News

ကုန်ဈေးနှုန်းကြောင့် ဒုက္ခရောက်နေတဲ့ အခြေခံလူတန်းစားတွေအတွက် တကယ် အသုံးဝင်မယ့် Food Box

ကုန်ဈေးနှုန်းကြောင့် ဒုက္ခရောက်နေတဲ့ အခြေခံလူတန်းစားတွေအတွက် တကယ် အသုံးဝင်မယ့် Food Box (နာမည်ရဖို့ လှူနေကြတဲ့ ဆယ်လီကြီးတွေ ဒီလိုမျိုး လှူသင့်ပါတယ်)

ပုံထဲမှာ မြင်နေရတဲ့ ပုံးလေးတွေကို Food Box လို့ ခေါ်တယ်။ လူသွားလူလာများတဲ့ လမ်းဆုံမှာ ပုံးလေးတွေထဲ စားစရာသောက်စရာ ထည့်ပြီး “လိုတဲ့သူ ယူ” လှူခဲ့ကြပါတယ်။ မြန်မာပြည်ကို ကို-ဗ-စ်မ၀င်ခင် ၆ လအလိုလ၂၀၁၉ ခုနှစ် ၆ လပိုင်းမှာ အတော်ကို ခေတ်စားလိုက်တယ်။ လှူကြသူ ၊ ယူကြသူနဲ့ စည်းစည်းကားကားပေါ့။

နောက်ပိုင်းတော့ “လှူသူလား ယူသူလားမသိ တနင့်တပိုး ယူလို့ဆိုပြီး မှားယွင်း စွပ်စွဲခံရတာက” စပြီး ဘယ်သူမှ Food Box မှာ သွားမယူကြတော့ဘူး ဖြစ်သွားတယ်။ ဒီပုံးလေးတွေ ပျောက်ကွယ်သွားတာ ငါးနှစ်ရှိပါပြီ။ အခုခေတ်ကာလ ကုန်‌ဈေးနှုန်း တက်ပြီး ပြည်သူတွေ င-တ်မွတ်လာတဲ့အချိန်မှာ အခုလို Food Box တွေ ပြန်ပေါ်လာရင် ကောင်းမယ်။

ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ တနိုင်ထည့်ပေးနိုင်တဲ့သူက ထည့်၊ လိုသလောက်ပဲ ယူ၊ သဒ္ဓါပေါက်လို့ ဟင်းသီး၊ ဟင်းရွက်၊ ကြက်သား၊ ဝက်သား ထည့်ပေးနိုင်ရင် ပိုကောင်း (အခြေခံလူတန်းစား ပြည်သူအများစု အသားဟင်းမစားနိုင်ကြတော့သလို ဟင်းသီးဟင်းရွက်ဈေးလည်း မကပ်နိုင်ကြတော့ဘူး)

Food Box အကြောင်း တော်တော်များများ သိကြပါတယ်။ ဒီကာလမှာ ပြည်သူတွေအတွက် ဖြစ်သင့်တဲ့ အရာတခုပါပဲ။ ခေတ်ကာလအရ စိတ်မချရဘူးဆိုရင် စီစီတီဗီအောက်မှာထားပြီး အဆင်ပြေအောင် လုပ်လို့ရပါတယ်။ Food Box ယဉ်ကျေးမှု ပြန်ပေါ်လာရင် ကောင်းမယ်။