၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက် (က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဒါနာ (DANA)အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ဒါနာ (DANA) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) ဒါနာ (DANA) အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ ဂွမြို့(Gwa)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၃၆၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့(Dhamara)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဗဟိုချက်လေဖိအား […]
Daily News
မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်တွင် ယာဉ် (၃) စီး ဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများရ
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းတွင် ယာဉ် (၃) စီး ဆင့်တိုက်မှုဖြစ်ပွားပြီး အသက် (၅၀)ကျော်အရွယ် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ အောက်တိုဘာ (၂၃)ရက်၊ နေ့လယ် (၁၂)နာရီ (၂၅)မိနစ်အချိန့်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နေရာအရောက် အငှားယာဉ် (၂)စီး အိမ်စီးကား (၁)စီးတို့ ဆင့်တိုက်မိမှုဖြစ်ပွားခဲ့ပြီး အသက် (၅၁) နှစ်အရွယ် အမျိုးသား (၁)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဖြစ်စဉ်နေရာမှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယမန်နေ့ အောက်တိုဘာ (၂၂)ရက် ညပိုင်းကလည်း မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အမျိုးသား […]
ရန်ကုန်တွင် ဒုတိယမြောက်နေ့အဖြစ် ရေမြုပ်နေပြီး မိုးအဆက်မပြတ် ရွာသွန်းနေကာ လမ်းများပိတ်ဆို့၊ ဘင်္ဂလားပင်လယ်အော်တွင် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်၍ နေ့စဉ် ရက်ဆက်မိုးရွာသွန်းမည်ဟုဆို
ရန်ကုန်တိုင်းအတွင်းတွင် ယနေ့ ဒုတိယမြောက်နေ့ အဖြစ် မြို့နယ်အများအပြားတွင် ရေမြုပ်နေပြီး မိုးမှာလည်း အဆက်မပြတ် ရွာသွန်းနေဆဲကာ လမ်းများ ပိတ်ဆို့နေကြောင်း ရန်ကုန်မြို့မှ ပြည်သူများထံမှ သိရှိရသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေများ ဆက်လက်ကြီးနေပြီး အထူးသဖြင့် ရန်ကုန်လမ်းမကြီးများတွင် ရေလျှံနေခြင်းကြောင့် လမ်းများ ပိတ်ဆို့နေကြောင်း၊ တချို့သော မြို့နယ်များတွင် ရေကြီးသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များ ပြောင်းရွှေ့မှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။ “အင်းလျားကန်လည်း ရေပြည့်တော့ ကမ္ဘာအေးဘုရားလမ်းဘက်က မြောင်းတွေက ရေကမဆင်းတော့ဘူး။ ကမ္ဘာအေးဘုရားလမ်း တစ် လျှောက် ရေတွေ အတော်ကို ကြီးနေတယ်။ ကားတွေ ရေနစ်နေတာ ၁၀ စီးလောက်ရှိမယ်။ သမိုင်းဘက်လမ်း ရေကြီးနေတယ်။ ဝေဇယန္တရာလမ်း၊ သစ္စာလမ်း […]
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တွင် ရေကြီးရေလျှံမှု ဖြစ်ပွား
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ရန်ကုန်မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ အောက်တိုဘာ (၂၀)ရက် ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့မနက်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြောက်ဒဂုံဘက်မှာဆို ကားလမ်းပေါ်တောင် ရေရောက်တယ်၊ မိုးထပ်ရွာရင် ရေကျမှာမဟုတ်ဘူး ဟု နံနက်ပိုင်းက မြောက်ဒဂုံဘက်ကို သွားရောက်ခဲ့သည့် အမျိုးသားတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။ အလားတူ ရွှေပြည်သာ ၊ အင်းစိန်၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ လှိုင် အစရှိသည့် မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်ဟု အဆိုပါ မြို့နယ်များတွင် နေထိုင်သူများထံမှ သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ ဘင်္ဂလားပင်လယ်အော်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်သောကြောင့် […]
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ စလင်း ရေလှောင်တမံ ရေပိုလွှဲမှ (ဝ.၃၀) ပေ ရေကျော်နေ
စလင်း ရေလှောင်တမံ ရေပိုလွှဲမှ (ဝ.၃၀) ပေ ရေကျော်နေသော်လည်း တမံ၏ ဆက်စပ်အဆောက်အဦများ ကြံ့ခိုင်ကောင်းမွန်သောကြောင့် စိုးရိမ်စရာအခြေအနေ မရှိ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ စလင်း ရေလှောင်တမံ ရေပိုလွှဲမှ (ဝ.၃၀) ပေ ရေကျော် စီးဆင်းလျက်ရှိသော်လည်း တမံ၏ ဆက်စပ်အဆောက်အဦများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ စလင်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုများနှင့် အောက်တိုဘာ(၂၀)ရက် ညဦးပိုင်း မိုးရွာသွန်းခဲ့မှုများကြောင့် တမံအတွင်း ရေဝင်ရောက်မှု တိုးလာကြောင်း သိရသည်။ ထိုသို့ ရေဝင်ရောက်မှုတိုးလာသည်ကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ယနေ့ အောက်တိုဘာ(၂၁)ရက် နံနက် (၆) နာရီ ရေအမှတ်တိုင်းထွာချက်များအရ ရေပြည့် အမှတ်ထက် (ဝ.၃၀)ပေ ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ […]
မုန်တိုင်းမိုးတွေ ထပ်ကြမ်းတော့မယ်ရန်ကုန်အပါအဝငိပြည်နယ်နဲ့တိုင်း 12ခု
လေဖိအားနည်းရပ်ဝန်း အောက်တိုဘာ ၂၁ ရက် နံနက် ၀၁:၀၀ နာရီ အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီမှာ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ပို့ဘလဲယားနဲ့ ကိုကိုးကျွန်းကြားမှ ဖြတ်သန်းဝင်ရောက်သွားပြီဖြစ်ကြောင်း GFS Model ရဲ့ နောက်ဆုံးရတဲ့ update မှာတွေ့ရပါတယ်။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အလယ်ပိုင်းပင်လယ်ပြင်မှာ မြောက်ဘက်ကို ကနဦးရွေ့လျားပြီး အနောက်-အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျားကာ အောက်တိုဘာ ၂၂ ရက် ည ပိုင်းမှာ အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)ဖြစ်လာနိုင်မယ်လို့ တွေ့ရပါတယ်။ အဲ့ဒီကမှ – အနောက်မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားပြီး အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ ဆက်လက်၍ မြောက်-အနောက်မြောက်ကိုဆက်လက်ဦးတည်ရွေ့လျားပြီး […]
TNLA ခေါင်းဆောင် ( တာအိုက်လျံ ) – အပါဝင် TNLA ၄၀ ခန့် သေဆုံး
TNLA ခေါင်းဆောင်( တာအိုက်လျံ ) – အပါဝင် TNLA ၄၀ ခန့် သေဆုံး မနေ့ညက ဒီပဲရင်း ကို သွားရောက် ဆုံးမခဲ့တဲ့ su 30 – 4 md ဟာ အပြန်လမ်း မှာ နောင်ချို ကို လက်ကျန် အကုန် သွန်ချ လိုက်ပါတယ် နောင်ချိုမှာရှိတဲ့ TNLA ခိုအောင်းရာ နေရာတွေကို စိတ်လိုလက်ရ သွန်ချချက်ကြီး ကတော့ ပစ်မှတ်အပေါ် ထိချက် တော်တော် တိကျတယ်လို့ သိရတယ် – အဓိက ထိတာကတော့ TNLA တွေ အများဆုံး ခိုအောင်းနေတဲ့ ရဲစခန်း၊ စည်ပင်ဝန်းနဲ့ ၁၁၅ တပ် နေရာတွေပဲ ဖြစ်ပါတယ် TNLA […]
NUG အရေးကြီး ကြော်ငြာချက် ထုတ်ပြန်
NUG အရေးကြီး ကြော်ငြာချက် ထုတ်ပြန် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအား တိုက်ခိုက်သည့်လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားရေးလှုပ် ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(အောက်တိုဘာ ၁၉ရက်) ဖော်ပြသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည် ရေး၊ကောင်းမွန်သောဆက်ဆံရေး၊ပြည်သူ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဉ်တစိုက်ဦးတည်သွားမည်ဟု ဖော်ပြသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများ၏ ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို ကန့်ကွက်ရှုံ့ချကြောင်း […]
ကန်ပိုက်တီဒေသရှိ နယ်ခြားစောင့်တပ်(၁၀၀၃) တပ်ရင်းဌာနချုပ်ကို KIAသိမ်းပိုက်
ကချင်ပြည်နယ် ကံပိုက်တီဒေသ စင်ကြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(၁၀၀၃) တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ အောက်တိုဘာ ၁၅ရက်တွင် ပန်ဝါမြို့အနီး လုပီဒေသ အခြေစိုက် နယ်ခြားစောင့်တပ် BGF (၁၀၀၂) တပ်ရင်းဌာနချုပ်ကို KIAက သိမ်းပိုက်ပြီးနောက် ကန်ပိုက်တည်-ဆဒုံးကြားရှိ (၁၀၀၃)တပ်ရင်းကို ယနေ့တွင် ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ “ဟုတ်တယ် ၁၀၀၃က ဒီညနေ ၅နာရီလောက် သူတို့က ရှင်းလင်းရေးလုပ်လိုက်တယ်။ မနက်ပိုင်းက ကာကင်းကို မနက်ပိုင်း သိမ်းလိုက်တယ်။ ညနေပိုင်းတော့ ၁၀၀၃ကို ပြန်သိမ်းလိုက်တာပေါ့။ သူတို့ ရှင်းလင်းရေးလုပ်လိုက်တာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း အမှတ်(၁၀၀၃)နယ်ခြားစောင့်တပ် (စစ်ကြိုင်)၏ ကာကင်းစခန်း သုံးခုကို သိမ်းပိုက်ထားသလို ပန်ဝါမြို့အနီး ချန်းယင်ခူး ဂိတ်စခန်း၊ ကန်ပိုက်တည် […]
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ နေရာအချို့ကို တော်လှန်ရေး တပ်ဖွဲ့ PDFများ ဝင်ရောက်ပစ်ခတ်မှု မန္တလေးမြို့ ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ နေရာအချို့ကို တော်လှန်ရေး တပ်ဖွဲ့PDFများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ မန္တလေးမြို့ ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မဟာအောင်မြေမြို့နယ် ၄၃ လမ်း ၅၅×၅၆ ကြားရှိ စစ်တပ်၏ စစ်သားများ၊ ပျူစောထီးများနှင့် ရပ်ကွက်တွင်းရှိ လူအများစုနေထိုင်သော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း အပြန်အလှန်ပစ်ခတ်သံ အချက် ၂၀ ခန့် ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း မန္တလေးမြို့ ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိတဲ့ အရေအတွက်ကို […]