News

ရန်ကုန်မှာပေးတဲ့ လျှပ်စစ်မီး ထပ်တိုးပျက်မယ့် အချိန်စာရင်း

ရန်ကုန်မှာ လျှပ်စစ်မီးရမှု ထပ်မံလျော့ကျ (လျှပ်စစ်မီးကို လျှပ်စီးလက်သလိုဘဲ မြင်ရတော့တဲ့ အခြေအနေ)

ဓာတ်အားထုတ်လုပ်မှုအခြေအနေကြောင့် ရန်ကုန်မှာ ည ၉ နာရီမှ ည ၁၁ နာရီအထိ မီးပြတ်ချိန်တချိန် ထပ်တိုးထားတယ်လို့ သိရပါတယ်။

ရန်ကုန်တတိုင်းလုံး (အရှေ့၊ အနောက်၊ တောင်၊ မြောက် ခရိုင်အားလုံးအပါ ) Load Shed Plan အနေနဲ့

05:00 to 09:00 တအုပ်စု
09:00 to 13:00 တအုပ်စု
13:00 to 17:00 တအုပ်စု
17:00 to 21:00 တအုပ်စု ဟူ၍သတ်မှတ်ထားရာကနေ

ယခုအခါ 21:00 မှ 23:00 ညပိုင်းတချိန် ထပ်တိုးပျက်မည်ဟု ကြေငြာခဲ့တာ ဖြစ်ပါတယ်။

မီးပြတ်ချိန် ည ၉ နာရီမှ ၁၁ နာရီအထိ တကြိမ် ထပ်တိုးမည် (မဟုတ်လည်း တချိန်လုံး ပြတ်နေတာပါပဲ)

လတ်တလောမှာ လျှပ်စစ်ထုတ်လုပ်မှု စံချိန်တင် အနိမ့်ဆုံးသို့ လျော့ကျနေတာကြောင့် တရားဝင် တနေ့ ၈ နာရီ မီးပြတ်ချိန်ကို ၂ နာရီ ထပ်တိုးလိုက်တယ်လို့ သိရပါတယ်။ ညနေ ၅ နာရီလာမည့် အုပ်စုအနေနဲ့ ည ၉ နာရီတွင် စတင်ပြတ်ပြီး ည ၁၁ နာရီမှ ပြန်လာမယ်လို့ သိရပါတယ်။

လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် ပြည်သူများအနေနဲ့ ဒုက္ခအလွန်အမင်း ရောက်ရှိနေကြပါတယ်။ “အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးတောင် မှန်အောင် မလုပ်ပေးနိုင်တာ တခြားဟာတွေဆို သွားပြီပေါ့။ ကုန်ဈေးနှုန်း ကြီးရတဲ့အထဲ လျှပ်စစ်မီးပါ မရှိတော့ မှောင်ထဲ ထိုင်င-တ်နေရုံပဲပေါ့” ဟု ရန်ကုန်မြို့နေ အခြေခံလူတန်းစား တဦးက ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မီးပြတ်တဲ့ အချိန်ဇယား ရှိပေမယ့် ပြတ်ချင်သလို ပြတ်နေတာကြောင့် ဘာကိုမှ မှန်းဆလို့ မရတော့ဘူးလို့လည်း ပြောပါတယ်။ လူဦးရေ သန်းနဲ့ချီ နေထိုင်ကြတဲ့ မြို့ကြီးတွေမှာ လျှပ်စစ်မီး တနေ့ ၁၂ နာရီကျော် ပြတ်တောက်နေတာကြောင့် ပြည်သူတွေရဲ့ အနာဂတ်တင်မက ပစ္စုပ္ပန်မှာပါ အမှောင်ကျနေရတယ်လို့ သိရပါတယ်။