” ထွန်းခင် မြန်မြန်လျှောက်စမ်းကွာ၊ ဟိုက ပွဲထွက်နေပြီ ” ” ဟာ အကိုမြဒင်ကလည်း ဒီထက်မြန်ချင်လည်း ဖင်..ဂျက်သာတပ်ပေးတော့ဗျာ ၊ တကတဲ..သူတို့ဘာသာ အရက်ဝင်သောက်လို့နောက်ကျ နေသာကို ” ” ဟားဟား ဟားဟား …အေးပါကွာ ” ရှေ့ကသွားနေတဲ့ ၁၆နှစ်သား လူပျိုပေါက် ထွန်းခင်ကို ရိုးလမ်းလေးပေါ်မှာ တန်းစီလျှောက်နေကြတဲ့ မြဒင်တို့ ကာလ သားကြီးများက နှေးသည်ဟုဆိုကာ စနေကြခြင်းဖြစ်၏။ လက်နှိပ်ဓာတ်မီးတဝင်းဝင်းနဲ့ ကန်သင်ရိုးပေါ်မှ သူတို့ငါး ယောက်သည် တဖက်ရွာမှ ဇာတ်ပွဲကြည့်ရန် သွားနေခြင်းဖြစ် သည်။ ပွဲကြည့်ရန် ညနေစောစောကတည်းက လူစုကာ ထွက် ခဲ့ကြပေမဲ့ မြဒင်တို့ ကာလသားကြီးများက အရက်ဝင်သောက် နေ၍ ယ္ခုလို နောက်ကျ သွားခြင်းဖြစ်သည်။ ထွန်းခင်ကလွဲရင် ကျန်သည့် မြဒင်၊အေးငွေ၊တာတီးနှင့်တော်ကျော်တို့မှာ […]
Author: admin
အောင်မြတ်သာနှင့်ခေါင်းလောင်းစောင့်ယက္ခ(စ/ဆုံး)
“မင်းခေါင်..ရေ. မြန်မြန်လုပ်ပါဟ ကားထွက်တော့မယ် မင်းမလဲ အိမ်သာတစ်ခါတက်ရင် ထွက်ကို မထွက်လာတော့ဘူး” စိတ်မရှည်စွာဖြင့် ပြောဆိုရင်း ကိုထွန်းဇံ တစ်ယောက် လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ “လာပါပီ ကိုထွန်းဇံရယ် ညက မျှစ်ချဉ်ဟင်းက အစွမ်းပြနေလို့ပါဗျာ” “ကဲ ကားပေါ်တက်တော့ ဟိုမှာမင်းကိုပဲစောင့်နေကြတာ ဘုရားဖူးတွေစုံပီလားဟေ့ ကိုယ့်လူကိုယ်စစ်ဦးနော် တော်ကြာ ကျန်နေခဲ့ဦးမယ်” ကာလသားခေါင်းဆောင် ကိုထွန်းဇံက စိုးရိမ်တကြီး လှမ်းမှာရင်း ကားခေါင်းခန်းထဲ ဝင်ထိုင်လိုက်သည်။ ကားခေါင်းခန်းမှာ ထိုင်နေရင်း လွယ်အိတ်ထဲက ကွမ်းယာတစ်ယာထုတ်ဝါးနေလိုက်သည်။ “ဒီတစ်ခါ မင်းကွန်းခေါင်းလောင်းကို သွားကြမှာနော် ဟုတ်တယ်မလား.ကိုထွန်းဇံ” “အေး ဟုတ်တယ်လေ ဘာဖြစ်လို့လဲ” “ဘာမှမဖြစ်ပါဘူးဗျာ တစ်ခုခုလွဲချော်မှာစိုးလို့ပါ” အညာလေပူပူတွေက ကားပေါ်ပါလာတဲ့သူတွေရဲ့ ခန္ဓာကိုယ်အနှံ့ကို လာရောက်ကျီဆယ်နေကြသည်။ ကားလမ်းတစ်လျောက် ဈေးသည်တွေ ဥဒဟိုသွားလာနေကြတာကို ငေးကြည့်ရင်း မင်းကွန်းခေါင်းလောင်းထားရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။ “ကိုယ့်အဖွဲ့ […]
မရုန်းတော့ပါ
ဟေ့ကောင်။ ကောင် မကြီးက မင့်ကို တဘက်သတ်ကြိုက်လို့ပေးတိုင်း စွတ်စွတ် ဝါးမ နေနဲ့။ မင်းသူ့ကို အတည်ယူနိုင် မှာလည်း မဟုတ်ဘူး။ဒါမျိုးက တချိန် ဝဋ်လိုက်တတ်တယ်ကွ။ အတူသောက် သူငယ်ချင်းတွေ စကား။ ပြောဖန်များလာတော့ ဇော်ကြီး စဉ်းစားရ လေပြီ။မှန်၏။ သူသည် မသက်ကို အတည် မယူနိုင်။ ဇော်ကြီးသည် ရေ ခြံစု ရွာက ကောင် မ တွေကြားမှာ စတားတ ယောက် ဖြစ်သည်။ ရုပ်ကလည်းသန့်သလို တက္ကသိုလ်ကျောင်းသားဖြစ်သည်။ မိဘကလည်း စီးပွားရေး ကောင်းသည်။ မသက် ရဲ့ ဘဝ ပေးအ ခြေ အ နေက ပြောပြရမှာ အားနာစရာ ကောင်း၏။ရုပ်ကြီးက တော်တော်နာသည်။ ကြည့်ချင် စရာမရှိ။ သည်အထဲ စီးပွားရေးက […]
ရန်ကုန်မှာ ၂၀၁၆ ကနေ ၂၀၁၉ အထိ လူငယ်ဘဝနဲ့ ဖြတ်သန်းဖူးခဲ့တဲ့သူတွေ လုံးဝပြန်မရတော့မယ့် လွမ်းစရာ အတွေ့အကြုံများ
တခြားတော့မသိပေမယ့် ရန်ကုန်မှာ ၂၀၁၆ လောက်ကနေ ၂၀၁၉ အထိ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းဖူးတယ်ဆိုရင် ဒါတော်တော်ကံကောင်းတဲ့ လူစာရင်းထဲ ပါတယ်လို့ ပြောလို့ရတယ်။ အဲဒီအချိန်တွေတုန်းက အိမ်ပြန်နောက်ကျလို့ စိတ်ပူရတယ်ဆိုတာ အမေဆူမှာ၊ အဖေဆော်မှာ ကြောက်တဲ့စိတ်လေးပဲရှိတာ။ အခုလို လမ်းမှာလူပြတ်မှာစိုးလို့၊ ပစ္စည်းရ-ိုက်လ-ုခံရမှာ ကြောက်လို့၊ တို့ေ-ဆးမိမှာကြောက်လို့၊ တက်စီတယောက်တည်း စီးရမှာကြောက်လို့ ဘာဆို ဘာမှခေါင်းထဲ ပူစရာမလိုဘူး။ ခေတ်ကောင်းသလို လူတွေလည်း ကောင်းခဲ့ပြီးတော့ ဘယ်သွားသွား စိတ်လုံခြုံမှုလေး ရှိနေခဲ့တာတော့ အမှန်ပဲ။ အဲ့တုန်းကတော့ မသိခဲ့ဘူးပေါ့။ အခုလို အပြင်တစ်ခါထွက်တိုင်း ပူပင်စရာတွေ ထည့်ထည့်တွေးနေရတော့မှ ဪအရင်က တော်တော်ပေါ့ပါးခဲ့တာပါလား ဆိုပြီးသိတာ။ အရင်တုန်းကဆို လမ်းသွားရင်း လွယ်အိတ်ဇစ်ပွင့်နေရင်တောင် ပစ္စည်းနှို-က်သွားဖို့ မပြောနဲ့ လက်တို့ပြီး နောက်မှာ ဇစ်ပွင့်နေတယ်နော်လို့ ပြောသွားပေးကြတာ။ တချို့ဆို ပိတ်တောင်ပိတ်ပေးသွားသေး။ […]
အမှုတ်နဲ့ စခဲ့ရတဲ့အလုပ်
ဆယ်တန်းအောင်ပြီးတော့ ကျွန်မ ဘာလုပ်ရမယ် ရေရေရာရာမသိ။ အမှတ်ကလဲ မကောင်းတော့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်ဖို့ မမီ။ အိမ်ကလဲ စီးပွားရေးအဆင်ပြေလှသည်ချည်းမဟုတ်တော့ အဝေးသင်တက်ပြီး အလုပ်လျှောက်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ဘွဲ့များများရတဲ့သူတွေတောင် အလုပ်ရဖို့ခက်နေတဲ့ ခေတ်ကြီးထဲ ကျွန်မလို ဆယ်တန်းအောင်ခါစသူအတွက် အပုံကြီးခက်တာအမှန်ပါပဲ။ ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ ကျွန်မ ကွန်ပြူတာသင်တန်းတက်တယ်။ အလုပ်ရဖို့ ကြိုးစားတယ်။ သတင်းစာတွေမှာ အလုပ်ခေါ်တဲ့ကြော်ငြာရှာတယ်။ လမ်းသွားရင်းလဲ ကပ်ထားသမျှ အလုပ်ခေါ်စာဖတ်တယ်။ သွားလျှောက်တယ်။ ဒါပေမဲ့ အငြင်းခံရတယ်။ အင်တာဗျူးတောင် မဖြေရဘူး။ စိတ်ဓာတ်တော့မကျပါဘူး။ တနေ့တော့ အလုပ်ရမှာပဲလို့ ယုံကြည်ထားတယ်။ တရက် ကျွန်မ ကွန်ပြူတာသင်တန်းကအပြန် လမ်းလျှောက်လာရင်း အလုပ်ခေါ်စာတခုတွေ့တယ်။ (အမျိုးသမီး ဝန်ထမ်း အလိုရှိသည်) အစချီပြီး ဘာညာဘာညာပေါ့။ ခေါ်တဲ့ကမ်ပဏီလိပ်စာလဲ ရေးထားတယ်။ ကျွန်မရောက်နေတဲ့ နေရာနဲ့ သိပ်မဝေးတော့ ချက်ချင်းသွားလိုက်တယ်။ […]
ကျွန်တော်တို့နှစ်ယောက်ကို နယ်ထိန်းခေါင်းဆောင်နဲ့ စခန်းမှုးက မင်းတို့ထောင်ကျခံမလား ၊ ရဲထဲဝင်မလား လို့မေးတာ
ကျွန်တော် အောင်စစ်သည်တစ်ယောက် ရန်ကုန်မှာတာဝန်ကျခဲ့စဉ် လွန်ခဲ့သော ၂နှစ်ခန့် ၂၀၂၂ ခုနှစ်အတွင်းကဖြစ်မည်။ ထိုတနေ့မှာ မြို့တွင်းလှည့ကင်းတာဝန်ကျချိန် ညဦးပိုင်းတွင်ပြည်ထောင်စုရိပ်သာလမ်းသို့အရောက် “သူခိုး သူခိုး “ဟု အော်ဟစ်သံများကိုကြားသောကြောင့် ကားပေါ်မှဆင်း၍ အသံများကြားရာဘက်သို့ ခပ်သုတ်သုတ်ပြေးလာခဲ့သည်။ မလေးရှားသံရုံးဘက်အရောက်တွင် လူငယ်နှစ်ဦးကို မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးရာ ထိုလူငယ်နှစ်ဦးမှာ ဖုန်းခိုးလာသူ ဖုန်းသူခိုးများဖြစ်နေ၍ အနီးရှိ ဒဂုံမြို့မရဲစခန်းသို့ ကျွန်တော်တို့ သွားရောက်အပ်နှံခဲ့ပါသည်။ ထိုအနီးနားတဝိုက်တွင် ဖုန်းများပျောက်ဆုံးနေမှု အလစ်သုတ်ခံနေရမှုများမှာ ထိုသူခိုးနှစ်ယောက်၏လက်ချက်ဖြစ်ကြောင်း သိခဲ့ရပေသည်။ နောက်တစ်လခန့်အကြာ ဒဂုံမြို့မရဲစခန်းဘက်လှည့်ကင်းထွက်ရင်း ရောက်ခဲ့ပြန်ရာ ထူးဆန်းသောမြင်ကွင်းတစ်ခုကို ကျွန်တော် မြင်တွေ့ခဲ့ရပေသည်။ တခြားမဟုတ် မိမိဖမ်းဆီးပေးခဲ့သော သူခိုးနှစ်ယောက်မှာ ရဲယူနီဖောင်း ဘောင်းဘီအပြာရောင်များ ဝတ်ဆင်လျှက် ရဲစခန်းထဲကထွက်လာသည်ကိုမြင်တွေ့လိုက်ရသည်။ ကျွန်တော်လည်း သိချင်ဇောကြောင့် ကားကိုရပ်တန့်စေ၍ ထိုနှစ်ယောက်ရှိရာသို့ ပြေးဆင်း၍ မေးခွန်းထုတ်လိုက်ပါသည်။ “နေပါအုံး မင်းတို့နှစ်ယောက်က ငါပြီးခဲ့တဲ့ရက်ကမှ […]
ရခိုင်ပြည်နယ်အရေးမှာ ပါဝင်ကူညီဖို့ တရုတ်ကတိပြု
ရခိုင်ပြည်နယ်အရေးမှာ ပါဝင်ကူညီဖို့ တရုတ်ကတိပြု တရုတ်နိုင်ငံဟာ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်လိုပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မော်နင်း (Mao Ning) က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့က ပေကျင်းမြို့မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ ရခိုင်ပြည်နယ်အရေးမှာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေ၊ လူမျိုးရေး၊ ဘာသာရေးနောက်ခံတွေရှိနေပြီး ဘက်ပေါင်းစုံက ချဉ်းကပ်ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းဖြစ်တဲ့ အားလျော်စွာ တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတာတွေကို အနီးကပ်စောင့်ကြည့်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ အခြေအနေတွေတည်ငြိမ်အောင်၊ ပဋိပက္ခတွေ အရှိန်လျော့ကျသွားအောင် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် […]
ကျိုက်ထီးရိုးကို မသွားရ မနေနိုင်ဘူးဆိုတဲ့ သူများ မဖြစ်မနေ သိထားရမယ့် ဆောင်ရန်၊ ရှောင်ရန်များ
ကျိုက်ထီးရိုးသွားမည့်သူများ ရှိရင်ပြောပြချင်လို့ပါ။ ကြားရက်သွားပါ။ လူစည်ကားတဲ့ရက်၊ ပိတ်ရက်၊ ပွဲတော်ရက် လုံးဝမသွားပါနဲ့၊ အရာရာစျေးမတန်တဆကြီးပြီး နာမည်ကြီးဟိုတယ်မှာတည်းတာ ၈၀၀၀၀ တန်အခန်းယူတာတောင် ပန်ကာတောင် မပါ (အခန်းမှာ တပ်လို့မရလို့တဲ့) အခန်းဝင်ကတည်းက အနံ့က ခြေဆီနံ့လိုလို၊ ပုတ်စော်လိုလို၊ အောက်သိုးသိုးအနံ့ကြီး တချိန်လုံးရပြီး ညဖက်အိပ်ဖို့တောင် တော်တော်အဆင်မပြေလို့ နှာခေါင်းပုဝါပတ်ပြီး အိပ်ခဲ့ရပါတယ်။ အဲဖရက်ရှာ ဖျန်းလဲမရ အဲဒီအနံ့က တော်တော်ဆိုးဆိုးပါ။ လဲစရာအခန်းလဲ မရှိ၊ ရှိတဲ့ အခန်းယူရတာပါ။ ကုတင်နဲ့အခန်းနဲ့က အတိ၊ ကျဉ်းပြီး အထုတ်တွေတောင် ထားစရာမရှိလို့ အိပ်ယာပေါ်တင်ထားရပါတယ်။ ရေချိုးခန်းအိမ်သာက သက်သက်သွားရ၊ သဘက်သွားတိုက်တံဆပ်ပြာရေဘူး ဘာဆိုဘာမှမပေးတာပါ (ပြောချင်တာက လူအရမ်းများလို့ ဘယ်အရာမှ ရွေးချယ်လို့ မရရတာ ယူရတော့ အဆင်မပြေတွေဖြစ်တတ်ပါတယ်)။ တောင်တက်တောင်ဆင်းကား နိဗ္ဗာန်စျေးတိုးသလို ပိုက်ဆံပေးစီးတာတောင် အလုအယက်တိုးကြိတ်ပြီး စီးရပါတယ်။ […]
ရွှေပြည်သာမြိုနယ်မှ ကိုးတန်းကျောင်းသားတစ်ဦးအား ဖမ်းဆီးပြီး တရားစွဲ
ရွှေပြည်သာမြိုနယ်မှ ကိုးတန်းကျောင်းသားတစ်ဦးအား ဖမ်းဆီးပြီး တရားစွဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိင်ရဲ့ပုံနဲ့ နိုင်ငံတော်ရဲ့ အလံတော်အား ဖိနပ်မှာကပ်ပြီး မိုက်ရိုင်း ဆဲဆိုခဲ့သော ရန်ကုန်တိုင်း ရွှေပြည်သာမြိုနယ် ၊ အ.ထ.က ( ၂ ) Grade – 9 B ခန်းမှ ကိုးတန်းကျောင်းသား အခန်းခေါင်းဆောင် မောင်ဖြိုးမြတ်အောင်အား ရွှေပြည်သာမြိုနယ်တာဝန်ရှိ ပုဂ္ဂိုလ်များမှ စစ်ဆေးရန်အတွက်ဆိုပြီး နာရီပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့ ကိုးတန်းကျောင်းသား မောင်ဖြိုးမြတ်အောင်အား ၅၀၅ (က) ဖြင့် သက်ဆိုင်ရာ တရားရုံးမှာ စွဲချက်တင် အမှုဖွင့်သွားမယ်ဖြစ်ကြောင်း ထပ်မံသိရှိရပါတယ်။ ယခုဖြစ်စဥ်နှင့် စပ်လျဥ်း၍ နောတ်နောင် ယင်းကဲ့သိုအဖြစ်မျိုးမဖြစ်ပွားစေရန် မိဘ၊ဆရာများက စောင့်ကြည့် တင်းကြပ်သင့်ပါသည် မြန်မာနိုင်ငံရှိ မိဘများသည် […]
အဆောင်ပျက်ထဲက နုနုမေ
နုနုမေ မှာမိန်းငလေးပေမဲ့ ခေသူတော့မဟုတ်။ ယောက်ျားနှစ်ယောက်ကိုတစ်ပြိုင်ထဲယူထားသူဖြစ်သည်။ အမှန်က နုနုမေမှာ အထက်တန်းပြကျောင်းဆရာမတစ်ယောက်ဖြစ်သလို တရားဝင်ယောက်ျားလဲရှိသည်။ နုနုမေယောက်ျား သန်းမြင့်မှာ လွန်ခဲ့သည့်တစ်နှစ်လောက်ထဲက မတော်တဆမှုကြောင့် အိပ်ယာထဲလဲနေသူဖြစ်သည်။ သို့ပေမဲ့ ယခင်က ငွေရှာကောင်းသူဖြစ်သည့်အတွက် အိပ်ယာထဲမလဲခင်ထဲက ရှာထားသည့်ငွေတွေနှင့်ရော အမွေရထားသည့် ပစ္စည်းတွေနှင့်ပါဆိုလျှင် တစ်သက်စာလောက်တော့အေးဆေးစားသောက်နိုင်လောက်သည့် အနေအထားဖြစ်သည်။ နုနုမေကိုယ်တိုင်ကလဲ အထက်တန်းပြကျောင်းဆရာမအလုပ်အပြင် သူဌေးအိမ် ကလေးတွေကို စာသင်ပေးသည့် ဂိုက်ဆရာမအလုပ်ကနေလဲ တစ်လတစ်လကိုဝင်ငွေကကောင်းလှသည်။ ဒါကြောင့် သားသမီးလဲမရှိသေးသည့် လင်မယားနှစ်ယောက်အဖို့ဘာမှပူစရာမလို။ လက်ထပ်ခါစက နှစ်ဖက်မိသားစုကလက်ဖွဲ့ထားသည့် နှစ်ထပ်အိမ်လေးထဲမှာ အေးအေးဆေးဆေးနေနိုင်စားနိုင်သည့်အနေအထားတွေဖြစ်သည်။ သို့ပေမဲ့ သန်းမြင့်အိပ်ယာထဲကမလဲခင်ထဲက ယောက်ျားဆို တစ်ယောက်နှင့်အားမရတတ်သည့် နုနုမေက သန်းမြင့်ကိုအနီးကပ်ပြုစုပေးဖို့အိမ်မှာလာနေသည့် ရဲမောင်ဆိုသည့်ကောင်လေးနှင့်လဲဖောက်ပြန်နေလေသည်။ အမှန်တော့ရဲမောင်မှာ သန်းမြင့်၏ဆွေမကင်းမျိုးမကင်းဖြစ်ပြီး အမျိုးစပ်လျှင် တူရီးတော်လေသည်။ အသက်နှစ်ဆယ်ဝန်းကျင်သာရှိသေးပြီး လူငယ်ပီပီသန်မာသလောက် လိင်စိတ်လဲများသူဖြစ်သဖြင့် နုနုမေက လွယ်ကူစွာ ဖျားယောင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ရဲမောင်အတွက်တော့ အသက်သုံးဆယ်ဝန်းကျင်သာရှိသေးပြီး […]