News

အတာသင်္ကြန် ဆိုတာမြန်မာပိုင်ဖြစ်‌ကြောင်း ထိုင်းပိုင်မဟုက်ကြောင်း ယူနက်စကိုကိုသက်သေပြနိုင်ခဲ့ပါပြီ

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်း (World Intangible Cultural Heritage) ထဲကို ထည့်သွင်းပေးဖို့ ယူနက်စကိုကို လျှောက်ထားခဲ့ကြရာမှာ အခုတော့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း အဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။

မြန်မာနှစ်ကူး သင်္ကြန်မတိုင်ခင် ထိုင်းရဲ့ ရေကစား ပွဲတော် ဆုန်ကရန်ကတော့ ယူနက်စကို အသိအမှတ်ပြု စာရင်းမှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ပါဝင်ထားပြီးဖြစ်ပါတယ်။

ဟုတ်ပါတယ်။ မြန်မာတို့ရဲ့ နှစ်ကူးမင်္ဂလာ “အတာသင်္ကြန်” ပွဲတော်ကို Intangible Cultural Heritage အဖြစ် UNESCO က အသိမှတ်ပြု စာရင်းသွင်းလိုက်ပါပြီ။

ထိုင်းက နှာတဖျားသာသွားပေမယ့် ခုတော့ နောက်ကောက်ချလိုက်နိုင်ပြီလို့ ပြောလို့ရတယ်။ ဒီလောက်မြန်မြန်နဲ့ ရသွားတာ တင်သွင်းဆောင်ရွက်တဲ့အဖွဲ့ကတော့ အရင် ပျူမြို့တွေတုန်းက ဦးစီးဦးဆောင် လုပ်ခဲ့တဲ့ ဒုဝန်ကြီးဟောင်း ဒေါ်စန္ဒာခင်တို့ အဖွဲ့ဖြစ်ပါတယ်။

Myanmar Cultural Heritage အဖွဲ့ ပါ။ အဲ့ဒီအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ အကျဉ်းထဲ အကြပ်ထဲကနေ ရအောင်လုပ်သွားတဲ့ အတွက်ပါ။