ဒီတစ်ခေါက်မှာ ၇ ရက်သားသမီးများအတွက် နမိတ်နဲ့ပက်သက်တဲ့အကြောင်းလေးတွေကိုပြောပြပေးပါမယ်….
အိမ်ထဲမှာမထင်မှတ်တဲ့ အပြုအမူလေး တွေကနေ အန္တရယ် ရောက်နိုင်တဲ့ ကိစ္စရပ်လေးတွေ ဖြစ်တတ်ပါတယ်….ဒါကြောင့် ဘယ်လို နမိတ်နဲ့ပက်သက်ပြီး တင်ပေးလိုက်ပါတယ်…
အိမ်ထဲမှာ ထီးမလှန်းပါ နဲ့ ။ အိမ်စောင့်နတ် မျက်တတ်ပါတယ်။
နာရီအကွဲအပျက်ချိတ်မထားပါနဲ့။ ရုတ်တရက်မြည်လျှင် သေနမိတ်ဖြစ်ပါတယ်။
ပန်းအိုး ၊ အလှပန်းအိုးထိုးရာတွင် ပန်းအဖြူ ။ ပန်းအနီ ရောမထိုးပါနဲ့ မ တော်တဆ ခိုက်ရန် ဖြစ်ပွားတတ်ပါတယ်။
နံရံကို ဆေး အစိမ်းရောင်မသုတ်ပါနဲ့.. ရုတ်တရက် အဆိပ်မိတာမျိုးဖြစ်တတ်ပါတယ်။
အိမ်ထဲမှာ ပုဆိန် ၊ ပေါက်တူး ၊ ရဲတင်း..စတာတွေ မထားရပါ၊ အိမ်သားတွေ မကြာခဏခိုက်ရန်ဖြစ်တတ်ပါတယ်..
အိမ်ခြံ၀င်းထဲမှာ ငရုတ်ပင် မစိုက်ပါနဲ့.. အိမ်သားတွေ အပူ အပင်များတတ်ပါတယ်..
ကဲ ဒီအချက်လေးတွေကိုတော.သတိပြုပြီး အေးချမ်းသာယာနိုင်ပါစေ