ဆင်မလိုက်စျေးမှာ ဝက်သားဒိုင်စျေးရှိတယ်ဆိုလို့ သွားဝယ်တာ အရင် ၁၇ လမ်း သံစျေးမှာဝယ်နေကျ ဝက်ဂုတ်သား ၃၃၀၀၀ စျေးနဲ့ဝယ်ခဲ့ပါတယ်။ ဒီနေ့တော့ ရွှေပိတောက်ငါးစျေးမှာ ငါးဖယ်ငါးနဲ့ ကက္ကတစ်တွေ လတ်ဆတ်ပြီး ပေါချက်ပဲ။ ဆိုင်တိုင်းလိုလို ပစ္စည်း ရှိတယ်။
ငါးဖယ် – ၈၀၀၀ (၃ ပိသာခြစ်ရင် ၁ ပိဿာထွက်ပါတယ်)၊ ကက္ကတစ် – ၁၄၀၀၀၊ ဒီခေတ်ကုန်စျေးနှုန်းနဲ့ ဘာဝယ်ရမလဲမသိရင် ရွှေပိတောက်ငါးစျေးသွားပါ။
ငါးဘဲဖြူ၊ ငါးသလဲထိုး၊ ငါးနှပ်၊ ငါးဆားနယ်၊ ငါးဗျက် ပိသာလုံးမှ ပေါပေါလေးတွေရပါတယ်။ ၁ ပိဿာမှ ၃ ၄ ထောင်ကနေ ၇၀၀၀ ၈၀၀၀ ဆို ငါးအမျိုးအစားအတော်လေးရတာမို့ ၁ပတ်စာ ဟင်းစား ခေါင်းစားနေရင် အဆင်ပြေပါစေပါတယ်။
ငါးစျေးပြီးရင် သီရိမင်္ဂလာစျေးထဲ အသီးအရွက်ဝယ်လို့ရပါတယ်။ ခရမ်းချဉ်သီး အလုံးကြီး – ၈၀၀၀ ၊ ဂေါ်ဖီ – ၂၀၀၀၊ ရှမ်းပန်း – ၃၀၀၀၊ ပိန်းဥ ၁ ပိဿာ – ၇၀၀၀၊ ခရမ်းသီး ၁ ပိဿာ – ၃၀၀၀၊ ရုံးပတီ အတောင့် ၃၀၀ ၁ ဆွဲ – ၆၀၀၀ ၊
ဂေါ်ရခါးသီး – ၄၅၀၊ ပဲပြား ၁တွဲ – ၇၀၀၊ မုန်လာဥနီ ၁ ပိဿာ – ၅၀၀၀၊ ဘူးသီးလုံးကြီး – ၃၅၀၀၊ နံနံပင် ၁ပိဿာ – ၅၀၀၀၊ ချဉ်ပေါင် – ၂၅၀၊ မုန်ညှင်းစိမ်း – ၂၅၀။ (Naung Thet May)