ရွှေပြည်သာမြိုနယ်မှ ကိုးတန်းကျောင်းသားတစ်ဦးအား ဖမ်းဆီးပြီး တရားစွဲ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိင်ရဲ့ပုံနဲ့ နိုင်ငံတော်ရဲ့ အလံတော်အား ဖိနပ်မှာကပ်ပြီး မိုက်ရိုင်း ဆဲဆိုခဲ့သော ရန်ကုန်တိုင်း ရွှေပြည်သာမြိုနယ် ၊
အ.ထ.က ( ၂ ) Grade – 9 B ခန်းမှ ကိုးတန်းကျောင်းသား အခန်းခေါင်းဆောင် မောင်ဖြိုးမြတ်အောင်အား ရွှေပြည်သာမြိုနယ်တာဝန်ရှိ ပုဂ္ဂိုလ်များမှ စစ်ဆေးရန်အတွက်ဆိုပြီး နာရီပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရှိရပါတယ်။
ဆက်လက်ပြီးတော့ ကိုးတန်းကျောင်းသား မောင်ဖြိုးမြတ်အောင်အား ၅၀၅ (က) ဖြင့် သက်ဆိုင်ရာ တရားရုံးမှာ စွဲချက်တင် အမှုဖွင့်သွားမယ်ဖြစ်ကြောင်း ထပ်မံသိရှိရပါတယ်။
ယခုဖြစ်စဥ်နှင့် စပ်လျဥ်း၍ နောတ်နောင် ယင်းကဲ့သိုအဖြစ်မျိုးမဖြစ်ပွားစေရန် မိဘ၊ဆရာများက စောင့်ကြည့် တင်းကြပ်သင့်ပါသည် မြန်မာနိုင်ငံရှိ မိဘများသည် မိမိတို၏ အရွယ်မရောက်သေးသော သားသမီးကလေးငယ်များအား နိုင်ငံရေးမှိင်းတိုက်နေကြသောကြောင့် ယခုကဲ့သိုသော အဖြစ်မျိုး ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်
သိုဖြစ်ပါသောကြောင့် နိုင်ငံရေးသမားများအနေဖြင့် မိမိယုံကြည်ရာ မိမိလုပ်ပြီး ပြည်သူများ၏ သားသမီး မြေးမြစ်များအား နိုင်ငံရေးလမ်ကြောင်းပေါ်သို ဆွဲမခေါ်သင့်ပါ