News

လွန်ခဲ့တဲ့ နှစ် ၆၀ ခန့်က အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ရွှေမန်းမေ မြန်မာ့မီးရထား

လွန်ခဲ့တဲ့ နှစ် ၆၀ ခန့်က အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ရွှေမန်းမေ မြန်မာ့မီးရထား ရွှေမန်းမေ မီးရထား သည် မန္တလေးမြို့ မှ ရန်ကုန်မြို့ သို့ ပြေးဆွဲခဲ့သော မီးရထားလိုင်း တခုဖြစ်ပါတယ်။ ၁၉၅၉ နှစ်ဆန်းပိုင်းမှစတင်ပြီး မြန်မာ့မီးရထား မှပြေးဆွဲခဲ့ခြင်းဖြစ်ကာ အိပ်စင်၊ အထူးတန်း၊ ရိုးရိုးတန်းတွဲဆိုင်းများ၏ သန့်ရှင်းသပ်ရပ်မှုမှာလည်း တိုးတက်ခဲ့ပါတယ်။ မြန်မာ့မီးရထားမှ အထက်တန်းမီးရထားခရီးသည်များ သက်သာချောင်ချိစေရန်နှင့် သက်တောင့်သက်သာ ဖြစ်စေရန် ရည်ရွယ်၍ အထက်တန်းလူစီးတွဲသစ်များကို ဂျပန် စ-စ်လျော်ကြေးများဖြင့် ဂျပန်နိုင်ငံမှ မှာယူခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ တွဲသစ်များကို ယခင် ပထမတန်းတွဲ နှင့် ဒုတိယတန်းတွဲများတွင် အစားထိုးပြီး ရန်ကုန်-မန္တလေး အစုန်အဆန် စာပို့ရထားများ အဖြစ် ပြေးဆွဲစေခဲ့ပါတယ်။ အထက်တန်းတွဲသစ်ကြီးများတွင် ရွှေမန်းမေ ၊ ဒဂုံမေ စာတမ်းများချိတ်ဆွဲထားခဲ့ပါတယ်။ […]

Knowledge

ကိုင်ရိုရဲ့ မြန်မာပြည်အတွက် ဟောကိန်း

ဗေဒင်ပညာရပ်ရဲ့ ခေါင်းကိုင်ဖခင် လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကိုင်ရိုဟာ ကမ္ဘာအနှံ့ပတ်ကာ ဗေဒင်ပညာရပ်ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ဖော်ဆောင်ခဲ့တဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်ပဲဖြစ်ပါတယ် ကိုင်ရိုဟာ ကမ္ဘာအနှံ့ပတ်ရင်း သတ္တမမြောက် အပ်ဝက်ဘုရင် ဘယ်လ်ဂျီယံဘုရင် ရုရှားမှဇာဘုရင် ဗိုလ်ချုပ်ကြီး လော့ဒ်ကစ်ချင်နား အီတလီဘုရင် ဟင်းဘတ် နန်းရင်းဝန်ဂလက်စတုံ ကမ္ဘာကျော် သူလျှိုမ မာတာဟာရီ အမေရီကန်မင်းသားဂျိမ်းစ်ဟဲကပ် တို့အပြင် အခြားသော နာမည်ကြီးများနဲ့လဲတွေ့ဆုံခဲ့ကာဗေဒင်ပညာရဲ့ လျှို့၀ှက်ဆန်းကျယ်မှုကို ပြသခဲ့ပြီး ကိုင်ရိုသည် ကမ္ဘာတွင်ဖြစ်ပျက်လာမည့် အရာများကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ရာ မှန်ကန်သဖြင့် အလွန်မှပင် ထင်ရှားကျော်ကြားသူတစ်ယောက် အဖြစ်ယနေ့ထိတိုင် လေးစားဂုဏ်ပြုနေရဆဲ ဖြစ်ပါတယ် ….. ဒါ့အပြင်ကိုင်ရိုဟာ ဟာ မြန်မာနိုငံအတွက်လဲ ဟောကိန်းထုတ်ခဲ့ပါသေးတယ် တစ်ခါက အမေရိကန်သံအမတ်ကြီးတစ်ဦးဟာ ပထမကမ္ဘာစစ်အပြီးတွင် အမေရိကန်ရဲ့အခြေအနေကိုသိလိုသဖြင့်မေးမြန်းရာ နောက်အနှစ်၂၀ လောက်ကြရင် နောက်ထပ်ကမ္ဘာစစ်ကြီး ဖြစ်ဦးမယ်။ ဒီထက်ပိုကြီးမားမယ် […]

News

လူလေးယောက်စားတာ ၆၇၀၀၀ ရှင်းလိုက်ရတဲ့ ကျိုက်ထီးရိုးဘုရား ကင်ပွန်းစခန်းက ဂျင်းဆိုင် (ဘယ်ဆိုင်မှာ စားစား ဈေးမေးပြီး စားကြပါ)

လူလေးယောက်စားတာ ၆၇၀၀၀ ရှင်းလိုက်ရတဲ့ ကျိုက်ထီးရိုးဘုရား ကင်ပွန်းစခန်းက ဂျင်းဆိုင် (ဘယ်ဆိုင်မှာ စားစား ဈေးမေးပြီး စားကြပါ) ကျိုက်ထီးရိုးဘုရားကို ၇-၁၁-၂၀၂၄ နေ့ကသွားလည်ဖြစ်တာ တောင်ခြေမှာတည်းဖြစ်တော့ အဆင်မပြေတာလေး မျှဝေချင်လို့ပါ။ ညဘက် ထိုင်းအစားအစာအစုံရတယ်ဆိုလို့ လူလေးယောက် ကြက်ကြာဇံကြော် ၂ ပွဲနဲ့ထမင်းကြော်တပွဲ၊ အစိမ်းကြော်တပွဲ၊ ကြက်ဉနဲ့ ထမင်းဖြူတပွဲ ကော်ဖီ ၂ ခွက်မှာစားတာ ၆၇၀၀၀ ပေးလိုက်ရတယ်။ ပြောချင်တာက တကယ် ရန်ကုန်ကနာမည်ကြီးဆိုင်တွေ အဲလောက်စျေးမများဘူး ဘုရားကိုပိုလှူပြီး ချွေတာစားမယ်ဆိုမှ စျေးကအဆမတန်။ ကျိုက်ထီးရိုးဘုရားက ဂျင်းစားသောက်ဆိုင် နောက်တဆိုင်အကြောင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်- ခရီးသွားရင် ကိုယ်ကဘယ်လောက်ဖြစ်ဖြစ် အဆင်ပြေတယ်ဆိုရင်တော့ မမေးပါနဲ့။ မဟုတ်ရင်တော့ ဈေးကိုမမှာခင်တည်းက မေးတာကောင်းတယ်။ ကိုယ်တွေသွားတုန်းက ဘူးသီးကြော်ပျော့ပြီး ဆီတွေဝနေတာ တပွဲကို ၆၀၀၀၊ ဝက်သားသုပ်ဆိုပြီး လာတာက […]

News

ဘယ်သူ့ဆီကမှ အလှူမခံဖူးဘူးလို့ တော်လှန်ရေးဆိုတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ အဆိုတော် R ဇာနည်ရဲ့ ဇနီး ဝမ်း (အမေရိကန်မှာ ကားမောင်း ပစ္စည်းလိုက်ပို့‌ပြီး ရိုးသားစွာ နေထိုင်နေတဲ့ R ဇာနည် မိသားစု)

ဘယ်တုန်းကမှ ဘယ်သူ့ဆီကမှ အလှူမခံဖူးဘူးလို့ တော်လှန်ရေးဆိုတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ အဆိုတော် R ဇာနည်ရဲ့ ဇနီး ဝမ်း (အမေရိကန်မှာ ကားမောင်း ပစ္စည်းလိုက်ပို့‌ပြီး ရိုးသားစွာ နေထိုင်နေတဲ့ R ဇာနည် မိသားစု) အော် အံဩပါရဲ့ အဆိုတော် သီချင်းဆိုတာ ဘာဆန်းလို့လဲ ဟိုအရင်ထဲကလည်း ဆိုတယ် အခုလဲဆိုတယ်။ ကိုယ့်ဝမ်းစာ အတွက်လည်း ဆိုတယ်။ အများအကျိုးအတွက်လည်း ဆိုတယ်။ ဘာမှမရှိခင်ထဲက ကိုယ်ဆိုလို့ရတဲ့ ငွေကြေးထဲက ဆယ်ဖို့ တဖို့ကိုလည်း အားပေးတဲ့ ပရိတ်သတ်အတွက် ရည်ရွယ်ပြီး လှူဖို့ အမြဲချန်ထားပြီး လိုအပ်တဲ့နေရာတွေမှာအမြဲလှူတယ်။ ဟိုးအရင်ကလည်း လှူတယ်။ အခုလည်း လှူတယ်။ ပိုရှာနိုင်ရင် ပိုလှူတယ် ဘာဖြစ်လို့လဲ။ အခုလိုအခြေအနေမှာလည်း သီချင်းလည်းဆိုတယ် ကားမောင်းပြီး ပစ္စည်းလည်း လိုက်ပို့တယ်။ စားစရာ […]

News

ရွှေဆိုင်ပိုင်ရှင်အားသေနတ်နှင့်ပစ်ခတ် ပြီးရွှေထည်ပစ္စည်းများလုယက်မှု ဖြစ်ပွား

ရွှေဆိုင်ပိုင်ရှင်အားသေနတ်နှင့်ပစ်ခတ် ပြီးရွှေထည်ပစ္စည်းများလုယက်မှု ဖြစ်ပွား မကွေး၂၀၂၄နိုဝင်ဘာ(၂၈) မကွေးတိုင်းဒေသကြီး မကွေးမြို့ သုခိတာလမ်းအနောက်ဘက် မဲထီးလမ်းတိုဆိုင်တန်းလျားရှိရွှေဆိုင်တွင်ဆိုင်ပိုင်ရှင်အား သေနတ်ဖြင့်ပစ်ခတ်၍ယနေ့နိုဝင်ဘာ(၂၈)ရက်နေ့လည်ပိုင်းက ရွှေထည်ပစ္စည်းများလုယက်မှု ဖြစ်ပွားခဲ့ကြောင်းသက်ဆိုင်ရာမှသိရ သည်။ အဆိုပါ ရွှေဆိုင်သို့ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာပြီးရွှေထည် ပစ္စည်းများထုတ်ပေးရန်ပြောဆိုကာ ရွှေထည်ပစ္စည်းများထားရှိသည့် ကောင်တာမှန်အားတူနှင့်ရိုက်ခွဲပြီး ဆိုင်ရှင်အားသေနတ်နှင့်ပစ်ခတ်၍ ရွှေထည်ပစ္စည်းများလုယက်ကာ ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေး သွားကြောင်းသိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင်၏ ဝဲဘက်လည်ပင်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့်မကွေးမြို့ ပြည်သူဆေးရုံကြီးတွင်တက်ရောက် ဆေးကုသလျက်ရှိကြောင်းသိရသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍နယ်မြေခံရဲတပ် ဖွဲ့မှပြစ်မှုကျူးလွန်ထွက်ပြေးသူနှစ်ဦး အားဖမ်းဆီးရမိရေးအတွက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။

News

တကိုယ်ကောင်းသမား ဈေးသည်တွေနဲ့ ပြောမရ ဆိုမရ ကလေးတွေကြောင့် နာမည်ပျက်တော့မယ့် ပုဂံ (ပုဂံဒေသခံတွေရဲ့ ရိုးသားဖြူစင်မှုဆိုတာ ပုံပြင်ဖြစ်သွားပြီလား)

တကိုယ်ကောင်းသမား ဈေးသည်တွေနဲ့ ပြောမရ ဆိုမရ ကလေးတွေကြောင့် နာမည်ပျက်တော့မယ့် ပုဂံ (ပုဂံဒေသခံတွေရဲ့ ရိုးသားဖြူစင်မှုဆိုတာ ပုံပြင်ဖြစ်သွားပြီလား) အခုနောက်ပိုင်းပုဂံအကြောင်းလေး ရေးချင်လို့ပါ။ ကျမက ပုဂံမြို့လေးကို အရမ်းချစ်လို့ တလတခါလောက်သွားပါတယ်။ မွန်ပြည်နယ်ကနေသွားတာပါ။ အခုနောက်ပိုင်းကျ စိတ်ပျက်စရာတွေ များလာပါတယ်။ နာမည်ကြီးဘုရားတွေဆို မသွားရဲတော့ဘူး။ စျေးသည်တွေ အရမ်းဆ-ိုးပါတယ်။ မလိုအပ်လို့ မဝယ်ဘူးပြောရင် ဆူပုတ်ဆောင့်အောင့်နေရော ပေါ်တင်လဲပြောပါတယ်။ ဘုရားပန်းတောင် ဝယ်မကပ်နိုင်ဘူးတဲ့။ပြီးတော့ ဓာတ်ပုံရိုက်ပေးတဲ့ကလေးတွေ သူတို့ရိုက်တာကို ကြိုက်တဲ့သူကကြိုက်မယ်။ မကြိုက်တဲ့သူက မကြိုက်ဘူးလေ လာမေးလို့ မရိုက်တော့ပါဘူး ကလေးရယ်လို့ ချိုချိုသာသာပဲပြောပါတယ်။ မရပါဘူး အတင်းလိုက်တာပါ။ တဂျီဂျီနဲ့ ကျမတို့လင်မယားက ကိုယ့်ကင်မရာနဲ့ကိုယ်ရှူခင်းပုံလေးတွေ ဦးစားပေးရိုက်တာပါ။ ဘာပြောလဲဆိုတော့ သူတို့ဘာသာရိုက်ရင် တော်တော်လှမယ့်ရုပ်တွေတဲ့ ကိုယ့်မိဘအရွယ်တွေကိုပြောတာပါ။ အဆိုးဆုံးကလောကနန္ဒာဘုရားက ကလေးအဖွဲ့ပါ အချင်းချင်းလဲ ဆဲဆိုမိုက်ရိုင်းတာ နားမခံဝံ့ပါဘူး။နောက်တခုက ရွှေဂူကြီးဘုရားက […]

News

ပြည်ပထွက်ခွာမယ့် မြန်မာလူငယ်တွေ မဖြစ်မနေ သိထားရမယ့် လေဆိပ်လဝက လတ်တလော အခြေအနေ (ကိုယ်တွေ့ပါ၊ လုံးဝ မလွယ်ကူတော့ပါဘူး)

ပြည်ပထွက်ခွာမယ့် မြန်မာလူငယ်တွေ မဖြစ်မနေ သိထားရမယ့် လေဆိပ်လဝက လတ်တလော အခြေအနေ (ကိုယ်တွေ့ပါ၊ လုံးဝ မလွယ်ကူတော့ပါဘူး) မနေ့က ကျွန်တော်ကိုယ်တိုင် လေဆိပ်မှ ခရီးစဉ် reject ထိခံရပြီး ပြန်ခဲ့ရတဲ့အတွေ့အကြုံလေးနဲ့ လေဆိပ်မှာ တကယ် ဆောင်ရန် ရှောင်ရန်ကို ရေးပေးလိုက်ပါတယ်။ နောက်လူတွေအတွက် အထောက်အကူဖြစ်အောင်ပါ။ အဓိက သူတို့က ပတ်စ်ပို့ စာအုပ်အသစ်နဲ့ တစ်ခါမှ မထွက်ရသေးတဲ့ သူတွေကတော့ တော်တော်ကို အဆင်မပြေတာပါ။ ကျွန်တော်အဟောင်းစာအုပ် မှာ ထွက်ထားတာတွေ တွဲပြတာတောင် စဦးဆုံး သူတို့ မေးတာက ဘယ်သွားမှာလဲ၊ ဘာသွားလုပ်မှာလဲ၊ ဘယ်လောက်ကြာမှာလဲ၊ ဟိုတယ် ငွေချေထားတာပြ၊ လေယာဉ် လက်မှတ် အသွားအပြန်ပြ ၊ ရှိုးမန်းနီးပြ။ အလည်သွားမယ်။ ရှော့ပင်း ထွက်မယ်။ အွန်လိုင်းရှော့ လုပ်တော့ […]

Book Story

ခံနိုင်လာပြီလား

ဟာ စိတ်ပျက်စရာပဲကွာ ဖုန်းဘေလ်ကလည်းကုန်သွားပြန်ပြီ ရုံးပိတ်ရက်မို့ မိမိအိမ်လေးထဲတွင်အေးဆေးစွာ အင်တာနက်သုံးမည်ဟု ကြုံးဝါးထားကာ သုံးတောင်မသုံးရသေးဘူးဘေလ်က ကုန်သွားသည် မင်းမင်းခန့်တယောက်ရေရွတ်ရင် ငွေတသောင်းထုပ်ယူကာ ခပ်လှမ်းလှမ်းကကုန်စုံဆိုင်လေးသို့ထွက်လာခဲ့သည် သူသည်ဤရပ်ကွတ်လေးသို့ပြောင်းရွှေ့ကာ ငှါးရမ်းနေထိုင်သည်မှာမကြာသေးပေ မနက်အလုပ်သို့သွားညပြန်အိပ်မု့လည်း သူအားလူသိပ်မသိပေ ခြံဝန်လေးနဲ့တထပ်တိုက်ပုလေးက သူ့အတွက်အပန်းဖြေစရာပင် ဘေးပတ်ဝန်းကျင်မှလူများလည်းအရောအနှောမလုပ်သောကြောင့် သက်သောင့်သက်သာရှိလှသည် ဖုန်ငွေဖြည့်ကဒ်ဝယ်ပြီး ပြန်အထွက်တွင် အိုး လှလိုက်တာ သူရင်ခုန်လောက်အောင်ပင် ကောင်မလေးမှာလှရက်နိုင်လွန်းသည် အိမ်တွင်းအောင်လေးမို့ အသားရည်လေးမှာဝင်းဖန့်ကာ မထူမပါးမျက်ခုံလေးနှင့် မျက်နှာဝိုင်းလေးကိုသူငေးကြည့်မိတာ ဘယ်လောက်ကြာသွားသည်မသိ ကောင်မလေးမှာ ဦးနည်းနည်းလောက်ဖယ်ပေးပါလား ရှက်ကို့ရှက်ကန်းအသံလေးမှာ နားဝင်ပီယံလှပေသည် အိမ်နေရင်း တပတ်နွမ်းလက်ပြတ်လေးနှင့် အရောင်အဆင်းမရှိတော့သော ထမီလေးနှင့် သူမ၏ခန္ဒာကိုယ် ကောက်ကြောင်းလေးများကို အပိုအလိုမရှိစေပေ သူလည်းပြန်ထွက်မသွားသေးပဲ ဟိုကြည့်ဒီကြည့်နှင့် ဆိုင်မှပစ္စည်များအား ကိုင်ကာ သူမလေးအားခိုးရှိုးနေတော့သည် ချစ်စရာသူမလေးပြန်ထွက်မှ မသိမသာအနောက်က လိုက်ကာ ညီမညီမ အနောက်မှလှမ်းခေါ်ရာဝယ် ရှင် ဟုထူးကာ ဘာမေးမလို့လည်း […]

Knowledge

ပုတီးစိပ်ရာဝယ် ဆောင်ရန် ရှောင်ရန်

၇ရက်သားသမီးများအတွက် ပြောချင်တာလေးတွေ ရှိပါတယ်..။ တစ်ချို့တွေက အဓိဌာန်ပုတီးစိပ်ကြတယ်.. အောင်မြင်တဲ့သူလည်းရှိသလို ၊ ပျက်သွားတာတွေလည်းရှိပါတယ်..။ ဒါကြောင့် ပုတီးစိတ်တဲ့အချိန်မှာ အဖျက်ဝင်တယ်လို့လည်းခေါ်တတ်ကြပါတယ်.. အချို့သောသူတွေမှာ ပုတီးတော့ စိပ်ပြီး အဓိဌာန်တော့ ဖြစ်မြောက်ပါရဲ့ မအောင်မြင်တာတွေ အခြေအနေတွေ ထူးတာမရှိတာမျိုးလေးတွေ ကြုံတတ်ကြပါတယ်.. ကံတရား အကြောင်းအထောက်အပံ့တွေ ရရှိနိုင်ဖို့ အတွက်..ဘုရားပူဇော်ဖို့ (သို့) စိတ်ပုတီးလေးတွေစိပ်မယ်ဆိုရင် နေ့နံကိုက်လေးတွေ ဆောင်ထားပြီး ကုသိုလ်တရားပွားများနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်.. တနင်္ဂနွေ – အုန်းသား (သို့) အင်သား ဖြင့်ပြုလုပ်ထားသောပုတီးဖြင့် စိပ်ပါ။ တနင်္လာ – ကုက္ကို (သို့) ကံ့ကော်သားဖြင့်ပြုလုပ်ထားသောပုတီးဖြင့် စိပ်ပါ။ အင်္ဂါ – ဇီး (သို့) သြဇာသားဖြင့်ပြုလုပ်ထားသေားပုတီးဖြင့် စိပ်ပါ။ ဗုဒ္ဓဟူး – ဝါးသားဖြင့်ပြုလုပ်ထားသေားပုတီးဖြင့် စိပ်ပါ။ ကြာသပတေး – […]

Book Story

ဖူးစာဖက်

မောင်မောင်မျိုးတစ်ယောက်တော်တော်ပျော်နေသည်။အခုချိန်တွင် ကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံးလူစာရင်း ကောက်လိုက်ရင် သူထိပ်ဆုံးနားလေးကပင် ပါလာနိုင်သည်။ တကယ်ပေါက်ရင်တောင် အိမ်တစ်လုံးဝယ်လို့ မရနိုင်တဲ့ အောင်ဘာလေ သိန်း၁၅၀၀ ထီပေါက်တာထက်ပင်ပျော်နေရသည်ဟု ဆိုလျှင် လွန်အံ့မထင်။ အကြောင်းကား သူအလွန်အမင်းစွဲလမ်း ချစ်ခင်ရပါသော…….. ဖူးဖူး ဟုသူအမြတ်တနိုးခေါ်ဆိုအပ်သော မေမီဖူးဖူး ထံမှ ချစ်အဖြေ ကို အံ့သြတကြီး လက်ခံရရှိလိုက်သည်မှာ နာရီပိုင်းမျှသာရှိသေးသောကြောင့်ပင်။ အံ့သြတကြီး ဟူသောစာလုံးကိုရှင်းပါအုံးမည်။ တကယ်တော့ ကိုယ့်ချစ်သူ မိန်းကလေးထံမှ ချစ်အဖြေ စကားပြန်ကြားရသည်မှာ ဘာမှအံ့သြလောက်စရာတော့မဟုတ်။ သို့သော် မောင်မောင်မျိုး မျှော်မှန်းခဲ့မိသော မေမီဖူးဖူးမှာ သူ့တသက်တာ မြင်ဖူးသမျှထဲတွင်….မော်ဒယ်၊ မင်းသမီးတမျှ လှပသူလေးတစ်ယောက်ဖြစ်နေသောကြောင့်ပင်။ မောင်မောင်မျိုးကလည်း ရုပ်ရှိ ရေလျှံ ရှိုးကောင်းသူ တစ်ယောက်သာဆိုလျှင် အံ့သြစရာကိစ္စမဟုတ်သေး။ အနှီမောင်မောင်မျိုးမှာ သူလိုငါလို ရွက်ကြမ်းရေကျို ရုပ်ရည်သာပိုင်ဆိုင်သည်။ ငွေရေးကြေးရေးမှာလည်း အလကားနေရင်းသုံးနိုင်ဖြုန်းနိုင် နေသူတစ်ယောက်တော့မဟုတ်။ […]