ပုပ္ပားတောင်သည် အမြင့် ၄,၉၈၁ ပေရှိ၍ မြင့်မားသော တောင်ကုန်းတောင်တန်းများ ပါဝင်သော မီးသေတောင်ကြီးတစ်ခုဖြစ်သည်။ ပုပ္ပားတောင်ကလပ် သည် အမြင့်ပေ ၂,၄၁၇ ပေရှိ၍ မတ်စောက်သည်။
ပုပ္ပားနယ်သမိုင်း
သမိုင်းဦးကာလက ပုပ္ပားနယ်တွင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့ကြသည်။ မြန်မာရာဇဝင်မှတ်တမ်းတို့တွင် ဒုတိယ ပုဂံခေတ် သေလည်ကြောင်မင်းလက်ထက် (ခရစ်နှစ် ၃၄၄-၃၈၇) ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ပုဂံဘုရင် သေလည်ကြောင်မင်းသည် ဧရာဝတီမြစ် ကြောင်းတစ်လျှောက် တကောင်းမှ ပုဂံသို့ မျောပါလာ သည့် စကားပင်တုံးကြီးကို ဆယ်ယူ၍ နတ်မောင်နှမရုပ် ကို ထုလုပ်၍ ကိုးကွယ်ခဲ့သည်ဟု ဆိုသည်။
ပုပ္ပားနယ်မြေသည် ဘုရင်မင်းမြတ်တို့၏ အလေးထားဂရုပြု နတ်ကိုးကွယ်မှုတို့ကြောင့်ပင် မြန်မာမင်း အဆက်ဆက်သို့ထိတိုင်အောင် နတ်ကိုးကွယ်ခဲ့ကြ သည်ဟု စာပေများတွင် ဖတ်ရှုလေ့လာခဲ့ရသည်။
ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည့် မြန်မာ့သမိုင်း ခေတ်အသီးသီးတို့တွင် မင်းမဟာ ဂီရိနတ်မောင်နှမတို့သည် နတ်ထိန်းအဆက်ဆက်အဖြစ် နတ်နန်းများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။
မင်းတုန်းမင်းလက်ထက်၌ ပုပ္ပားမြို့ကို ၁၈၇၂ ခုနှစ်နိုဝင်ဘာလ ၃ ရက်နေ့တွင် ‘ဦးမှုံ’ ဆိုသူအား မြို့အုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့ကို တော်လှန်ရာ၌ ပုပ္ပားနယ်မှ ဗိန္နောဆေး ဆရာကြီး ဦးနက်၏သား ‘ဗိုလ်နက်ကျော်’ သည် ပုပ္ပား နယ်မြေကို ကြီးကြပ်ကွပ်ကဲ၍ အင်္ဂလိပ်တို့ကို တော်လှန် ပုန်ကန်ခဲ့သည်။
မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်(၁၉၂ဝ ပြည့် နှစ်) ပတ်ဝန်းကျင်တွင် ပုပ္ပားတောင်ကလပ်သို့ တက် ရောက်နိုင်ရန်အတွက် လူသွားလမ်းကလေးကို “ဦးသာတင်’ ဆိုသူက ဖောက်လုပ်ရှင်းလင်းခဲ့သည်ဟု သိရ သည်။ ထိုအချိန်က တောင်ကလပ်ကို တက်လိုလျှင် နွယ်ကြိုးကြီးများကို ကိုင်တွယ်၍ တက်ခဲ့ကြရသည်ဟု ဆိုသည်။ ပုပ္ပားတောင်နှင့် တောင်ကလပ် ပတ်ဝန်းကျင် တို့တွင် ဆေးဥ၊ ဆေးမြစ်၊ နတ်ရေစင်၊ နတ်ရေတွင်းနှင့် ပန်းများမျိုးစုံ ပေါများသော အရပ်ဒေသ ဖြစ်သဖြင့် ဇော်ဂျီ၊ ဝိဇ္ဇာတို့သည်လည်း ပုပ္ပားနယ်မြေတွင် ကွန်းခို ကျက်စား၍ ပျော်ရွှင်မြူးထူးစွာ လူသူအရောက် အပေါက် နည်းသော နယ်မြေဟု သိရသည်။
မြန်မာပြည်အတွင်းရှိ ဇော်ဂျီဝိဇ္ဇာ စာရင်းတစ်ချို့
(၁) ရှင်မထီး
(၂) ရှင်အဇ္ဇဂေါဏ
(၃) ပထမံ ဦးအောင်
(၄) ဘိုးဘိုးအောင်
(၅) ဦးဓမ္မစာရီ(တွံတေး)
(၆) ဆံရှည်ဆရာတော်
(၇) သေလည်ကြောင်မင်း(ပုဂံ)
(၈) ပဓုသင်္ခရာဇာ
(၉) ခဝဲတောင်ဆရာတော်
(၁ဝ) တောင်ဖီလာ ဆရာတော်
(၁၁) မင်းကျောင်းဆရာတော်
(၁၂) ငွေသံကြား ဆရာတော်
(၁၃) ဦးဝါသဝဆရာတော်
(၁၄) တောင်လေးလုံး ဆရာတော်
(၁၅) လေးထပ်ဆရာတော်
(၁၆) ရှင်အရဟံ ကိုယ်တော်
(၁၇) ဗားမဲ့ဆရာတော်
(၁၈) ဗားမြိုက်ဆရာတော်
(၁၉) ဗားထီးဆရာတော်
(၂ဝ) ဗားတမော့ဆရာတော်
(၂၁) ဓမ္မစေတီမင်းခေါင်
(၂၂) ဓမ္မပါလဝိသုဒ္ဓိဆရာတော်
(၂၃) ကောဏ္ဍညဆရာတော်
(၂၄) လျှာရှည်ဆရာတော်
(၂၅) အထုပ်တစ်ရာကိုယ်တော်
(၂၆) ကြားကိုယ်တော်
(၂၇) ယောင်ကိုယ်တော်
(၂၈) အာဏာစက်ဆရာတော်
(၂၉) ပညာသိပ္ပဆရာတော်
(၃၀) ဣန္ဒာစရိယဆရာတော်
(၃၁) သာယာဆရာရသေ့
(၃၂) ဝဏ္ဏလင်္ကာဆရာရသေ့
(၃၃) ဒိဗ္ဗစက္ခုဆရာရသေ့
(၃၄) သံသိပ္ပဘွဲ့ ခံဆရာရသေ့
(၃၅) ဣန္ဒာသက္ကဆရာရသေ့
(၃၆) ဂေါရဝိန္ဒဆရာရသေ့
(၃၇) မနောမယသိဒ္ဓိရှင်
(၃၈) ကျောက်မျက်သခင် ရသေ့ဦးအောင်
(၃၉) ဆရာကြီး ဦးခေါင်
(၄ဝ) ဆရာကြီး ဦးရဲသူ
(၄၁) ဆရာဖြူ
(၄၂) ဆရာငြိမ်း
(၄၃) ဆရာကြီး ဦးနေတက်
(၄၄) ဆရာကြီး ဦးချစ်လှိုင်
(၄၅) ဗောဓိပင်ဆရာဆိုင်
(၄၆) အောင်တော်မူဆရာထယ်(မန္တလေးအရှေ့ပြင်အောင်တော်မူ)
(၄၇) ဦးမုတ်ဆိတ်
(၄၈) ဆရာသွယ်(မြစ်ငယ်)
(၄၉) စကြာမင်း
(၅ဝ) ဆရာဝင်း
(၅၁) မယ်ထက်ဆရာတော်
(၅၂) မောနေယျကိုယ်တော်
(၅၃) ဦးကောသလ္လဆရာတော်
(၅၄) ဦးဥက္ကံသဆရာတော်
(၅၅) ရာကျော်ဆရာတော်
(၅၆) အဖေကြီးဦးအောင်ချမ်းသာ
(၅၇) အဘဦးငယ်
(၅၈) ဆေးဘုန်းကြီး ဦးရေဝတ
(၅၉) ပုပ္ပားဖိုဝင်ဆရာတော် ဦးကုမာရ
(၆ဝ) အဘဘိုးဝါသဝ
(၆၁) ယက္ကန်းစင်တောင်ဆရာတော်
(၆၂) အဘရာကျော်
(၆၃) အဘဘိုးပေါက်ဆိန်
(၆၄) ဦးအောင်ချမ်းသာ
(၆၅) ရသေ့ကြီးဦးခန္တီ
(၆၆) ရသေ့ကြီးဦးစီ
(၆၇) ပထမံဆရာလှိုင်
(၆၈) ဘိုးပီယ
(၆၉) ဘိုးပိုက်ဆံ
(၇၀) ဘိုးသံ
(၇၁) ဘိုးမင်းခေါင်
(၇၂) ‘ဝ’တစ်လုံး ဦးပန်းအေး
(၇၃) သစ္စာရှင်ဘိုးဘိုး
(၇၄) သန်လျင် နတ်စင်တစ်ရာ
(၇၅) ကလေးဝ ဆရာတော်
(၇၆) တစ်လေးလုံး ဆရာတော်
ဤကဲ့သို့ ဝိဇ္ဇာများစာရင်းကို အများသိသာစေရန် စုဆောင်းဖော်ပြရသည့်အတွက် ဝိဇ္ဇာလမ်းစဉ် အောင်မြင်ပါစေ၊ ကိုယ်တိုင်လည်း ဣစ္ဆာသယ လိုတရ သည့် မန္တဝိဇ္ဇာ ဖြစ်ရပါစေသော်ဝ်…
ထိုဝိဇ္ဇာစာရင်းသည် ပုပ္ပားနယ်မြေတွင်ထင်ရှားကျော်ကြားခဲ့သော စာရင်းများ မဟုတ်ပါ။