ယနေ့ တခု သတိထားမိလိုက်တယ်။ ကားပေါ် ဖုန်းအနှိုက်ခံရတယ်ဆိုတာ များသောအားဖြင့် အတက်အဆင်းမှာ အနှိုက်ခံရတာ များပါတယ်။ လူကြပ်ချိန် အတက်မှာ ထိုင်ခုံမရမှာစိုးလို့ လုတက်တဲ့အချိန်၊ ဖုန်းကို လက်နဲ့ ကိုင်ထားတာ မဟုတ်ပဲ ဘောင်းဘီအိတ်ထဲ ထည့်ထားတယ်ဆို လူတိုးရင်းနဲ့ နှိုက်တာပါ။
ဒီနေ့ဆို နံနက် ၉ နာရီခွဲအချိန် YBS 72 ကားပေါ် ကျောက်မြောင်းမှတ်တိုင်မှ ဆူးလေးသွားတဲ့ ကားပေါ်အတက် လူများတဲ့အတွက်ကြောင့်မို့ ရှေ့က လူဆီနောက်က လိုက်တိုးတက်တဲ့ လူက နှိုက်တာ တွေ့ပါတယ်။
သူဝတ်ထားတဲ့ ဘောင်းဘီက ကြပ်တဲ့အတွက်ကြောင့်ရယ် ၊ ကျွန်တော်က အဲ့လူကို သတိပေးချင်ဇောနဲ့ ဘောင်းဘီကို နောက်ကနေ ဆွဲလိုက်တယ်။ သူလည်း သတိရသွားတယ်ထင်ပါတယ် ဘောင်းဘီအိတ်ကို သူ့လက်ထည့်လိုက်ပြီး ဖိထားလိုက်တာ တွေ့တယ်။
နှိုက်တဲ့သူက ဖုန်းကို ဘောင်းဘီအိတ်ကဆွဲတာ မအောင်မြင်သွားပါဘူး။ သူက တစ်ယောက်တည်း ထင်ရပေမဲ့ ၅ ယောက်တောင် ရှိပါတယ်။ အောင်မင်္ဂလာမှတ်တိုင်မှာ ပြန်ဆင်းသွားကြတယ်။ YBS ပေါ်တက်တဲ့အခါ ဖုန်းကို လက်နဲ့ ကိုင်ထားတာ အကောင်းဆုံးပါ။
ကားပေါ်မှာလည်း လက်နဲ့ ကိုင်ထားသင့်ပါတယ်။ သူတို့ ခါးအဖွဲ့က အုပ်စုလိုက်ပါ။ ယောင်္ကျားရော မိန်းမရော တွဲပြီး အဖွဲ့လိုက် လှုပ်ရှားကြတာပါ။ အရွယ်ကောင်း အသက် ၂၀ ကျော်လေးတွေ ကျောပိုးအိတ်ကို ရှေ့ကလွယ်ထားပြီး နှိုက်ကြတာပါ။ သတိထားကြပါ။