News

ရန်ကုန်မှာ ၂၀၁၆ ကနေ ၂၀၁၉ အထိ လူငယ်ဘဝနဲ့ ဖြတ်သန်းဖူးခဲ့တဲ့သူတွေ လုံးဝပြန်မရတော့မယ့် လွမ်းစရာ အတွေ့အကြုံများ

တခြားတော့မသိပေမယ့် ရန်ကုန်မှာ ၂၀၁၆ လောက်ကနေ ၂၀၁၉ အထိ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းဖူးတယ်ဆိုရင် ဒါတော်တော်ကံကောင်းတဲ့ လူစာရင်းထဲ ပါတယ်လို့ ပြောလို့ရတယ်။ အဲဒီအချိန်တွေတုန်းက အိမ်ပြန်နောက်ကျလို့ စိတ်ပူရတယ်ဆိုတာ အမေဆူမှာ၊ အဖေဆော်မှာ ကြောက်တဲ့စိတ်လေးပဲရှိတာ။

အခုလို လမ်းမှာလူပြတ်မှာစိုးလို့၊ ပစ္စည်းရ-ိုက်လ-ုခံရမှာ ကြောက်လို့၊ တို့‌ေ-ဆးမိမှာကြောက်လို့၊ တက်စီတယောက်တည်း စီးရမှာကြောက်လို့ ဘာဆို ဘာမှခေါင်းထဲ ပူစရာမလိုဘူး။ ခေတ်ကောင်းသလို လူတွေလည်း ကောင်းခဲ့ပြီးတော့ ဘယ်သွားသွား စိတ်လုံခြုံမှုလေး ရှိနေခဲ့တာတော့ အမှန်ပဲ။ အဲ့တုန်းကတော့ မသိခဲ့ဘူးပေါ့။ အခုလို အပြင်တစ်ခါထွက်တိုင်း ပူပင်စရာတွေ ထည့်ထည့်တွေးနေရတော့မှ ‌‌ဪအရင်က တော်တော်ပေါ့ပါးခဲ့တာပါလား ဆိုပြီးသိတာ။

အရင်တုန်းကဆို လမ်းသွားရင်း လွယ်အိတ်ဇစ်ပွင့်နေရင်တောင် ပစ္စည်းနှို-က်သွားဖို့ မပြောနဲ့ လက်တို့ပြီး နောက်မှာ ဇစ်ပွင့်နေတယ်နော်လို့ ပြောသွားပေးကြတာ။ တချို့ဆို ပိတ်တောင်ပိတ်ပေးသွားသေး။ ဖုန်းဘေမရှိဘူးလား အေးဆေး လမ်းမှာတွေ့တဲ့လူကို ဖုန်းလေး တစ်ကောလ်လောက်ဆို အကုန်လုံး ကြည်ကြည်ဖြူဖြူပေးဆက်တာ မယုံသလိုလိုနဲ့ အနားကကပ်စောင့်နေတာမျိုးလည်းမရှိဘူး အေးဆေးပြောပါ ဆိုတာချည်းပဲ။ ကိုယ်က အမြဲဘေကုန်နေကြလူဆိုတော့ မကြာခဏ ငှားဆက်ဖူးလို့ သိတာ။

အဲ့ခေတ်က ဘက်စ်ကားပေါ်မှာ ဖုန်းပါသွားတယ် ဆိုတာလည်း ကံတော်တော်ညံ့နေတဲ့လူမလို့ လို့ ပြောရမယ် အခုများတော့ ဖုန်းပျောက်တာ trend တစ်ခုလိုပဲ။ အဓိက ပြောချင်တာက အဲ့ခေတ်တွေက ဆယ်ကျော်သက်တွေအတွက် ရွှေရောင်နေ့ရက်တွေဆိုတာပဲ။ လက်ထဲ ပိုက်ဆံ ၃ သောင်းလောက် ရှိရင်ကို ကောင်းကောင်း သုံးဖြုန်းနိုင်ပြီးတော့ ဘယ်သွားသွား YBS လေးနဲ့ သာသာယာယာပဲ။ ခုလည်း YBS စီးလို့ရတာပဲဆိုပေမယ့် ငါ့နားကပ်လာတာ ခါ-းပို-က်နှို-က်များလားဟဲ့ ဆိုပြီးတော့ စိတ်ပူစရာတော့ မလိုဘူးပေါ့။

ပိုက်ဆံနည်းနည်းလေးနဲ့ လှလှလေး ဝတ်နိုင်တယ်၊ ကောင်းကောင်းသွားနိုင်တယ်၊ ကောင်းကောင်းစားနိုင်တယ် ပြီးတော့‌ ကောင်းကောင်းပျော်နိုင်တယ်။ မြို့က လုံခြုံနေတော့ night out ထွက်ရတာလည်း တကယ်အနှစ်ပဲ။ အခုများတော့ အဲ့အချိန်တွေက ပုံပြင်တွေလိုပဲ။ အရင်က ဘော်ဒါတွေနဲ့ တစ်လတစ်ခါလောက် စုံဖို့ကို မက်စင်ဂျာမှာ တစ်ဂွမ်ဂွမ် စာတွေပို့ပြီး အားလုံးအားမယ့်ရက် ညှိရတာကို ခက်ခဲလှပြီထင်ခဲ့တာ အခု တလတခါ မပြောနဲ့ တနှစ်တခါတောင် လူစုံဖို့ မဖြစ်နိုင်တော့ဘူး။ အဲ့အချိန်က ပျော်ရွှင်မှုတွေလည်း အခုမရှိတော့ဘူး၊

အဲ့အချိန်က လူတချို့လည်း အခုမရှိတော့ဘူး။ဘယ်လိုပဲဖြစ်ဖြစ် ဆယ်ကျော်သက်အရွယ်မှာ ပျော်အောင်လုပ်ပေးတဲ့ ရန်ကုန်မြို့ကြီးရော လူတချို့ကိုရော အများကြီးကျေးဇူးတင်ပြီး အမြဲတမ်း သတိရပါတယ်။ တကယ် အဲ့ကာလတွေမှာ တရက်လောက်ပဲဖြစ်ဖြစ် ဆယ်ကျော်သက်အနေနဲ့ ပြန်ဖြတ်သန်းဖို့ အသ-က်တဝက်နဲ့ လဲဆိုရင်တောင် တကယ်လဲနိုင်တယ်ဆိုတာ အပိုပြောတာမဟုတ်ဘူး ယုံ။