စာရေးသူသည် စက်တင်ဘာလထဲတွင် မန္တလေးမြို့သို့ တစ်ခေါက်ရောက်ဖြစ်သည်။ စာရေးသူသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ဇာတိချက်မြှုပ်သူဖြစ်၍ ဟိုငယ်ငယ်ကတည်းက ပေါင်းသင်းလာခဲ့သည့် ကျောင်းနေဖက် သူငယ်ချင်းများပင် မန္တလေးမှာ ရောက်ရှိနေသည်။
ညီတော် မောင်မောင်အေးက စာရေးသူအား သူငယ်ချင်းများ နေအိမ်သို့ တစ်နေ့ပြီး တစ်နေ့ လိုက်ပို့ပေးသဖြင့် အနှစ်နှစ်အလလက ရွာဦးကျောင်းဆရာတော်ထံတွင် ပရိတ်ကြီး နမာကာရကို နှစ်ယောက်အတူကြိမ်လုံးအောက်မှာ ပြားပြားဝပ်ဝပ် သင်ခဲ့ရတဲ့ သူငယ်ချင်း ငယ်ပေါင်း ကိုသောင်းရွှေကို တွေ့လိုက်ရသဖြင့် ဝမ်းသာပီတိဖြစ်မိ၏။
ကိုသောင်းရွှေသည် စာရေးသူတို့နေသော အရပ်က မဟုတ်။ ဆရာတော် ကိုရင်ဘဝကနေထိုင်ခဲ့သည့် မအူပင်မြို့နယ်ထဲရှိရွာလေး တစ်ရွာမှ။ အမိနှင့် အဖတို့သည် ကိုသောင်းရွှေ သုံးနှစ်သားအရွယ်တွင် ကွယ်လွန်ခဲ့၍ ဆရာတော်မှ ကျွေးမွေးသုတ်သင်၍ ကျောက်ပန်းတောင်းသို့ ခေါ်လာခဲ့ခြင်းဖြစ်၍ ထိုအချိန်က ယာမြေ၊ ချောင်းမြေ၊ ရွှေငွေရတနာများဖြင့် ပြည့်စုံသည့် စာရေးသူအတွက် ကိုသောင်းရွှေမှာ စာရေးသူ ဝတ်သလို ဝတ်ရသည် စားရသည်။ လက်ရည်တစ်ပြင်းတည်းပင်။
ဘဝဟူသည်ကား တထစ်ချ ပြော၍မရသလို လှေနံဓားထစ်လည်း ပြော၍မရပေ။ လူတိုင်းတွင် အတက်၊ အခက်၊ အလက်၊ အညွှန့်ဟူ၍ ရှိကြသည်။ ကြီးကျယ်ခံ့ညားသော သုံးထပ်တိုက်ကြီးတွင် အယောင်၊ အဆောင်အမျိုးမျိုးဖြင့် တဖိတ်ဖိတ်တလက်လက် တောက်ပလျက်ရှိသည်။ ခေတ်စကားနှင့် ပြောရလျှင် မောင်သောင်းရွှေတို့ သူဌေးဖြစ်နေပြီပင်။
ဤသို့ တအံ့တဩဖြစ်နေသော စာရေးသူအား ကိုသောင်းရွှေက….
“မအံ့ဩပါနဲ့။ ငါ လူမှန်းသိတတ်စက ဆရာတော်ဦးဇဝနက မင်းတစ်သက်လုံး ဟောဒီဂွထာကို ဘုရားရှိခိုးပြီးတိုင်း ရွတ်ဆိုလေလို့” မှာထားခဲ့တယ်။
“ငါလည်း အဲဒီဂါထာကို မနက်အိပ်ရာထ ၁၀ ခေါက်ရွတ်တယ်။ မှန်မှန်လည်း ရွတ်တယ်။ အဲဒီအကျိုးဆက်ပေါ့ကွာ။ အခုစည်းစိမ်ဉစ္စာ၊ ရွှေငွေရတနာနဲ့ ဖြစ်လာတယ်။ မရဖူးသေးတဲ့ စည်းစိမ်ဉစ္စာတွေ၊ ရွှေငွေရတနာအပြင် ကိုယ်လိုချင်တဲ့ အရာကိုလည်း အဓိဋ္ဌာန်ပြုပြီး ဆုတောင်းရမယ်။ အဓိဋ္ဌာန်မှာက ၁၈ ရက်၊ ၂၇ ရက်၊ ၅၄ ရက်၊ ၇၂ ရက်၊ ၁၀၈ ရက် တစ်ခုခုတော့ အဓိဋ္ဌာန်ဝင်ပြီးမှ ဆုတောင်းရင် ဆုတောင်းပြည့်တယ်။ မင်းလည်း ဒီဂါထာကို စာရေးချင်ရင် ငါပေးလိုက်မယ်” ဟု ပြောကာ အောက်ပါ ဂါထာတော်ကို ရရှိခဲ့ပါတော့သည်။
စာဖတ်သူများ စီးပွားဉစ္စာ တိုးစေလိုသော၊ ဆုတောင်းပြည့်စေလိုသောကြောင့် မိတ်ဆွေကိုသောင်းရွှေ၏ ကိုယ်တွေ့ကိုတင်ပြလိုက်ရပါသည်။
လိုတရ လာဘသိဒ္ဓိ လာဘ်ရွှင်ဂါထာတော်
အတ္ထဓမ္မ သမ္ဘိဒါစ၊ နိရုတ္တိ ပဠိဘာဏကာ။
စတုသမ္ဘိဒ ပတ္တာနံ၊ အဂ္ဂပတ္တံ ဇိနံနမေ။
ဆုတောင်း။ ဤလိုတရ လာဘသိဒ္ဓိဂါထာတော်အား နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်ရခြင်းကြောင့် (နိုင်ငံခြားသွားရပါလို၏) ဘုရား (သို့မဟုတ်) လိုရာတစ်ဆုတောင်းရန်ဖြစ်သည်။