အမေရိကန်က အိမ်တွေမှာ မီးလုံးအဝါတွေကိုပဲ ဘာကြောင့်သုံးကြတာလဲ။ ဟုတ်ပါတယ် အမေရိကန်က အိမ်အများစုဟာ အဝါရောင်မီးလုံး၊ မီးသီး၊ မီးဆိုင်းတွေကို တပ်ဆင်မှုပိုများပါတယ်။
ဒါဘာကြောင့်ပါလဲ အဖြူရောင်မီးတွေထက် အဝါရောင်မီးတွေက အကျိုးရှိလို့လား၊ ဒါဆိုဘယ်နေရာတွေမှာ အကျိုးရှိတာပါလဲဆိုတဲ့ မေးခွန်းကို ဖြေပေးပါမယ်။
အဝါရောင်အလင်းတွေဟာ သာယာတဲ့ လေထုကို ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ အဝါရောင်အလင်းတွေက လူတွေကို နွေးထွေးမှုပေးနိုင်စွမ်း မြင့်မားတယ်လို့ ဆိုပါတယ်။ အဝါရောင်အလင်းဟာ မျက်လုံးပင်ပန်းနွမ်းနယ်မှုကို ၂၀ရာခိုင်နှုန်း လျော့ချစေနိုင်ပါတယ်။
အဝါရောင်မီးတွေဟာ အိပ်ချိန်ရောက်ပြီဆိုရင်လည်း ဦးနှောက်ကို အချက်ပြနိုင်တဲ့အတွက် အိပ်ပျော်စေဖို့ အကောင်းဆုံး ရွေးချယ်မှု တခုလို့လည်း ပြောထားပါတယ်။
နောက်တစ်ချက်ကတော့ မိုက်တယ်။ ပိုးဖလံတို့ ပလူကောင်တွေတို့လို အင်းဆက်ကောင်လေးတွေက အဖြူရောင်မီးကို ရှယ်ကြိုက်ကြပေမယ့် အဝါရောင်မီးကိုတော့ လုံးဝစိတ်မဝင်စားကြပါဘူးတဲ့လေ။
ဒီတော့ ဘယ်အင်းဆက်မှ အိမ်ထဲမလာတော့ဘူးပေါ့။ ဒါကြောင့်မို့ အိမ်တွေ၊ အနားယူတဲ့နေရာတွေ၊ ဟိုတယ်တွေနဲ့ မီတင်တွေမှာ ဒီအချက်တွေကြောင့်ပဲ အဝါရောင်မီးကို ပိုမိုအသုံးပြုရွေးချယ်ကြတာ ဖြစ်ပါတယ်။