စကားနည်းတဲ့သံဃာတော်က…မမိန့်စဖူးမိန့်လိုက်လို့စိတ်ဝင်စားနေကြပေမယ့်…လူတွေရဲ့အာရုံကတော့မကြာခင်စတင်တော့မယ့်…နတ်ပွဲဆီကိုပဲရောက်နေကြတော့တာပေါ့။ ဒီလိုနဲ့နတ်ပွဲစတင်တဲ့နေ့ကိုရောက်ရှိလာတယ်။ နတ်ဆရာကခပ်ပိန်ပိန်…အသက်၅၀လောက်ရှိပြီး…လည်ကတုံးအဖြူရောင်…ယောလုံချည်အနက်ရောင်ကိုဝတ်ဆင်ထားကာ…လူတွေလေးစားလောက်မယ့်ဥပဓိရုပ်ကိုပိုင်ဆိုင်ထားဟန်တူပါတယ်။ လူတွေကလည်းနတ်ဆရာကို…ကြည့်ပြီးတီးတိုးကာအမျိူးမျိူးဝေဖန်နေကြလေရဲ့….။ နတ်ပွဲကစပါပြီ။ဝိဇ္ဇာတွေမျိူးစုံပင့်၊ဆိုင်ရာပိုင်ရာနတ်တွေကိုပင့်ဖိတ်ပြီးနောက်…ထုံးစံအတိုင်းရွာတော်ရှင်အဘိုးနဲ့စီးတော်ကျားနှစ်ကောင်၊တောင်ပိုင်အဘိုးနဲ့စီးတော်ကျားနဲ့…မွေးထားတဲ့မျောက်နတ်တွေကိုပင့်တယ်။ နောက်တော့သက်ဆိုင်ရာနတ်တွေကို…ပင့်ဖိတ်ပြီးဆိုချင်ရာသီချင်းဆို…နတ်တွေကလည်းကချင်ရာကကြနဲ့…ဘာရယ်တော့မဟုတ်ဘူး….မသိတတ်သေးတဲ့ကလေးဘဝဆိုတော့ကြည့်လို့တော့အကောင်းသား….။ ဒီနေရာမှာပူးကပ်ပြီးဝင်တဲ့နတ်စိမ်းတွေအကြောင်းနည်းနည်းရှင်းပြချင်ပါတယ်။ အဘိုးနတ်ဝင်လာပြီဆိုရင်လည်း…ဘယ်သူ့ကိုပဲပူးကပ်ပါစေ။ တုန်တုန်တုန်တုန်နဲ့တကယ့်အဘိုးအိုတစ်ယောက်လို…ဝင်လာတတ်တယ်။ စီးတော်ကျားနတ်သွင်းပြီဆိုရင်လည်း…ဆိုင်းဆရာကဗိန်းမောင်းတီးလိုက်တဲ့အခါ…ဝင်တဲ့သူကနောက်ဂျွမ်းပစ်ပြီးတကယ့်ကျားစတိုင်လ်ဝင်လာတတ်တယ်။ ပြီးရင်အခွံတွေမွှထားတဲ့အုန်းသီးကိုကျားရှေ့ပစ်ပေးလိုက်တဲ့အခါ…ကျားနတ်ဝင်ထားတဲ့သူကသွားတွေနဲ့ကိုက်ဖဲ့…ခေါင်းနဲ့ရိုက်ခွဲတော့တာပဲ…။(မနာဘူးလားမသိပါဘူး) မျောက်နတ်ခေါ်လို့…ဝင်လာရင်လည်းကလေးတွေကိုပဲဝင်ပူးတာများတယ်။ ပြီးရင်တကယ့်မျောက်လိုဖင်ကုတ်ခေါင်းကုတ်နဲ့…လျှောက်ကမြင်းတော့တာပဲ။ ဘေးနားမှာရှိနေတဲ့မိန်းမတွေကိုလည်း…သန်းရှာပေးတတ်ပြန်တယ်။ ဒါကိုမိန်းမတွေကလည်း..ဝမ်းပန်းတသာနဲ့အတင်းခေါင်းထိုးပေးကြလေရဲ့…။ သူတို့အပြောဆို…ကံအရမ်းကောင်းတယ်ဆိုပဲ။(ဟုတ်လားမဟုတ်လားတော့မသိပါဘူး။မျောက်သန်းရှာတာကလည်းတစ်ခေါင်းလုံး…ဖွာလန်ကျဲပြီးသရဲမကြီးကျလို့) ကျနော်တို့မြို့ကရွှေကျင်မြို့နဲ့…နီးတော့ရွှေကျင်မြို့စောင့်…ဘီလူးညီနောင်ဖြစ်တဲ့…ရွှေကျင်ကိုကိုကြီး၊ကိုကိုလေးတို့ကိုခေါ်ပြန်တယ်။ သူတို့ဝင်လာရင်ပုလင်းကွဲတွေခင်းထားတဲ့အပေါ်ကိုနင်းပြကြတယ်။ တစ်ကိုယ်လုံးနေရာအနံှ့ကိုလည်း…မီးတုတ်တွေနဲ့မြှိုက်ပြကြတယ်။ လူတွေကလည်းလက်ခုပ်လက်ဝါးတွေတီးလို့ပေါ့။ခေါ်တဲ့နတ်တွေကလည်းအစုံပါပဲ။ ဗျတ်ဝိဗျတ်တညီနောင်၊ပန်းစားဘီလူးမမယ်ဝဏ္ဍ၊ရွှေဖျင်းညီနောင်၊မရွှေဥနတ်၊ကိုရင်မောင်နတ်၊ပန်းပဲဦးတင့်တယ်၊မနှဲလေး၊မြင်းဖြူရှင်၊နံကရိုင်းမယ်တော်၊ကိုအောင်နိုင်နတ်၊အသားမင်းသား…စုံလို့ပါပဲ။ ရေးပြရင်ကုန်နိုင်စရာမရှိဘူး။ နောက်ဆုံးနေ့ညရောက်တော့…တစ်မြို့လုံးကလူတွေအကုန်လုံးနီးပါး…လာကြည့်ကြပြီ။ ဦးရှင်ကြီးနတ်၊ကုလားမီးနင်းနတ်နဲ့ကျနော်တို့စိတ်အဝင်စားဆုံး…ဂေါက်ကွင်းကသရဲတွေကိုပါခေါ်တော့မယ်လေ။ ပေနှစ်ဆယ်လောက်ရှိတဲ့စားပွဲရှည်ကြီးပေါ်မှာလည်း…အသားစိမ်းငါးစိမ်းတွေကလည်းနည်းတာမဟုတ်ဘူး။ ဝက်ခေါင်းအစိမ်း၊နွားခေါင်းအစိမ်းတွေနဲ့ငါးအရှင်တွေတောင်ပါလိုက်သေး….။ သက်ဆိုင်ရာနတ်တွေကိုခေါ်ကာပြန်ပို့ပြီးတဲ့နောက်…နောက်ဆုံးကျနော်တို့မျှော်လင့်နေတဲ့…သရဲခေါ်ပွဲကြီးစပါပြီ။ နတ်ဆရာက…အသံချဲ့စက်ကိုဂေါက်ကွင်းဘက်လှည့်ခိုင်းလိုက်တယ်။ ပြီးနောက်…”အို…ဂေါက်ကွင်းဆီမှမကျွတ်မလွတ်သော…တစ္ဆေသရဲမြေဖုတ်ပြိတ္တာအပေါင်းတို့….ဒီနေ့ညသင်တို့အတွက်ပျော်ပွဲရွှင်ပွဲကြီးကျင်းပပေးမယ်…လာကြပါ။ဒီမှာသင်တို့…ကြိုက်နှစ်သက်သောအမဲသားငါးအစိမ်းတို့ကိုလာရောက်သုံးဆောင်ကြပါ။လာလော့…အစိမ်းသရဲအပေါင်းတို့”….ဆိုပြီးဝမ်းခေါင်းသံကြီးနဲ့ခေါ်လိုက်တယ်။ ဘာမှမကြာလိုက်…။ဘယ်ချိန်ကတည်းကစောင့်နေကြသည်မသိ…။တဝုန်းဝုန်းနဲ့ပူးကပ်ပြီးဝင်ချလာလိုက်တာ….အိုး….နည်းတာမှမဟုတ်တာ…။ အနည်းဆုံးအကောင်သုံးဆယ်လောက်ရှိမယ်။ပူးကပ်လာတဲ့သူတွေကလည်း…မြို့ထဲကအရက်သမား၊လူမိုက်၊လူရမ်းကားတွေချည်းပဲ….။သားစိမ်းငါးစိမ်းတွေကိုစားနေလိုက်ကြတာ..အလုအယက်ပဲ။တစ်ကောင်နဲ့တစ်ကောင်လည်း…စားမာန်ခုတ်နေကြပြန်သေးတယ်။ကြည့်နေရင်းနဲ့ကြောက်စရာကြီးတွေလိုဖြစ်လာတယ်။ ဆံပင်တွေဖို့ရို့ဖားရား၊မျက်လုံးကြီးတွေအစွမ်းကုန်ပြူးထားကာပါးစပ်ကြီးတွေကလည်း….ဟထားတာအကျယ်ကြီး…။ ဒါတောင်…ပုံစံအမှန်သရဲအစစ်တွေကိုမတွေ့ရသေးလို့။ လူအုပ်ကြီးကလည်းကြောက်ကြောက်နဲ့ကြည့်နေကြတယ်။ အသည်းငယ်တဲ့သူတွေကထွက်ပြေးကုန်ပြီ။ ဒီအချိန်မှာ….”ငါ့ကိုတော့မခေါ်ဘဲထားတာ…ဘယ်ကောင်လဲ”…ဆိုပြီးအသံနက်ကြီးနဲ့အတူကျနော်တို့ရပ်ကွက်ထဲက…အမဲသားရောင်းတဲ့နှုတ်ကြမ်းလျှာကြမ်းအဒေါ်ကြီးက…ကြောက်ဖို့ကောင်းတဲ့အသံနက်ကြီးနဲ့ခြေသံမြေကြီးတုန်လောက်အောင်ခပ်ပြင်းပြင်းပေးပြီး…ရောက်လာတယ်။ သားစိမ်းငါးစိမ်းစားနေကြတဲ့သူတွေလည်း…စားလက်စတွေပစ်ချပြီးနောက်ကိုပြန်လှည့်ပြေးကြတယ်။ကျနော်တို့လူအုပ်ကြီးလည်းကြည့်ုပြီး…အံ့သြနေတယ်။ နတ်ဆရာက…”ငါခေါ်တာကွ…နင်ကဘယ်သူတုန်း”….လို့ပြန်အော်လိုက်တဲ့အခါ….မိန်းမကြီးက…”နင့်အဆင့်လောက်နဲ့ငါ့ကိုလာမယှဉ်နဲ့။ငါကဒီသင်္ချိူင်းတစ်ခုလုံးကိုပိုင်တယ်။ငါ့ထက်ပိုပြီးကြီးတာမရှိဘူး…။ဒီသင်္ချိူင်းကိုလည်းငါစောင့်နေတာ…နင်သေချင်လို့လား”…ဆိုပြီးနတ်ပွဲတစ်ခုလုံးကြားသွားအောင်…နတ်ဆရာကိုအသံနက်ကြီးနဲ့အော်လိုက်တော့….နတ်ဆရာလည်း…”ကျနော်လိုအမိုက်ကောင်ကိုခွင့်လွှတ်ပေးပါ။ဒီမှာစိတ်တိုင်းကျသုံးဆောင်ပါ”…ဆိုပြီးလေသံပျော့လေးနဲ့တောင်းပန်တော့…သင်္ချိူင်းစောင့်သရဲလည်းနတ်ဆရာကို…မျက်ထောင့်နီကြီးနဲ့ကြည့်ကာ…စားပွဲပေါ်ကကျန်နေတဲ့အသားစိမ်းငါးစိမ်း၊ဝက်ခေါင်း၊နွားခေါင်းတွေကိုအားပါးတရ…စားသောက်နေတော့တယ်။ နတ်ဆရာရဲ့လုပ်ပုံကိုကြည့်ပြီး…ကျနော်တို့လည်းအတော်အံ့သြသွားတယ်။ ပြောတော့လည်းသူကိုယ်တိုင်နှင်ထုတ်ပေးမယ်ပြောပြီး…အခုတော့ချောင်ကွယ်လေးမှာ…မဝံ့မရဲရပ်ကြည့်နေတယ်။ လူတော်တော်များများတော့ကြောက်လို့ပြန်ကုန်ကြပြီ။ နတ်ဆရာတောင်မနိုင်ဘူးဆိုတော့…နောက်ဘာဆက်ဖြစ်မလဲမတွေးရဲတော့ဘူးလေ။ သင်္ချိူင်းစောင့်သရဲကြီးစားသောက်နေတာကြည့်ပြီး…တခြားသရဲတွေလည်းဝင်မပြောရဲ…။ဆိုင်းသမားတွေလည်းတုတ်တုတ်တောင်မလှုပ်ရဲကြ…။ သရဲဆိုစိတ်ဝင်စားတဲ့ကျနော်နဲ့…သတ္တိကောင်းသူယောကျာ်းသားကြီးနည်းနည်းလောက်ပဲအခြေအနေကြည့်ဖို့…ကျန်ရစ်ကျန်နေတဲ့အသားစိမ်းငါးစိမ်း၊ဝက်ခေါင်းနှစ်ခေါင်းနဲ့နွားခေါင်းတစ်ခေါင်းစားပြီးနောက်…ပါးစပ်မှာပေကျံနေတဲ့သွေးစိမ်းတွေကိုလျှာနဲ့လျက်လိုက်ပြီး….”ငါမဝသေးဘူး…ထပ်ရှာပေးဦး”…လို့ပြောလိုက်တော့ကျနော်တို့အံ့သြရပြန်တယ်။ ဒီအခါနတ်ဆရာကမျက်နှာတင်းလာပြီး…”ထပ်မရှာပေးနိုင်ဘူး။အစိမ်းသရဲကောင်ရဲ့…။နင်ဘာလုပ်ချင်လဲ”…ဆိုပြီးရှက်ရမ်းရမ်းပြီးပြောလိုက်တော့…သရဲကြီးက…ဘာမပြောညာမပြောနဲ့နတ်ဆရာဆီတဟုန်ထိုးပြေးသွားပြီး…ခေါင်းကိုထုချပစ်လိုက်တာ…နတ်ဆရာခေါင်းကသွေးတွေဟာမြင်မကောင်းဘူး။ နတ်ဆရာလည်းကြောက်ကြောက်လန့်လန့်နဲ့…ဆိုင်းဝိုင်းတွေနောက်ဝင်ပြေးပြန်တယ်။ သရဲကြီးကလည်းဆိုင်းဝိုင်းတွေကို…အကုန်ရိုက်ခွဲပြီးပြဿနာရှာပြန်တယ်။ ဆိုင်းဝိုင်းသမားတွေရော…ခုနကဝင်ပူးထားတဲ့သရဲတွေပါဘယ်ရောက်ကုန်မှန်းမသိကြတော့….။ ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တယ်။ ကျနော်တို့လည်းထွက်ပြေးရနိုးနိုး…ကြည့်ရနိုးနိုးနဲ့ဖြစ်နေတုန်း…ချောင်မှာဝင်ပုန်းနေတဲ့…နတ်ဆရာကိုသရဲကြီးရှာတွေ့သွားခဲ့ပါပြီ။ သရဲကြီးကဘေးမှာအသင့်ရှိနေတဲ့…ရှမ်းရိုးရာနတ်တွေခေါ်တဲ့အခါသုံးတဲ့…ငှက်ကြီးတောင်ဓားနဲ့နတ်ဆရာကိုခုတ်ပိုင်းဖို့ရွယ်လိုက်စဉ်မှာပဲ….”ပြိတ္တာဆိုး…သင်တော်သင့်ပြီ”…ဆိုတဲ့တည်ငြိမ်အေးချမ်းတဲ့အသံကြားလိုက်ရလို့…လှမ်းကြည့်တော့ကျနော်တို့ရပ်ကွက်ကကြည်ညိုလေးစားတဲ့…အာဂန္တုဘုန်းတော်ကြီးနှင့်နောက်ကကျောင်းထိုင်ဆရာတော်နှင့်တိုက်အုပ်ဆရာတော်….။ သရဲကြီးက…”ဘယ်သူလဲ”…ဆိုပြီးအသံနက်ကြီးနဲ့လှမ်းမေးပြီးလှည့်ကြည့်လိုက်တော့…လက်ထဲကဓားလွတ်ကျသွားတယ်။ ဘုန်းတော်ကြီးကပြုံးပြီးကြည့်နေပေမယ့်…သရဲကြီးကစူးစူးရဲရဲပြန်စိုက်ကြည့်နေတယ်။ နတ်ဆရာလည်းအခွင့်သာတုန်းထွက်ပြေးပြီ။ ပြီးနောက်သရဲကြီးကခြေသံပြင်းပြင်းနဲ့…..ဘုန်းတော်ကြီးဆီလျှောက်လာပြီး…ရန်ပြုမလို့လုပ်ပေမယ့်…ရှေ့လေးတောင်လောက်ရောက်တော့ပုံကနဲလဲကျသွားတယ်။ […]
Ghost Story
သင်္ချိူင်းစောင့်သရဲ (အပိုင်းတစ်)
ဒီအဖြစ်အပျက်လေးဟာ..ကျနော်လူပျိူပေါက်အရွယ်..အသက်၁၄နှစ်လောက်ကဖြစ်ပျက်ခဲ့ပြီး…သိပ်ကိုကြောက်စရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ဒါကြောင့်ကျနော်ကိုယ်တိုင်ကြုံခဲ့ရတာကို…အဖြစ်မှန်အတိုင်းရေးသားတင်ဆက်သွားပါ့မယ်။ ကျနော်တို့နေတဲ့တောမကမြို့မကျ..ကွက်သစ်မြို့ငယ်ကလေးဘေးမှာ…ဧက၅၀လောက်ရှိတဲ့ဂေါက်ကွင်းကြီးတစ်ကွင်းရှိပါတယ်။ဂေါက်ကွင်းဆိုပေမယ့်…အများထင်ကြသလိုမြက်ခင်းစိမ်းစိမ်းတွေ..ရေကန်လေးတွေနဲ့လှလှပပဂေါက်ကွင်းမျိူးတော့မဟုတ်ပါဘူး။ကျနော်တို့မြို့ငယ်လေးမှာ…အစိုးရပိုင်စက်ရုံကြီးတစ်ရုံနဲ့စစ်တပ်၃တပ်လောက်ရှိတော့…စက်ရုံကစက်ရုံမှူး၊ဒုစက်ရုံမှူး…စစ်တပ်ကတပ်ရင်းမှူး၊ဗိုလ်မှူး၊ဗိုလ်ကြီးစတဲ့အရာရှိအရာခံတွေ…အပန်းဖြေဂေါက်ရိုက်လို့ရအောင်အဖြစ်သဘောမျိူး..ဆောက်ထားတဲ့ဂေါက်ကွင်းမျိူးပါ။ဒါပေမယ့်..ကျင်းစိမ်တဲ့ဂေါက်ခုံကိုတော့မြက်ခင်းစိမ်းစိမ်းနဲ့..ကျကျနနလုပ်ထားပါတယ်။ ထားပါတော့။ဒါကဂေါက်ကွင်းနဲ့ဒီဇာတ်လမ်းက..ဆက်စပ်နေလို့ခဏရှင်းပြတာပါ။ပြောရရင်အဲ့ဒီဂေါက်ကွင်းက..ရာဇဝင်ရှိတယ်။ဘာရာဇဝင်လဲဆိုတော့…ဒီဂေါက်ကွင်းမဆောက်ခင်ကမြေနေရာဟာ..ကျနော်တို့မြို့ငယ်လေးတစ်ခုလုံးရဲ့..သုဿန်သင်္ချိုင်းမြေနေရာဖြစ်နေလို့ပါပဲ။အုတ်ဂူတွေဘာတွေနဲ့..ကျကျနနမရှိပေမယ့်…မြေပုံမို့မို့တွေကတော့..လက်ညှိုးထိုးမလွဲပါပဲ။ နောက်လအနည်းငယ်အကြာရောက်တော့…အထက်ကစီမံချက်ရောက်လာတယ်ဆိုပြီး..အဲဒီသင်္ချိူင်းကိုဖျက်ပြီး..ဂေါက်ကွင်းဆောက်ဖို့စီစဉ်ကြပါတယ်။မြေတူးစက်တွေဘူဒိုဇာတွေမြေသယ်ကားတွေနဲ့..အချီကြီးကိုလုပ်ကြတာပါ။မြေပုံတွေလူအရိုးစုဟောင်းတွေစတဲ့အမှိုက်သရိုက်များကို..ရှင်းလင်းပြီးတဲ့အခါ..အဲဒီဂေါက်ကွင်းတည်ဆောက်ရေးအဖွဲ့မှာ..အကြီးအကဲလို့ထင်ရတဲ့ပုဂ္ဂိုလ်တစ်ယောက်က..မြေကွက်လပ်လေးဆီကို..ဆယ်ဘီးကားမြေသယ်ကားနှစ်စီးကိုမောင်းလာခိုင်းပြီး..”ကဲ…မင်းတို့ကိုနေရာပြောင်းပေးမယ်။ငါတို့လည်းအထက်ကကျလာတဲ့…အမိန့်အာဏာအရ…လုပ်ရတာမို့…အခုမင်းတို့ကိုပြောင်းပေးမယ့်…နေရာကိုဒီကားနှစ်စီးကလိုက်ပို့ပေးလိမ့်မယ်။အခုတက်ကြတော့…ဘယ်သူမှနေခဲ့လို့မရဘူးနော်…ဒါအစိုးရရဲ့အာဏာအမိန့်ပဲ။ခေါင်းမာပြီးနေခဲ့တဲ့ကောင်…ကိုယ်ဖြစ်ကိုယ်ခံ”…ဆိုပြီးဘာမှမရှိတဲ့နေရာကိုလက်တွေယမ်းပြီးပြောနေတယ်။ အဲဒီတုန်းကကျနော်တို့မိသားစုကလည်း…သင်္ချိူင်းနဲ့မလှမ်းမကမ်းမှာနေတာဆိုတော့…လာကြည့်ကြတာပေါ့။ပြီးတော့သင်္ချိူင်းကမကျွတ်မလွတ်တဲ့သူတွေ…နေရာပြောင်းရွှေ့ပေးမယ့်နေ့ဆိုတော့…ကလေးရောလူကြီးပါစိတ်ဝင်တစားနဲ့လာကြည့်ကြတာ…အုံးအုံးကိုထနေတာပဲလေ။ အဲဒီပုဂ္ဂိုလ်ကပြောအပြီးမှာ…ကားနှစ်စီးကဆယ်မိနစ်လောက်ရပ်ပြီးစောင့်နေတယ်။(ခုကြီးလာမှပြန်တွေးမိတယ်…ကားဒရိုင်ဘာတွေကအတော်ကိုသတ္တိရှိတာပဲလို့…ကျနော်တို့သာဆို…ဒီလိုမောင်းရဲမှာမဟုတ်ဘူးလေ) ကျနော်တို့လူအုပ်စု…ကြည့်နေကြရင်းနဲ့…ဆယ်ဘီးကားကြီးနှစ်စီးဟာ…ကားခေါင်းတစ်ဖြည်းဖြည်းမော့လာပြီး…ကားနောက်ပိုင်းကသိသိသာသာနိမ့်ဆင်းသွားတယ်။ အံ့သြစရာကောင်းလိုက်တာ။ကားဘီးတွေကလည်း…ပြားကာနီးပြီ။ကားကိုလှမ်းကြည့်တော့…ဘာမှမရှိ။(အဲမြင်ကွင်းဟာခုချိန်ထိ…မြင်ယောင်နေသေးတယ်) ကားသမားကြီးတွေကခုနကလူကြီးကိုလှမ်းပြောလိုက်တယ်။ “ဆရာ…လုပ်ပါဦးဗျ။အိုဗာဝိတ်ဖြစ်နေပြီ။ကားထွက်မရဘူး။မောင်းသွားရင်…ကျနော်ပါသေသွားဦးမယ်”…လို့ပြောလိုက်တော့ဆရာဆိုတဲ့လူကြီးကခနကလိုပဲ…ဘာမှမရှိတဲ့နေရာကိုကြည့်ပြီး…လက်တွေဝှေ့ယမ်းကာ…”ဟေ့ကောင်တွေ..အဲ့လောက်လုမတက်ကြနဲ့လေ။ဒီမှာကားထွက်လို့မရတော့ဘူး။ပြန်ဆင်းကြ…။နောက်ကားနှစ်စီးထပ်ခေါ်ပေးမယ်…။ဘုရား…ဘုရား…။ငါထင်ထားတာထက်တောင်ပိုများနေပါလား”…ဆိုပြီးရင်ဘတ်ဖိရင်း…နောက်ထပ်မြေသယ်ကားနှစ်စီးထပ်ခေါ်ပြန်တယ်။ နောက်ကားတွေရောက်လာမှ…ရှေ့ကားနှစ်စီးလည်းပုံမှန်ပြန်ဖြစ်သွားတော့တယ်။လူကြီးလည်းလက်ပိုက်ပြီးရပ်ကြည့်နေတယ်။ဒီကြားထဲ…”ဟေ့ကောင်တွေ…လုမတက်ကြနဲ့လေ။ဟိုမှာကားသမား…စောင့်ပေးနေတယ်။လေးစီးတောင်ရှိတာကို…”…ဆိုပြီးဘာမှမမြင်ရတဲ့ကားပေါ်ကိုလှမ်းအော်ပြောနေတယ်။ ခဏနေတော့…အဲဒီလူကြီးက…”ကဲ…ကုန်ပြီမဟုတ်လား။မင်းတို့အကုန်လုံးကုန်သွားပြီဆိုရင်…ဟောဒီဖန်ခွက်ထဲကရေကို…မှောက်ပြ”…ဆိုပြီးမြေကြီးပေါ်ရေအပြည့်ထည့်ထားတဲ့…ဖန်ခွက်တစ်ခွက်ချပေးလိုက်တော့…သိပ်မကြာခင်မှာပဲ…ဖန်ခွက်ဟာတစ်ယောက်ယောက်က…တိုက်ပြီးမှောက်လိုက်သလို…ရေတွေအကုန်လုံးမှောက်သွားတာ…အံ့သြစရာတွေ့လိုက်ရတယ်။ ကျနော်တို့လူအုပ်ကြီးလည်း…အံ့သြလွန်းလို့..အချင်းချင်းဘာစကားမှတောင်မပြောနိုင်တော့ဘူး။ အကုန်လုံးကကြောက်ကြောက်လန့်လန့်နဲ့….လှမ်းကြည့်နေကြတယ်။စိတ်ဝင်စားတာလည်းပါတာကိုး…။ ဖန်ခွက်မှောက်သွားတော့လူကြီးက…”ဒါဆိုကောင်းပြီ။မင်းတို့အကုန်လုံးနီးပါးပါသွားတယ်လို့…ငါယူဆတယ်။ပြောမရဆိုမရကောင်တချိူ့လည်းကျန်နေသေးတယ်။မင်းတို့ဘာဆက်ဖြစ်မလဲ…ငါမပြောတော့ဘူး”…ဆိုပြီးနှုတ်က…ဂါထာတစ်ပုဒ်ကိုခပ်တိုးတိုးရွတ်ပြီး…ထိပ်ဆုံးကကားကြီးပေါ်တက်လိုက်သွားတော့တယ်။ အဲလူကြီးပြောပုံအရ…ကျန်ခဲ့တဲ့သူတွေရှိသေးတယ်ဆိုတာကြားလိုက်ရတော့…အကုန်လုံးကြက်သီးပါထကုန်တယ်။ကြည့်ရတာ…ဒီလူကြီးကလည်း…အစိုးရဝန်ထမ်းပေမယ့်…သရဲတစ္ဆေတွေကို…အကျွမ်းတဝင်ရှိပုံရတယ်လို့လည်း…တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတယ်။ ဒီနောက်ပိုင်း…ဂေါက်ကွင်းစီမံကိန်းပြီးသွားတော့…အနားပတ်ဝန်းကျင်မှာရှိနေတဲ့…မြေတွေကိုရပ်ကွက်သစ်တိုးချဲ့ရအောင်ဆိုပြီး…ဈေးနှုန်းနည်းနည်းနဲ့အစိုးရကရောင်းပေးတော့…ဝယ်လိုက်ကြတဲ့သူတွေက…နည်းတာမဟုတ်။အရင်တုန်းကတော့..သင်္ချိူင်းနဲ့နီးလို့ဆိုပြီး…ဘယ်သူမှသိပ်မနေရဲကြ။ နောက်တော့လည်း…လူနေအိမ်ခြေအများစုဖြစ်လာပြီးတိုးချဲ့ရပ်ကွက်ပုံစံဖြစ်လာတော့လည်း…စည်စည်ကားကားနဲ့အရင်က…ဒီနားမှာသင်္ချိူင်းရှိခဲ့တယ်ဆိုတာတောင်…မေ့သွားတော့တယ်။ ဒါပေမယ့်…ဟိုလူကြီးပြောသွားသလိုပဲလားတော့မသိ…။ တချိူ့အိမ်တွေမှာ…မိုးချူပ်ပြီဆိုရင်…ဟင်းပန်းကန်ဝင်ဆွဲတာတို့၊ထမင်းတောင်းစားတာတို့၊ကြောက်လန့်အောင်ခြောက်တာတို့၊ကလေးသူငယ်တွေကိုပြုစားတာတို့…ကြားလာရတယ်။ အမြဲတမ်းတော့မဟုတ်ပါ။ကျနော်တို့ကတော့…ဒီလိုရပ်ကွက်မဖြစ်ခင်ကတည်းကနေ…ခုချိန်ထိနေလာခဲ့တာ…ဘာကောင်မှမတွေ့မိတော့…လူတွေမဟုတ်တမ်းရားပြောတာဖြစ်မယ်လို့ထင်နေတယ်…။ ရက်အနည်းငယ်အကြာမှာကျနော်တို့ရပ်ကွက်သစ်က…ဘုန်းကြီးကျောင်းကို…အာဂန္တုရဟန်းတစ်ပါးကြွလာတယ်။ စကားမိန့်ကြားတာအလွန်နည်းပါတယ်။တစ်ပါးတည်းအမြဲလိုလို…သီးသန့်သီတင်းသုံးလေ့ရှိပါတယ်။ မျက်နှာတော်ကအလွန်ကြည်လင်သန့်စင်ပြီး…မေတ္တာရိပ်လွှမ်းမိုးနေလို့လားမသိ။တည်ငြိမ်အေးချမ်းလှတာမို့…ဖူးရသူတိုင်းကြည်ညိုသဒ္ဓါပွားကြပါတယ်။ နံနက်ခင်းတိုင်း…လှည့်လည်ဆွမ်းခံတတ်ပြီး…ထိုင်ဆွမ်း၊ပင့်ဆွမ်းများကို…လုံးဝလက်ခံတော်မမူပါ။ ကျနော်တို့မြို့ကို…သက်သက်မဲ့ကြွလာတာမဟုတ်ဘဲ…နယ်အနှံ့ကြွပြီး..တရားအားထုတ်နေတာဖြစ်ကြောင်းလည်း…ရှင်းပြတော်မူပါတယ်။ ဒီလိုနဲ့ဆောင်းရာသီပြာသိုလဘက်ရောက်လာတော့…ကျနော်တို့မြို့လေးရဲ့ထုံးစံအတိုင်း…နတ်ကန္နားပွဲကြီးကျင်းပမယ့်ရာသီရောက်လာပါပြီ။ ဒီနေရာမှာ…တစ်ခုလောက်ရှင်းပြချင်တာက…ကျနော်တို့မြို့လေးကသေးသာသေးတယ်။ ရပ်ကွက်ကရှစ်ခုလောက်ရှိတယ်။ဒီလိုပြာသို၊တပို့တွဲလရောက်ပြီဆိုရင်…ရပ်ကွက်တိုင်းမှာနတ်ကန္နားပွဲကြီးတွေကို…၃ရက်၃ညတိုင်တိုင်ကြီးကြီးကျယ်ကျယ်…ကျင်းပတတ်တဲ့ထုံးစံရှိတယ်။ နတ်ပွဲလုပ်တော့မယ်ဆိုရင်…တစ်အိမ်ကိုဘယ်လောက်ထည့်ရမယ်ဆိုပြီး…ရပ်ကွက်လူကြီးတွေကလိုက်ကောက်ခံတဲ့အခါ…ရက်ရက်ရောရောထည့်ဝင်ကြတာပါပဲ။ တခြားသာရေးနာရေးအလှူခံတွေဆို…ထည့်ရတာအင်တင်တင်နဲ့…။ လူတွေကလည်း…နတ်ကိုယုံကြတာများတာကိုး…။ပြီးရင်..နတ်ဆရာနဲ့ဆိုင်းဝိုင်းတွေငှါး..ယာယီမဏ္ဍပ်ဆောက်ပြီး…တပျော်တပါးလုပ်ကြတော့တာပဲ…။လာကြည့်တဲ့သူတွေကလည်းကြိတ်ကြိတ်တိုး…။ ခေါ်တဲ့နတ်တွေကလည်းအစုံ…နတ်မျိူးစုံ…။ဆိုင်းဝိုင်းကအဆိုတော်တွေက…အသံသေးအသံကြောင်နဲ့…တွေ့ကရာသီချင်းတွေဆို…နတ်တွေကလည်းဘာသီချင်းဖြစ်ဖြစ်လိုက်ကကြ…။ လေးဖြူသီချင်းလဲက…။စိုးစန္ဒာထွန်းသီချင်းလည်းက…။မန္တလေးသိန်းဇော်သီချင်းလည်းက…။ဘုရားဓမ္မပူဇာတေးဆိုရင်လည်း..လိုက်ကကြ…။ ဒါပေမယ့်…ဒီနှစ်နတ်ပွဲထူးခြားတာက…ရပ်ကွက်လူကြီးတွေ…ပင့်လာတဲ့နတ်ဆရာက…နတ်တွေရောသရဲတစ္ဆေတွေကိုပါ…ကောင်းကောင်းနိုင်နင်းတယ်လို့ပြောကြတယ်။ ပြီးတော့နတ်ပွဲကြည့်…ပရိသတ်တွေရဲ့တောင်းဆိုချက်အရ…ဂေါက်ကွင်းမှာကျန်နေခဲ့တဲ့သရဲတွေကိုပါ…သွင်းပြီးလုပ်ပြပေးဦးမယ်ဆိုပဲ…။ နတ်ဆရာမရောက်ခင်ကတည်းက…လူတွေစိတ်ဝင်စားတာ…ပလူကိုပျံလို့….ပြောမဆုံးကြတော့ဘူး။ ပြီးတော့…ဂေါက်ကွင်းမှာကျန်ခဲ့ပြီးခေါင်းမာတဲ့သရဲတွေကို…အဲ့ဒီနတ်ဆရာက…နှင်ထုတ်ပြဦးမယ်လို့ကြားတယ်။ ဒီသတင်းဟာတစ်ရပ်ကွက်လုံးမကဘဲ…တစ်မြို့လုံးပျံနှံသွားတော့…အုန်းအုန်းကျွက်ကျွက်ကိုထလို့…။ ဒီအချိန်မှာ…ရပ်ကွက်ထဲကလူတွေကြည်ညိုကြတဲ့…ရဟန်းတော်က….”မလုပ်ကောင်းတဲ့…အလုပ်ကိုမလုပ်ကြပါနဲ့…အန္တရာယ်ရှိတယ်”…လို့ထူးထူးခြားခြားမိန့်ကြားလိုက်တော့…လူတွေအံ့သြကုန်တယ်…။ သိပ်ကိုစကားနည်းတဲ့သံဃာတော်က…မမိန့်စဖူးမိန့်လိုက်တော့…ဘာတွေများဖြစ်လာဦးမလဲလို့…လူတွေလည်းပိုပြီးစိတ်ဝင်စားသွားကြလေရဲ့…..။
နှစ်ကောင်ပေါင်းတော့ မင်းမနိုင် ( ဖြစ်ရပ်မှန် )
ညကြီးမင်းကြီး သရဲစာအုပ်လေးဖတ်ပြီး စောင်လေးကိုအသာလေးခြုံ ၊ ညကြီးမင်းကြီး သရဲစာအုပ်လေးဖတ်ပြီး စောင်လေးကိုအသာလေးခြုံ ၊ ခြေထောက်ကလေးကို ကွေးထားတုန်းရှိသေး ဖုန်းသံကြားလို့ ရင်ထဲ လန့်သွားမိတယ် “ ဟဲလို… ” “ ဟဲလို…မမလား ဒီမှာ ဖေဖေ သောင်းကျန်းနေလို့ အမြန်လာခဲ့ကြပါ ” တစ်ဖက်က လေးသံနဲ့ ဖုန်းနံပါတ်အရတော့ ကိုယ့်ရဲ့ ယောင်းမဆိုတာကို သေချာလေးသိထားတယ် ၊ ဒါပေမယ့်အခု သူဖုန်းပြောနေတဲ့အသံက တော်တော် ကြောက်ပြီးအသံတွေတောင်တုန်နေတယ်လေ… ၊အနောက်ဘက်မှာလည်း သူ့ဘက်ကနေ ဆူညံသံတွေ ဝုန်းဒိုင်းကြဲသံတွေကြားနေရတယ် ၊ အဖေ သောင်းကျန်းနေတယ်ဆိုတော့ ပိုစိတ်ပူသွားမိတာအမှန်ပဲ… ၊ သူ့အဖေဆိုတာလည်း ကိုယ့်ယောက္ခထီးဆိုတော့ ကိုယ့်အဖေပဲလေ… ၊ ယောက္ခထီး သောင်းကျန်းနေတယ်ဆိုတော့… နည်းနည်းအံ့သြသွားမိတယ် ၊ ကိုယ့် ယောက္ခထီး နာမည်က ဦးမျိုးဇင် […]
တောကြီးတစ္ဆေနဲ့ တိုက်ချောင်းဖျားက တစ္ဆေများ အပိုင်း (၃) ဇာတ်သိမ်းပိုင်း
ဦးတင်လှမောင်နှင့် ဦးစံဘိုတို့မှာ တောလမ်းသွားကြမည့်ဖြစ်၍ ခေတ်ပျက်ကြီးနှင့်လည်း ကြုံနေကြရသဖြင့် ကိုယ်ရံစောင့်အဖြစ် လှံကြီးတစ်ချောင်းနှင့် ဓါးမတစ်ချောင်း၊ တစ်ယောက်လက်နက်နှစ်ခု ယူလာကြသည်။“ဒီလိုဆိုရင်လည်းကွာ၊ မပြောကောင်း၊ ပြောကောင်း ဟင်းကောင်နဲ့သာ ရင်ဆိုင်ရရင်တော့ မင်း အသားထမ်းကိုပဲ ဖြစ်ဖြစ်၊ ငါ့ အသားထမ်းကိုပဲဖြစ်ဖြစ် ချပစ်ခဲ့မှ ဖြစ်မယ်နော်။ အဲဒါတော့ သတိရှိဖို့ လိုလိမ့်မယ်”သူတို့နှစ်ယောက် ခပ်မှန်မှန်လျှောက်လာကြရင်း နေလုံးလည်း ကွယ်သွားလေသည်။ သို့သော် အော်သကဲ၊ ချောင်းသာ၊ ချောင်းသာမှ စမ်းချောင်းဟု ဖြတ်လမ်းတွေကိုချည်း ဖြတ်လျှောက်ခဲ့ကြ၍ ခရီးက သိပ်မရှည်တော့ပေ။ လေးပုံတစ်ပုံခန့်မျှ တိုသွားလေသည်။ သို့သော်လည်း သူတို့ ယခု စစ်ပြေး ခိုလှုံနေကြသည့် တိုက်ချောင်းထဲသို့ ရောက်အောင်တော့ သံပရာချောင်းဖျားမှ တိုက်ချောင်းသို့ ရောက်အောင်တော့ သံပရာချောင်းများမှ တိုက်ချောင်းသို့ ရောက်အောင် တောလမ်းချည်းသက်သက် တစ်နာရီခွဲမျှ လျှောက်ကြရပေဦးမည်။ဖြတ်လမ်းက လူသွားလူလာနည်းသဖြင့် […]
တောကြီးတစ္ဆေနဲ့ တိုက်ချောင်းဖျားက တစ္ဆေများ အပိုင်း (၂)
တစ်သက်တာလုံး တစ္ဆေ၊ သရဲကို မကြောက်တတ်ခဲ့သော ဦးကျောက်လုံး သည်နေရာတွင် တောကြီးတစ္ဆေနှင့် ရင်ဆိုင်တွေ့ရလေသည်။နေညို၍ ညနေစာ ချက်ပြုတ်နေချိန်ကပင် တောထဲက ဘာသံမှန်းမသိသော ကြောက်စရာ အသံကြီးတွေကို စတင်ကြားလာရသည်။ သို့သော်လည်း ဦးကျောက်လုံးကား လုံးဝမကြောက်။ သူ့အလုပ်သူ ဆက်လုပ်နေသည်။ ထိုအသံကြီးတွေမှာလည်း နေညိုလာသည်နှင့်အမျှ ပို၍ ကျယ်လောင်လာလေသည်။သို့သော်လည်း ဦးကျောက်လုံးက လုံးဝမကြောက်။ ထမင်းကျက်သည်နှင့် ခူးခပ်စားလေသည်။ ထမင်းစားပြီးသည့်အချိန်တွင် နေလုံးသည် ပျောက်လေသည်။ ထိုအခါ လူနှင့်တူသော မည်းကြုတ်ကြုတ် သတ္တဝါကြီးတစ်ကောင်သည် ရိုးမဘက်ဆီက ဦးကျောက်လုံး၏ တောင်ယာတဲဆီသို့ တရွေ့ရွေ့နှင့် လျှောက်လာနေလေသည်။ထိုမျှ တောကြီးတစ္ဆေ သူ့တဲဆီသို့ လျှောက်လာနေသည်ကို ပြတ်ပြတ်သားသား မြင်နေရသည့်တိုင်အောင် ဦးကျောက်လုံးကား လုံးဝကြောက်စိတ်မရှိ။ သတ္တဝါကြီးကိုသာ စိုက်ကြည့်နေသည်။ ထိုသတ္တဝါကြီးသည် မှောင်ရီသမ်းစအချိန်တွင် ဦးကျောက်လုံး၏ တောင်ယာနားသို့ ရောက်လာလေသည်။ ဦးကျောက်လုံးက […]
တောကြီးတစ္ဆေနဲ့ တိုက်ချောင်းဖျားက တစ္ဆေများ အပိုင်း (၁)
သူတို့ရွာ၌ ဦးအောင်သိန်းသည် စကားပြော အလွန်ကောင်းသည်။ ပုံတိုပတ်စ အတော်များများကို တစ်ခုနှင့်တစ်ခု မရိုးရ၊ အီ၍မသွားရအောင် လူကြီးလူငယ် အရွယ်အလျောက်အသက် အပိုင်းအခြားအလိုက် စိတ်ပါဝင်စားအောင် တစ်ပုဒ်ပြီးတစ်ပုဒ် ပြောပြနိုင်စွမ်းရှိသည်။ထို့ကြောင့် ညနေချိန်ရောက်တိုင်း ဦးအောင်သိန်း၏ အိမ်၌ လူစည်ကားသည်။ နေ့ခင်းနေ့လည်များတွင်လည်း နွားကြိုးကျစ်ရင်း၊ နှီးဖြာရင်း၊ တောင်းခမောက်ရက်ရင်းနှင့် ရောက်လာကြပြီး နားထောင်လေ့ရှိကြသည်။ ဦးအောင်သိန်းက စကားအပြောကောင်းသည်ကြောင့် ရောက်လာကြသည့်လူများမှာလည်း နားထောင်၍ မငြီး။ ရိုးအီ၍ မသွား။ ထမင်းမေ့ ဟင်းမေ့ ဖြစ်ကြရသည်။ဦးအောင်သိန်း ပြောပြသည်က ဘာသာရပ်တစ်ခုတည်းမဟုတ်။ ဝတ္ထုမဂ္ဂဇင်းတွေထဲက အကြောင်းသက်သက်မဟုတ်၊ ရာဇဝင်နိပါတ်တော်တွေထဲက အကြောင်းသက်သက်လည်း မဟုတ်။ သူဖြတ်သန်းလာခဲ့သော ခေတ်၊ မျက်မှောင်ခေတ်နှင့် ပိဋကတ်တော်၊ အဌကထာ ဋီကာ စသော စာကြီးစာခိုင်တို့အထြကလည်း များစွာပင် ပါဝင်လေသည်။ထို့ကြောင့် လူကြီးလူငယ် အရွယ်မရွေး မရိုးမအီရအောင် […]
Hinnagami လို့ခေါ်တဲ့ လိုတရဝိဉာဉ်
Hinnagami များဟာ အလွန် စွမ်းအားမြင့်တဲ့ ဝိဉာဉ် (spirits)တွေ ပဲဖြစ်ပါတယ်။ Hinnagami တို့ဟာ အရုပ်များထဲတွင် စွဲကပ်နေထိုင်ပြီး သခင်ဖြစ်သူရဲ့ လိုအင်ဆန္ဒတို့ကို ဖြည့်ဆည်းပေးတဲ့ ဝိဉာဏ်တစ်မျိုးဖြစ်တာကြောင့် လိုတရ ဝိဉာဏ်များဟုပင် ခေါ်ဝေါ်ခဲ့ကြပါတယ်။hinnagami ဟာ သခင် ဖြစ်လိုတဲ့ ဆန္ဒ အမျိုးမျိုးကို ဖြည့်ဆည်းပေးတာကြောင့် hinnagami ဝိဉာဏ်ပိုင်ဆိုင်သည့် သူများဟာ လျင်မြန်စွာ ကြီးပွားချမ်းသာလာကြပါတယ်။ အဲ့ဒါကြောင့် ဂျပန်နိုင်ငံတွင် ရုတ်တရက် အောင်မြင်ကြီးပွား ချမ်းသာလာသူများကို hinnagami မွေးထားသူများဟု သံသယရှိကြခြင်းပဲဖြစ်ပါတယ်။hinnagami တို့ဟာ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးနေစဉ် နောက်ထပ်တခုကို တောင်းဆို၍ မရဘဲ တကြိမ်လျှင် ဆန္ဒတခုသာ ဖြည့်ဆည်းပေးပါတယ်။ သို့သော်လည်း ပထမဆန္ဒတစ်ခု ပြီးမြောက်ပါက နောက်ထပ် ဆန္ဒတစ်ခုဖြည့်ဆီးပေးရန် မိမိသခင်အား လာရောက်မေးမြန်းနေမှာ ပဲဖြစ်ပါတယ်။အဲ့လိုနဲ့ hinnagami […]