News

နွားနို့မှာ ရေရောရုံတင် အားမရလို့ ဒီဇယ်ဆီမှာပါ ရေရောနေကြတဲ့ ရွှေပြည်ကြီးက ထူးဆန်းအံ့ဩဖွယ်ရာ အဖြစ်

အရင်က နွားနို့ထဲ ရေရောတာပဲ ကြားဖူးတာပါ။ အခုတော့ ဒီဇယ်ဆီတွေထဲမှာပါ ရေရောကုန်ကြပါပြီ။ စက်သုံးဆီ ဈေးနှုန်း အလွန်မြင့်တက်လာမှုကြောင့် ရှားပါးမှုတွေ ဖြစ်ပေါ်လာပြီး ယခုကဲ့သို့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာလို့ သိရပါတယ်။

သွားလာရေး ခက်ခဲတဲ့ တောင်ပေါ်ဒေသတွေကို ရောင်းချပေးတဲ့ ဒီဇယ်တွေမှာ ရေရောထားတာလို့ သိရပါတယ်။ ဒီဇယ်ဆီ တပီပါမှာ ရေ ၂ ပုံးလောက် အနည်းဆုံး ရောထားကြောင်းလည်း သိရပါတယ်။ ရေပါတဲ့ ဒီဇယ်ဆီကို သုံးမိပါက အင်ဂျင်ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ရေပါတဲ့ ဒီဇယ်ဆီတွေကို ရေစ-စ်ပြီးမှ ပြန်သုံးရတာကြောင့် ဝယ်ယူသူတွေ အခက်အခဲ ဖြစ်နေကြပါတယ်။ မသိဘဲ သုံးမိရင်တော့ စက်နဲ့ ကားတွေအတွက်ကတော့ မတွေးဝံ့စရာပါဘဲ။

စက်သုံးဆီ ဝယ်လို့ ရနေတာတောင် ထီပေါက်သလို ကံကောင်းတယ်လို့ မှတ်ယူရတဲ့ ရွှေပြည်ကြီးမှာ ဒီဇယ်ဆီထဲ ရေပါလာလည်း ဘယ်သူ့မှ ကွန်ပလိန်း မတက်နိုင်ကြတဲ့ အခြေအနေ ဖြစ်နေပါပြီ။

ရေရောလို့ မရတဲ့ ဒီဇယ်မှာတောင် ရေပါနေမှတော့ နောက်ဆို ဘယ်နေရာတွေမှာ ရေရောမလဲဆိုတာကို တွေးရင်း ကြောက်နေရပြီ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။