Healthy

မြွေဆိပ်နဲ့အဆိပ်မျိုးစုံနိုင်တဲ့အပြင် သုတ်ခန်းတဲ့ရောဂါ ဝေဒနာအတွက်

“ပင့်ကူထိပ်ပိတ်”ပင်လေးတွေကတစ်နှစ်ခံအပင်လေးတွေပါ။ ခြုံရှင်းလိုက်တိုင်းပါနေကြအပင်လေးတွေပါ။ ပင့်ကူထိပ်ပိတ်အပင်ကိုတစ်နေရာတစ်မျိုးစီခေါ် ကြပါတယ်။

1=ပင့်ကူထိပ်ပိတ်ပင်
2=အဆိပ်ပြေပင်
3=ကြောင်တစ်လွှားပင်
4=ပန်းသုံးဆင့်ပင်
5=ပင့်ကူအုပ်ဆောင်းပင်
6=အချိန်မနှောင်းပင်
7=ဆံမြိတ်မပြေပင် လို့ခေါ်ကြတာသိရှိရပါတယ်။

အမည်အမျိုးမျိုးရတဲ့”ပင့်ကူထိပ်ပိတ်ပင်”ရဲ့အစွမ်း သတ္တိကမြွေဆိပ်မျိုးစုံနဲ့သက်ရှိသတ္တဝါအားလုံးရဲ့ အဆိပ်တွေကိုအထူးနိုင်နင်းတယ်ဆိုတာပါပဲ။

မြွေကိုက်တဲ့လူနာကို ပင့်ကူထိပ်ပိတ်အရွက်တွေကို ရသလောက်အရည်ညှစ်ပြီးတိုက်လည်းတိုက် နှာခေါင်းထဲလည်းအစက်ချပေးရင်မြွေဆိပ်တွေကိုပြေကျစေတတ်ပါတယ်။

အရေပြားယားနာ တွေကို အရွက်သတ္တုရည် လိမ်းပေးရင် ဝေဒနာသက်သာစေပါတယ်။

အဆစ်ရောင်ရောဂါအတွက် သူ့အရည်ကိုပဲ ပိတ်ချင်းသီးအမှုန့်အနည်းငယ်နဲ့ရော သောက်ရင်အဆစ်ရောင်ရောဂါသက်သာပျောက်ကင်းစေပါတယ်။

ကိုယ်သားကိုယ်ရေဝါရောဂါနဲ့ သုတ်ခန်းတဲ့ရောဂါ တွေအတွက်သူ့အရွက်အသီးအပွင့်တွေကိုပြုတ်စား၊သုပ်စား၊ချက်စားရင်သက်သာစေသလိုအပင်ကိုပြုတ်ပြီးသကြားခပ်သောက်၊အရည်ညှစ်ပြီးသကြားခပ်သောက်၊အမြစ်သွေးရည်ကိုသကြားခပ်သောက်ရင်ပဲဖြစ်ဖြစ်သက်သာစေပါတယ်။

မှတ်ချက် ဆေးရည်တွေကိုအလွန်အကျွံမသောက်ဖို့တော့သတိထားပါ။အဆိပ်ပြေတဲ့အပင်များဟာသွေးပေါင်ကျတတ်လေ့ရှိပါတယ်။။