Daily News

စခန်းသိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ရဲဘော်တွေကို ကရင်ပြည်သူများက အောင်သပြေနဲ့ ကြိုဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စစ်တပ်ရဲ့ စွယ်တော်ကုန်းအမြောက်တပ် စခန်းသိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom) စစ်ကြောင်းက ရဲဘော်တွေကို ကရင်ပြည်သူများက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ် မစခ−၆၀၆ လက်အောက်ခံ အမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် အောက်တိုဘာလ (၁၇) ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဟာ ၂၀၀၃ ခုနှစ်ကစလို့ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်းအဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်တွေ တာဝန်ယူခဲ့သလို ၂၀၂၁ ခုနှစ် တွင် […]

Daily News

နွားထိုးကြီးမှာ တပ်မတော်လေမှ ဗုံးကြဲလို့ PDF ရဲဘော် ခြောက်ဦး ကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့ နွားထိုးကြီးနယ် အစပ်က ရွာကြီးကျေးရွာကို တပ်မတော်လေက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)ရဲဘော်ခြောက်ဦးကျဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက် ည ၈ နာရီဝန်းကျင်မှာ တပ်မတော်လေက ရွာကြီးကျေးရွာထဲရှိ PDF များစခန်းချရာနေရာကို လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပါတယ် တပ်မတော်လေဟာ ရွာကြီးရွာကို ဗုံးကြဲချပြီးနောက် မြင်းခြံနယ် အရှေ့မြောက်ခြမ်းဘက်ကို လေကြောင်းကနေ ထပ်မံဗုံး ကြဲ တိုက်ခိုက်ခဲ့ရာမှာ တော်လှန်ရေးရဲဘော် ခြောက်ဦး ထိခိုက်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ “၁၅ ရက်နေ့ည ရှစ်နာရီခွဲလောက်မှာ မြင်းခြံနဲ့ နွားထိုးကြီးနယ်အစပ်က ရွာကြီးရွာပေါ်ကို ဗုံးနှစ်လုံးချတယ်။  အဲဒီလို ရွာကြီးရွာကို ဗုံးကြဲပြီး မကြာဘူး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းရှိတဲ့နေရာကို ဗုံးလာကြဲသွားတယ်။ […]