News

ဆိုရှယ်မီဒီယာကနေ အနားယူသွားပြီဖြစ်တဲ့ ဝိုင်းခြုံမ

ဝိုင်း-အုံသမ လိုက်လို့ ဆိုရှယ်မီဒီယာကနေ အနားယူသွားပြီဖြစ်တဲ့ ဝိုင်းခြုံမ (နောက်တခါ အာမချောင်မိပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်)

လူမှုကွန်ရက်မှာ ပိုင်ဆိုင်မှုတွေနဲ့ အကြော်ဆိုင် ရောင်းရတဲ့ ငွေပမာဏတွေကို ပြောမိလိုက်တာကြောင့် ပွဲဖြစ်သွားတဲ့ ဝိုင်းခြုံမကတော့ လိုင်းပေါ်ကနေ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။

ဝိုင်းခြုံမပေ့ကနေ နောက်ဆုံးတင်ထားတဲ့ ပို့စ်က ဒီဇင်ဘာလ ၁ ရက်နေ့မှာပဲ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုရင် တပတ် ပြည့်တော့မှာ ဖြစ်ပြီး တပတ်အတွင်း မည်သည့် ပို့စ်အသစ်မှ တက်လာတာကို မတွေ့ရပါဘူး။

အပြင်မှာတော့ ပုံမှန်အတိုင်း ဆိုင်ဖွင့်နေပြီး နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီခွဲအထိ ဖွင့်လှစ်နေတယ်လို့ သိရပါတယ်။ ဆိုင်ရဲ့ တနေ့တာ ရောင်းအားတွေကိုပါ ပြောလိုက်တာကြောင့် အခွန်ဘယ်လောက်ဆောင်ရမယ်ဆိုတဲ့ ကိစ္စတွေကို ရှင်းလင်းနေရတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပရိသတ်တချို့က မှတ်ချက်ပေးထားကြပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို နားလိုက်တာလည်း ဝိုင်းခြုံမအတွက် တမျိုးကောင်းပါတယ်။ နောက်တခါ အွန်လိုင်းမှာ အာမချောင်မိပါစေနဲ့လို့ ဆုတောင်းရင်း…