ဆရာတော်ကြီးသည် ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး၊ သင်္ခါရတရားတို့၏ အပေါ်၌ အနိစ္စ ဟူ၍လည်းကောင်း၊ ဒုက္ခ ဟူ၍လည်းကောင်း၊ အနတ္တ ဟူ၍လည်းကောင်း ရှုမှတ်ပွားများပြီး အာနာပါန ထွက်လေ ဝင်လေကို ရှုမှတ်စေသည်။ ဝင်လေ ထွက်လေကို ရှုမှတ်ပြီးသောအခါ ဂုဏ်တော်များကို ရှုမှတ်ပွားများစေသည်။
ဆရာတော်ဘုရားကြီး၏ ဂျုံးဂျုံးကျတောရ ဝိပဿနာရိပ်သာစခန်း၌ လောကီကိစ္စနှင့်ဆက်၍ လုပ်ဆောင်ခြင်း မရှိဘဲ လောကီအဂ္ဂိရတ်ကိစ္စ၌ ကျွမ်းကျင်ကြောင်းကို စိတ္တဂဏ္ဍိကျမ်းတွင် ဖော်ပြထားသည် ကိုတွေ့ရှိရသည်။
ဆရာတော်ဘုရားကြီးသည် အေဒီ ၁၉၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်၊ တနင်္လာနေ့မှ စတင်၍ ဝေဒနာ ကပ်ရောက်လာခဲ့လေသည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးသည် အေဒီ ၁၉၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်(၁၂၈၅ ခုနှစ်၊ ပြာသိုလဆန်း ၄ရက်) ဗုဒ္ဓဟူးနေ့တွင် တပည့်တို့အား “ဆရာ၏ ခန္ဓာကိုယ်သည် နှစ် ၇၀ ပြည့်တော့မည်၊ ဒါကြောင့် ပြာသိုလဆန်း ၈ ရက်နေ့ မတိုင်မီရှင်းလင်းမည်” ဟု မိန့်တော်မူခဲ့သည်။
အေဒီ ၁၉၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ အင်္ဂါနေ့ (၁၂၈၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက်၊ အင်္ဂါနေ့) တွင်ထွက်ရပ်လမ်းသို့ စံမြန်းခဲ့သည်။