Myanmar History

ပုပ္ပား’ဝ’တစ်လုံးဂန္ဓာရီ ဦးပန်းအေး(ဘိုးမင်းခေါင် နှင့် ပုပ္ပားတောင် သာသနာပြုပုဂ္ဂိုလ်များ)

၁၉၂၁ ခုနှစ်(မြန်မာသက္ကရာဇ် ၁၂၈၃)ခုနှစ်တွင် ကျိုက်ထီးရိုးဆရာလေး ဦးပန်းအေးသည် သမား တော်ကြီး ဦးသာတင့်(အဖ ပုပ္ပားမြို့ သမားတော်ကြီး ဦးရွှေစို)၏ ခွင့်ပြုချက်ဖြင့် ပုပ္ပားတောင်ကလာပ်ထိပ် တွင် စေတီတည်ရန် ပန္နက်ချခဲ့သည်။ ၁၉၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်(မြန်မာသက္ကရာဇ်၁၂၈၇၊ တော်သလင်းလဆုတ် ၁၂ ရက်)နေ့၌ အဘဦးသာတင့်၏ အခါတော်ပေး တွက်ချက်မှုအရ ဦးပန်းအေးသည် ပုပ္ပားတောင်ကလာပ်ထိပ်၌ ဘုရားအုတ်မြစ်ချ၍ ထိုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဉာဏ်တော် ၉ မိုက်ရှိ စေတီတော်ကို ဘုရားအနေကဇာတင်ကာ သံဃာတော်တို့ကို ပင့်ဖိတ်၍ ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့ပြင် ပုပ္ပားတောင်ကလာပ် ထိပ်၌ ပွဲတော်ကျင်းပ၍ အတီးအမှုတ် တူရိယာများဖြင့် ပရိသတ်များ စည်ကားခဲ့သည်။

၁၉၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဦးပန်းအေးသည် ကိုးမိုက်စေတီတော်အနီး၌ ခေါင်းလုံး တစ်လုံးကိုလည်း သွန်းလုပ်လှူဒါန်းခဲ့သည်ဟု သိရှိရသည်။

ပုပ္ပားတောင် ကလာပ်တွင် ဦးပန်းအေးသည် နာမည်ထင်ရှား ကျော်ကြားခဲ့သူ ဖြစ်သည်။ ပုပ္ပား တောင်ကလပ်မှ မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် ဦးပန်းအေး၏ ထွက်ရပ်ပေါက်ဂူ ရှိသည်။ ၎င်းဂူ၏ အနောက်ဘက် ကိုက် ၁၀၀ ခန့်တွင် ကြောင်ပန်း တရားပြဌာနတစ်ခုလည်း ရှိသည်။