ဝိုင်းခြုံမ အကြော်ဆိုင်ကတော့ မြန်မာနိုင်ငံမှာ ပထမဆုံးကားပါကင်ပါတဲ့ သိန်းထောင်ကျော်တန် အကြော်ဆိုင်ကြီးကို ဖွင့်လှစ်နိုင်ခဲ့တာပါ
ဝိုင်းခြုံမက အကြော်ရောင်းတာလေးနှစ်ရှိပြီဖြစ်ပြီး အခုလိုဆိုင်ကြီးဖွင့်နိုင်ဖို့ ရည်ရွယ်ပြီးကြိုးစားခဲ့တာ 2 နှစ်ကြာပါတယ်
ဒီ 2 နှစ်အတွင်းမှာ သိန်းထောင်ချီတန်တဲ့ ခြံနဲ့အိမ်ဝယ်နိုင်တာကို လူတချို့ကမယုံကြပါဘူး
ဝိုင်းခြုံမပြောတာကတော့ အကြော်တစ်ခုကို 400 ကျပ်နဲ့ တစ်နေ့ကို အနည်းဆုံး အကြော် အခုရေ 6000 လောက်ရောင်းရတာကြောင့် အခုလိုအချိန်တိုအတွင်းချမ်းသာလာတာဖြစ်တယ်လို့သိရပါတယ်
ဒါပေမဲ့ဝိုင်းခြုံမအကြော်ဆိုင်ကို စားသုံးဖူးတဲ့လူတချို့က စျေးကြီးတယ် မတန်ဘူး ၊ ဆလပ်ရွက်ကလည်း အလကားမပေးဘူးလို့ ဝေဖန်ကြတာကြောင့် အခုလိုပဲရှင်းပြလာပါတယ်
ဝိုင်းခြုံမက ပညာတတ်ဖြစ်တာကြောင့် customer တွေရဲ့ကျန်းမာရေးအတွက် ဆီအကောင်းစားကိုသာသုံးထားတယ်အကြော်ပူပူကြီးကို အိတ်ထဲတန်းထည့်ရင် ကင်ဆာဖြစ်မှာစိုးလို့ စက္ကူအိတ်နဲ့ထည့်ပေးတယ် ၊ တစ်ရှူးချပေးတယ် ၊
အဲဒီစရိတ်တွေကြောင့် အကြော်တစ်ခု 400 နဲ့ရောင်းရတာဖြစ်ပြီး ဆလပ်ရွက်တွေကလည်း ဝယ်ရတာမို့ အလကားမပေးတာပါလို့ပြောပါတယ်
အမြတ်နည်းနည်းနဲ့ အရေအတွက်များများရောင်းရလို့ အချိန်တိုအတွင်း သိန်းထောင်ချီရှာနိုင်တာလို့ပြောပါတယ်