ချောင်းသာမှာ တယောက် ၈၀၀၀ ပေးရတဲ့ ချက်ပို့က ချက်ပေးလိုက်တဲ့ ၃၅ ယောက်စာ အံ့ဩစရာ ဟင်းပမာဏ (မကိုက်ရင်လည်း မရောင်းကြပါနဲ့တော့)
“မဝါ” ချက်ပို့က ၃၅ ယောက်စာမှာစားခဲ့တာ အဆင်မပြေပါဘူး။ တယောက်စာ ၈၀၀၀ ပင်လယ်စာ ၂ မျိုး အရွက်ကြော်နဲ့ လောက်လောက်ငှငှ စားရတယ်ဆိုလို့ ၁၀ ယောက်စာဟင်း ၂ မျိုးစီ၂ ပွဲနဲ့ ၁၅ ယောက်စာ ဟင်း ၂ မျိုး မှာခဲ့တာ ပုံပါအတိုင်းကိုမှ ဟင်းရည်ကျဲက စတီးချိုင့် ၄ ဆင့်နဲ့ ကန်စွန်းရွက်ကြော် ၃ ဆင့်လောက်ပါတော့ ဘယ်လိုမှ စားမလောက်ခဲ့ပါဘူး။
ဖုန်းဆက်ပြီး ဟင်းတွေ မလောက်ကြောင်းပြောတော့ တယောက်စာဟင်း ၂ မျိုးနဲ့မှာတာ အဲဒီလောက်ပဲ ရမှာပေါ့ အသုပ်တွေ ပန်းကန်အပြည့် ထည့်ပေးထားကြောင်းပဲ ပြောပါတယ်။ ပုံမှာပါတဲ့အတိုင်း ပြည်ကြီးငါးသုပ် ထမင်းစားပန်းကန်နဲ့ တပန်းကန်စာကို လူ ၁၀ ယောက်၊ တယောက်တဇွန်းတောင် ပြည့်အောင် မခပ်ရပါဘူး။
ကျန်တဲ့ဟင်းတွေလည်း တူတူပါပဲ။ တယောက်တဇွန်းစီတောင် လူပြည့်မစားရပါဘူး။ ထမင်းနဲ့ အရည်သောက် အရွက်ကြော် ငါးပိတို့စရာတွေပဲ တပုံကြီးထည့်ပေးတာပါ။ အရင် team trip သွားကြတိုင်း တခြားချက်ပို့တွေက မှာစားတာ အမြဲပိုပိုလျှံလျှံစားရပါတယ်။
အစတည်း ဒီစျေးနဲ့ဆို စားမလောက်ဘူးပြောလည်း ဟင်းပွဲတွေ ပိုမှာစားမှာပါ။ ခုတော့ တော်တော် ဆိုးဆိုးရွားရွား စားမလောက်လို့ အုပ်စုလိုက်သွားမယ့်သူတွေ သေချာမေးမြန်းပြီးမှ မှာလို့ရအောင် ပြောပြတာပါ။ အမှတ်တရပါပဲ။