News

သံလွင်မြစ်ထဲက ဖမ်းမိတဲ့ ထူးဆန်းတဲ့ငါးနောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်း

သံလွင်မြစ်ထဲမှာ ဒေသငါးမျိုးစိတ် မဟုတ်တဲ့ ငါးတကောင်ကို ဖမ်းမိခဲ့ပါတယ်။ အဲဒီငါးနဲ့ ပတ်သက်ပြီး ငါးဝါသနာရှင်နဲ့ ပညာရှင်များ မှတ်ချက်ပေးထားတာတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်-

မှတ်ချက် (၁) – စတာဂျင်ငါးပါ။ အအေးပိုင်းဒေသ ငါး၊ အသားထက် ဥတွေက စျေးကောင်းရပါတယ်။ ဒါက ပုံမှန်မူမှန်တွေ့ရှိမှု မဟုတ်ပါဘူး။ အဲဒီလောက်ဆိုဒ်ကလည်း စျေးကွက်မဝင်ပါဘူး။ ရေကြီးလို့ ဘယ်ကရောက်လာလည်း မသိပါဘူး။ သူတို့ကကျောက်ခေတ်ငါးမျိုးနွယ်ဝင်တွေပါ။

မှတ်ချက် (၂) – ကျောက်ခေတ်ဆိုတာထက် ဒိုင်နိုဆောလိုခေတ်ကာလ ရှေးငါးမျိုးနွယ်ဝင် ဖြစ်လို့ အရေးကြီးငါးမျိုးစိတ်အဖြစ် သတ်မှတ်တာပါ။ အကောင်တော်တော်ကြီးနိုင်သလို ဥပမာ၊ ဆင်တွေလို (သို့မဟုတ်) ဆင်တွေနီးပါး သက်တမ်းရှည်ကြာတဲ့ငါးမျိုးစိတ်ပါ။ ဥက စီးပွားရေးအရ ဈေးကောင်းပေမယ့် ရှေးကျပြီး အလွန်ရှားပါးတဲ့ငါးမျိုးစိတ်ဖြစ်လို့ အမေရိကန်လို သဘာဝတရား နားလည်တဲ့ နိုင်ငံတွေမှာ အမဥကို အဖိုသု-တ်ရည်ဖြန်းပြီး ဂရုတစိုက်သားဖောက်၍ သဘာဝအတိုင်း ရှင်သန်နိုင်အောင် လုပ်ကြပါတယ်။

မှတ်ချက် (၃) – အမေရိကန်မှာတော့ ဖမ်းမိရင်ပြန်လွတ်ပေးရတယ်။ အဲအရွယ်ဆိုရင် မွေးကင်းစအရွယ်ပဲ ဒီငါးတွေက ၁၀ပေ ကနေ ပေ၂၀ ထိရှည်တယ်။

မှတ်ချက် (၄) – မိုးဗြဲဆည်နဲ့ ဘီလူးချောင်းမှာ လာမွေးတဲ့ ရုရှား စတာဂျင်ငါးမှတ်လား သတိရတယ်။ တချိန်က တို့ရေကာတာမှာ အလုပ်တွေရ၊ လာလည်ပြီးကြည့်ကြနဲ့၊ သံလွင် ဆိုတော့ ငါတို့ ဘီလူးချောင်းမှာ လာမွေးတဲ့ ငါးတွေနဲ့အမျိုးတော်လောက်တယ်။