လူလေးယောက်စားတာ ၆၇၀၀၀ ရှင်းလိုက်ရတဲ့ ကျိုက်ထီးရိုးဘုရား ကင်ပွန်းစခန်းက ဂျင်းဆိုင် (ဘယ်ဆိုင်မှာ စားစား ဈေးမေးပြီး စားကြပါ)
ကျိုက်ထီးရိုးဘုရားကို ၇-၁၁-၂၀၂၄ နေ့ကသွားလည်ဖြစ်တာ တောင်ခြေမှာတည်းဖြစ်တော့ အဆင်မပြေတာလေး မျှဝေချင်လို့ပါ။ ညဘက် ထိုင်းအစားအစာအစုံရတယ်ဆိုလို့ လူလေးယောက် ကြက်ကြာဇံကြော် ၂ ပွဲနဲ့ထမင်းကြော်တပွဲ၊ အစိမ်းကြော်တပွဲ၊ ကြက်ဉနဲ့ ထမင်းဖြူတပွဲ ကော်ဖီ ၂ ခွက်မှာစားတာ ၆၇၀၀၀ ပေးလိုက်ရတယ်။ ပြောချင်တာက တကယ် ရန်ကုန်ကနာမည်ကြီးဆိုင်တွေ အဲလောက်စျေးမများဘူး ဘုရားကိုပိုလှူပြီး ချွေတာစားမယ်ဆိုမှ စျေးကအဆမတန်။
ကျိုက်ထီးရိုးဘုရားက ဂျင်းစားသောက်ဆိုင် နောက်တဆိုင်အကြောင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်-
ခရီးသွားရင် ကိုယ်ကဘယ်လောက်ဖြစ်ဖြစ် အဆင်ပြေတယ်ဆိုရင်တော့ မမေးပါနဲ့။ မဟုတ်ရင်တော့ ဈေးကိုမမှာခင်တည်းက မေးတာကောင်းတယ်။ ကိုယ်တွေသွားတုန်းက ဘူးသီးကြော်ပျော့ပြီး ဆီတွေဝနေတာ တပွဲကို ၆၀၀၀၊ ဝက်သားသုပ်ဆိုပြီး လာတာက အဆီဖတ်တွေနဲ့အခေါက်တွေချည်းကို ၈၀၀၀၊
အဲဒါတောင် ကိုယ်မှာတဲ့ ဝက်သားလုံးကြော်က မလာဘူး ကြာနေတာနဲ့ ရပြီလား မေးတော့ ဘာမှမပြောဘူး။ နောက်ထပ်မေးပြီး ကြာနေပြီ မရရင်မယူတော့ဘူးဆိုတော့ လုပ်ပြီးနေပြီအမတဲ့။ လုပ်ပြီးလဲ မယူတော့ဘူး ပြောလိုက်တယ်။ ကျိုက်ထီးရိုးက ရေတံခွန်မှာဖွင့်ထားတဲ့ဆိုင်၊ ၄၅ မိနစ် နီးပါးစောင့်လိုက်ရတာ ရှေ့ကဟာတွေတောင်။