News

စူပါမားကတ်တွေမှာ ရောင်းတဲ့အသားတွေက ရေမပါဘူးဆိုတာ တကယ်လား

စူပါမားကတ်တွေမှာ ရောင်းတဲ့အသားတွေက ရေမပါဘူးဆိုတာ တကယ်လား (စူပါမားကတ်နဲ့ အပြင်ဈေးတို့ရဲ့ နှိုင်းယှဉ်ချက်)

ကြက်သား၊ ဝက်သား၊ အမဲသား စတဲ့ အသားဆိုရင် စီးတီးမတ်မှာဝယ်၊ အိုးရှန်း မှာပဲဝယ် ဈေးထဲကထက် ပိုတန်တယ်။ ရေလည်း မထ-ိုးဘူးဆိုပြီး ညွှန်ကြတာ တွေ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အိုးရှန်း မှာပဲ အသား ဝယ်ပါတယ်။ ဈေးထဲက မဝယ်ဖြစ်တာတောင် နည်းနည်း ကြာပြီ။ ရေမထ-ိုးဘူးဆိုတာကြောင့်တော့ မဟုတ်ပါဘူး။

အဲဒီမှာက ရေမထ-ိုးပေမယ့် အအေးခဲခန်းထဲမှာထည့်ထားလို့ ရေကတော့ ပါကိုပါတယ်။ အိုးရှန်းက ဝယ်လာပြီး အသားထုပ်ကို ခဲခန်းထဲ မထည့်ဘဲ ဒီတိုင်းထားကြည့်လိုက် ရေတွေ ထွက်လာပါလိမ့်မယ်။ အဲဒီရေတွေကိုပါ ချိန်တဲ့ထဲ ထည့်ဝယ်ခဲ့ရတာပါ။

ဒါပေမယ့်လည်း အခုထိတော့ အိုးရှန်း မှာ အသားတွေ ဝယ်ဖြစ်နေပါသေးတယ်။ ဈေးနှုန်းက ဈေးထဲနဲ့ မကွာတဲ့အပြင် လမ်းသင့်တဲ့ နေရာမှာ ရှိလို့ပဲ ဖြစ်ပါတယ်။ အပတ်စဉ် ဈေးချထားတဲ့ အသားတွေဆိုရင်တော့ ဈေးထဲထက် သက်သာပါတယ်။

တကယ်တမ်းကျ ဈေးထဲမှာလည်း ဝယ်နေကျ ဈေးမှန် ဖောက်သည် ဆိုင်ရှိရင်တော့ အိုးရှန်း ထက်ပိုအဆင်ပြေပါတယ်။ ကိုယ်လိုချင်သလောက်ကတော့ ဈေးသည်တွေလည်း ရောင်းပါတယ်။

အသားငါး ဈေးတွေမတအား ထ-ိုးတက်လာတော့ ဈေးသည်တွေလည်း အရင်လို အိုက်တင် သိပ်မခံနိုင်ကြတော့ပါဘူး။ မဝယ် ဝယ်ချင်အောင်ကို ရောင်းနေကြရတာပဲ ဖြစ်ပါတယ်။