ဘာလဲတော့မသိဘူး၊ ကျုပ် ကြောက်လာပြီဗျာ သွားရအောင်..ကိုတောကျော်” မြဒင်က ” အော်..ဒီလိုလား ၊ မြဒင်နဲ့တော့တွေ့ပီပေါ့ကွာ.၊အေးငွေနဲ့တောကျော် ..ငါလုပ်သလို လိုက်လုပ်စမ်း..” မြဒင်က ထိုသို့ပြောပြီး အနီးရှိမြေပုံမှ မှတ်တိုင်များကို ခြေဖြင့် ကန်ကျောက်ခြင်း လက်ဖြင့်ဆွဲနုတ်ခြင်း ၊ ဆွဲနုတ်ရသည့် မှတ်တိုင်များနှင့် အုတ်ဂူများကို တဖြောင်းဖြောင်း ရိုက်နှက် ဖျက်ဆီးလေသည်။

တောကျောနှင့်အေးငွေကလည်း မြဒင်ခိုင်း သည့်အတိုင်း ဖျက်ဆီးကြသည်။ သူတို့သည် မူးမူးနှင့် ထင်ရာစိုင်းနေကြခြင်းဖြစ်သည်။ ထွန်းခင်ကတော့ ကတုန်ကရီ ဖြင့် မလုပ်ကြရန်အော်ဟစ်တောင်းပန်နေရှာသည်။ ထိုစဉ် ဗိုက်နာလို့ အလေးစွန့်လာသည့်တာတီးပြန်ရောက် လာသည်။ တာတီးက လေးတိလေးကန်ဖြင့် သူတို့အနား ရောက်လာခြင်းဖြစ်သည်။ ပြီးတော့ တာတီးမျက်လုံးများသည် လရောင်အောင်တွင် နီရဲနေသရောင်ရှိသည်။ တာတီးခေါင်းမှာ လည်း တချက်တချက် အကြောဆွဲနေသလို ခါ ခါ.သွား၏။ တာတီးက သူတို့အနားရောက်တော့..ရီပြသည်။ ” ဟီးဟီး. ဟီးဟီး.. ဟားဟား…ဟားဟား ” တာတီးအသံမဟုတ်ပဲ အကြောင်းမဲ့ရယ်ပြနေသော ထိုအသံကြီးသည် သချုႋင်းထဲတွင် ခြောက်ခြားဖွယ် ထွက်ပေါ် လာသည်။

ခုနက သရဲနှင့်နပမ်းလုံးမည်ဆိုသည့် မြဒင်သည် တာတီးမျက်နှာကိုကြည့်ကာ နောက်သို့တွန့်ဆုတ် တွန့်ဆုတ် ဖြင့်ဆုတ်သွား၏။တောကျောနှင့်အေးငွေနောက်မှ ထွန်းခင်လဲ အကြောက်လွန်ကာ နောက်သို့လှည့်ပြေးလေတော့သည်။ ကျန်နေသည့် တောကျော်နှင့်အေးငွေက တာတီးကို ကြည့်ကာ လာပြောင်နေသည်ဟု အောင့်မေ့၍ လက်သွက် သော တောကျော်က တာတီးမျက်နှာကို ဖျောင်းကနဲ့ တချက် ပြေးရိုက်လိုက်သည်။ တာတီးသည် တောကျော်၏လက်သံပြင်း ပြင်းကြောင့် လဲကျသွားသည်။တောကျော်က.. ” တောက်! ကမျင်းမသား ဒီမှာမှ ပြသနာတက်နေပါတယ်ဆို လာပြောင်နေသေးတယ် ..” လဲကျနေသော တာတီးသည် ဆန့်ဆန့်ကြီးပြန်ထလာ၏။

ပြီးတော့ အရိပ်ပမာ လျှင်မြန်စွာ တောကျော်၏ရှေ့သို့ရောက် လာသည်။အေးငွေ က အံဩမှင်သက်နေ၏။မြဒင်က ပြူးး ကြောင်ကြောင်နှင့် တာတီးကိုကြည့်နေမိသည်။ တာတီးက တောကျော၏အင်္ကျီကော်လံစမှ စုဆွဲကာ အပေါ်သို့မြှောက်လိုက်သည်။ တောကျော် လေပေါ် အရုပ်လေး လိုပါသွားသည်။ သရဲပူးကပ်နေသည့် တာတီးက သူ၏ခေါင်းကို ခန္ဓာကိုယ်မှ..တပတ်လည်ပြလိုက်သည်။ ” ဂျလွတ်..ဂျွတ်..ဂျွတ် ” ထိုအခါမှ တောကျော် ငယ်သံပါအောင်အော်တော့သည်။ ” ဟာ! သရဲ..သရဲ..အေးငွေ ငါ့ကို ကယ်ပါဦးဟ ” အေးငွေက.သူ့လက်ထဲကိုင်ထားသည့် သစ်သားမှတ်တိုင်ဖြင့် တာတီးကို ပြေးရိုက်သည်။ ” ဖြောင်း ! ခွမ်း ! ” သစ်သားချောင်းသာကျိုးသွားသည်။တာတီးက ဘာမှမဖြစ်ပဲ တောကျော်ကို လွင့်ပစ်လိုက်သည်။

တောကျော်သည် ခပ်ဝေး ဝေးမှ အုတ်ဂူနှင့်ခေါင်းတိုက်ကာ သွေးများဖြာကျလာသည်။ အေးငွေက သူ့လက်ထဲက သစ်သားချောင်းအကျိုးကို ကိုင်ကာ ကြောင်နေသည်။ ဇက်ကျိုးနေသော တာတီးက အေးငွေ၏ သစ်သားချောင်းအကျိူးကို ဆွဲယူကာ ခွျှန်နေသည့်ဘက်နှင့် အေးငွေ၏ မျက်နှာကို ထိုးလိုက်ရာ သစ်သားအချွန်ကြီးသည် ခေါင်းထဲစိုက်ဝင်သွား၏။သွားပြီ..အေးငွေ.ဆန့်ငင် ဆန့်ငင် ဖြင့် အကြောဆွဲကာ အသက်ထွက်သွားသည်။ နောက်ဆုံးကျန်နေသော မြဒင်သည် သူ့သူငယ်ချင်း များ၏ အဖြစ်ဆိုးများကိုကြည့်ကာ အကြောက်လွန်၍ ကြောင် ငေးနေရှာသည်။ သို့သော် သရဲပူးနေသည့် တာတီးက သူ့ဘက် ကို လှည့်လာသည့်အခါ မြဒင်သည် လက်ထဲမှာ မှတ်တိုင်ကို ချကာ ပြေးလေ၏။

တာတီးက..ပြေးသွားသည့် မြဒင်နောက်သို့ မလိုက်ပဲ..ရယ်မောလိုက်သည်။ ” ဟီးဟီး. ဟားဟား ဟား..ဟီးဟီးဟီး ” ကြောက်မက်ဖွယ်ရယ်သံကြီးသည် သချုႋင်းကုန်းအား ဖုံးလွှမ်း သွားလေသည်။မြဒင်သည် နောက်သို့လှည့်မကြည့်ပဲ ဒရော သောပါးထွက်ပြေးလာရာ..ဘယ်ရောက်လို့ရောက်မှန်းမသိ ချောင်းတစ်ခုဘေးရောက်လာသသည်။ သူအံဩသွားသည်။ သူတို့ရွာအနီး ဤကဲ့သို့ချောင်းမျိုးတခါမှမရှိပါဘူးလို့ တွေးမိ၏။ ထိုစဉ် သူ၏အနောက်နားမှ ချိုးချိုးခြွတ်ခြွတ်အသံကြား၍ နောက်သို့လှည့်ကြည့်ရာ တကိုယ်လုံးအမွှေးအမှင်များထူထပ် ကာ ခေါင်းကြီးကြီးနှင့် ပိန်ပိန်ရှည်ရှည် သရဲကြီးတစ်ကောင် သည် သူ့အား နီရဲသောမျက်လုံးများဖြင့် စားမတတ်ဝါးမတတ် ကြည့်နေလေသည်ကို တွေ့ကာ မြဒင် ချောင်းထဲဆင်းပြေးလေ သည်။

ချောင်းထဲရောက်သောအခါ မြဒင် ရေးကူး၍တဖက်ကမ်း သို့ ကူးခပ်လေ၏။ မြဒင် ဘယ်လောက်ပဲ အချိန်ကြာအောင် ကူးခပ်သော်လည်း ချောင်း၏တဖက်ကမ်းသို့မရောက်ပဲရှိ နေသည်။ ကြာတော့ မြဒင် ခြေကုန်လက်ပန်းကျကာ ခေါင်းက ရေထဲမြုပ်ချည်ပေါ်ချည်ဖြင့် အသက်ရှုမွန်းကြပ်ကာ ရေထဲ ခေါင်းစိုက်သွားသည် ။မြဒင်တစ်ယောက် ရေနစ်၍ သေလေပြီ။ ကြောက်လန့်၍ ရွာသို့အပြေးပြန်လာသော ထွန်းခင်နှင့် အတူ ရွာက လူကြီးလူငယ်များနှင့် ရွာကျောင်းဆရာတော်တို့ သည် မြဒင်တို့ကို အချိန်မှီကယ်တင်ရန် ညတွင်းချင်း ရွာပြင်က သချုႋင်းကို လိုက်လာကြသည်။ လက်နှိပ်ဓာတ်မီးများ မီးတုတ်များအလင်းရောင်ဖြင့် ပထမဦးဆုံးတွေ့ရသူမှာ မြဒင်ပင်ဖြစ်သည်။ မြဒင်ကား..လယ်ကန်သင်ရိုးထဲရှိ ရေနုတ်မြောင်းလေးထဲတွင် ခေါင်းစိုက်ကာသေနေပြီးဖြစ်သည်။ ကလေးတယောက်ပင် ရေမမြုပ်နိုင်သော ရေနုတ်မြောင်းလေးထဲတွင် ကားယားကြီး ခေါင်းစိုက်ကာသေနေခြင်းဖြစ်သည်။

နောက်တစ်ယောက်ကတော့ ခေါင်းကို သစ်သားချွန် စိုက်ဝင်ကာ ဦနှောက်များပြန့်ကျဲနေသည့် အေးငွေဖြစ်သည်၊။ သူနှင့်မလှမ်းမကမ်းက အုတ်ဂူတွင် ဦခေါင်းနှင့်မျက်နှာ ပေါ်သွေးများကြည့်မကောင်းအောင်စိုရွှဲပြီးသေနေသည့် တောကျောဖြစ်သည်။ နောက်ဆုံးတွေ့ရသည့် အလောင်းကတော့ ခေါင်းနှင့် ခန္ဓာကိုယ် ပြောင်းပြန်ဖြစ်နေသည့် တာတီးအလောင်းပင်ဖြစ် သည်။ တာတီးသည်မှောက်ခုံကြီးလဲနေသော်လည်း မျက်နှာ ကကျောဘက်သို့လှည့်ကာသေနေခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ဤသချုႋင်းအတွင်းသို့ မည်သူမျှ ညအချိန် မဖြတ်ရဲတော့ပေ။ သချုႋင်းကို အရင်ကစောင့်သည့် သရဲများမှာ လူစားလဲထားခဲ့သည်ဟုဆိုရမည်။ တပြည်တရွာမှ အကြောင်းမသိပဲ ဖြတ်သွားသောလူစိမ်း ဧည့်သည်တို့သည် တိုသချုႋင်းဇရပ်ပေါ် သို့မဟုတ် အုတ်ဂူများ ပေါ်တွင်..သစ်သားချွန်စိုက်ဝင်နေသောသူ၊ ရေစိုရွဲနေသောသူ ဇက်ကျိုးနေသောသူ ၊မျက်မှာနှာမပါသောသူ စသည့်လေးယောက်ကို ခဏ ခဏ တွေ့ရတတ်သည်ဟု ဆိုကြ၏။