Healthy

ကျောက်သင်ပုန်းရွက်အစွမ်း အံ့မခမ်း

ဒါကတော့(Peperomia pellucida) ကျောက်သင်ပုန်းရွက်(သို့) နတ်သမီး ကွမ်းရွက်လို့ ခေါ်ပါတယ်။ ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကို ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။ ဒီအပင်မှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidants ပါ၀င်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီး ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါ၀င်ပါတယ်။ တိုင်းရင်းဆေးသမားတော်များကတော့ ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် ဒီအပင်ကို သုပ်စားခြင်း၊ ပြုတ်စားခြင်းတို့ဖြင့် အသုံးပြုကြပါတယ်။ ဆေးအဖြစ် အသုံပြုပုံများ- (၁) ရင်သားကင်ဆာရောဂါအတွက် အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင် သက်သာပျောက်ကင်းစေပါသည်။ (၂) ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမ်ျိုး၊ အနာစိမ်း၊ ပြည်တည်၊ ၀က်ခြံနာ၊ အရေပြားရောဂါအမျိုးမျိုးတို့အတွက် အရွက်ခပ်သန့်သန့်ကို […]

Healthy

လေဖြတ်ထားလို့ စကားမပီပဲ လုံးဝါးနေသူများ အတွက် တကယ်စွမ်းတဲ့ ဆေးနည်းလေမို့ မျှဝေလိုက်ပါတယ်

လေဖြတ်ပြီး စကားမသွက်ပါက လေဖြတ်ပြီးနောက် စကားမသွက်သူများ၊စကားမပီသ သူများ ရှိနေကြပါသည်။မိဘဆွေမျိုးများနှင့် ရင်းနှီးသော မိတ်ဆွေများထဲတွင်လည်း မကြာခဏမြင့်တွေ့ရ၍ အတော်စိတ်မကောင်းဖြစ်ကြပေ လိမ့်မည်။ မိတ်ဆွေတစ်ဦး လေဖြတ်သည်ကြား၍ သွားရောက်ကြည့် ရှု့ရာ ထိုဝေဒနာရှင်မှာ စကားများစွာပြောနေရှာသော်လည်း ဗလုံးဗထွေးဖြစ် နေရှာ၍အတော်ကို စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ နောက်တစ်ဖန် ထပ်မံသွားရောက်ခဲ့ရာ ယခင်နှင့် မတူစကားပြောသံကို ပီပီသသသဲသဲ ကွဲကွဲကြားရပြီး စကားပြောပါသွက်လာသည်မို့ ဘာလိုကုလိုက်တာလဲ မေးကြည့်ရာ ဆေးနည်း သပွတ်ခါးသီးကို တောကများများရှာ၀ယ်ပြီး လူတစ်ယောက် ကောင်းကောင်းနင်းနိုင်အောင်ကျယ်သည့် စဉ့်အင်ဒုံတွင် ဆား(၁၀)သားအောက်ခံထားကာ အပေါ်တွင် သပွတ်ခါး သီးစိမ်း(၁၀)လုံးကို တင်၍ နေ့တိုင်း နံက်တစ်ခါ ညနေတစ်ခါ နင်းပေးခြင်းကြောင့်ဖြစ်သည်ဟုဆိုပါသည်။ အိပ်ရာမှမထနိုင်သူများအား သပွတ်ခါးသီးနှင့် ဆားရောပြီးအမြှုပ်ထနေသော သပွတ်ခါးဖြင့် ခြေထောက်နှင့်လက်များကို ပွတ်ပေးရသည်ဆိုပါသည်။သပွတ်ခါးကိုအမြှုပ်ထွက်အောင်ပြုပြီးလည်းပွတ်တိုက်ပေးနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သပွတ်ခါး၏အခါးသည် ပါးစပ်ဆီ သို့အခါးဓာတ်ရောက်ရှိစေပြီး စကားပြောပီသလာ […]

Healthy

သင့်ကျန်းမာရေးအတွက် ပေါက်ပန်းဖြူအသုံးဝင်ပုံ

ပေါက်ပန်းဖြူပွင့်ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက်ကဲ့သို့ ခပ်၍သောက်သော်မောပန်းခြင်းကို ပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။ ပေါက်စေ့ကို သံပုရာရည်နှင့် ကြိတ်၍လိမ်းလျှင် ယားနာပွေးနာများ ပျောက်ကင်းသည်။ အစေ့ကို ရေတွင်စိမ်၍ အခွံနွှာပြီးလျှင် အတွင်းအဆန်ကို အခြောက်လှန်းကာ ကြိတ်၍ နံနက်၊ ည တစ်နေ့ ၂ ကြိမ်ဆက်စားပြီး (၄)ရက် မြောက်သောအခါ ဝမ်းနုတ်ဆေး (သို့) ဝမ်းပျော့ဆေးစားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်းလာမည်။ အရွက်ကို အားဆေး၊ အားတိုးဆေးဖော်စပ်ရာတွင် အသုံးပြုကြသည်။ ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို မျက်စဉ်း ခတ်ပေးပါက မျက်စိမှုန်ခြင်း၊ ဝေခြင်းတို့ ကို သက်သာစေသည်။ အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေသည်။ အတက်ရောဂါ၊ […]

Healthy

သွေးတိုးရောဂါရှိသူများ ရေအေးချိုးလျှင် သတိထား

ရေချိုးခြင်းသည် တစ်ကိုယ်ရေသန့်ရှင်းမှုဖြစ်သဖြင့် လူတိုင်းနေ့စဉ် လုပ်ဆောင်ကြရမည်ဖြစ်ပါ သည်။ ရေမချိုးသည့်နေ့တွင် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ စိတ်လက်မပေါ့ပါးခြင်း၊ မလန်းဆန်းခြင်းများ ဖြစ်နိုင်သည်။ ကိုယ်တွင်းငုပ်နေသော အခိုးအငွေ့များ အပြင်သို့ မထွက်ရသဖြင့် ကိုယ်တွင်းအဂါၤနှင့် ဦး ခေါင်း၊ မျက်နှာ၊ သွားနှင့် ခံတွင်း၊ မျက်စိများအထိပါ အခိုးများတက်ပြီး နေမကောင်းဖြစ်တတ်သည်။ လူတိုင်း နေ့စဉ် ရေချိုးသင့်သည်မှာ မှန်သော်လည်း အေးသောရာသီနှင့် ပူလွန်းသောရာသီများတွင် ရေချိုးမမှားဖို့ အထူးသတိပြု ဆင်ခြင်ရမည်ဖြစ်သည်။ သက်ငယ်ပိုင်းများအတွက်အရေမကြီးသော်လည်း သက်လတ်မှ လူကြီးပို်င်းများမှာ သတိပြုဆင်ခြင် ရေချိုးရမည်ဖြစ်သည်။ အထူးသဖြင့် အသက် ၅၀ နှစ်ကျော် သူများနှင့် သွေးတိုးရောဂါ ရှိသူများအတွက် ပို၍ သတိထားသင့်ပါသည်။ လွန်ခဲ့သောရက်ပိုင်းအတွင်းက စာရေးသူ၏ လူနာမိတ်ဆွေ အသက် ၅၈ နှစ် အရွယ် အမျိုးသမီး တစ်ဦးသည် […]

Healthy

ဆရာဝန်ကတောင် လက်လျော့နေရ တဲ့ ကျောက်ကပ်ဝေဒနာ ကို လုံးဝပျော က်ကင်းသွားအောင် ကုသနိုင်တဲ့ ဆေးနည်း

ကင်းမုန်သီးကို အလယ်ကနေခွဲပြီး ကျောက်ချဉ်အနည်းငယ်ထည့်ပေးရပါမယ် ။ ပြီးရင်တော့ မီးဖိုပေါ်မှာ မီးကင်ပြီး ရလာတဲ့ အသီးတွေရဲ့ အထဲက အရည်တွေကို ညှစ်ယူပြီး သောက်သုံးပေးရမှာပါ ။ အဆိုပါနည်းအတိုင်း တစ်နေ့ကို သုံးကြိမ်သောက်ပေးရမှာဖြစ်ပြီး တစ်ခါသောက်ရင် ကင်းမုန်သီး (၃)လုံးပဲ သောက်ရပါမယ်။ လက်တွေ့သောက်သုံးနေတဲ့ သူတွေကတော့ ကျောက်ကပ်ဝေဒနာတွေကိုသိသိသာသာသက်သာလာတာကို မြင်တွေ့ရမှာဖြစ်ပြီး..ကျောက်ကပ်အမြဲဆေးနေရတဲ့ သူတွေ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် တကယ့်ကို အသုံးတည့်တဲ့ ဆေးနည်းလေးဖြစ်တာကြောင့် မေတ္တာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ ။

Healthy

အာရုံကြောအားနည်း ခေါင်းချွေး တအားထွက် ဝမ်းချုပ် မူးဝေတာတွေ အတွက် ပျောက်ကင်း သက်သာစေမည့် ဆေးနည်း

ကျွန်တော် အာရုံကြောအားနည်း ခေါင်းချွေးတအားထွက် ဝမ်းချုပ် မူးဝေတာတွေတော့ အခုဘာဆေးမှ သောက်စရာ မလိုလောက်အောင် ဒီပျားသံပရာကို လုပ်စားကြည့်လာတာ အတော်လေးအဆင်ပြေသွားပါပြီ။ ခေါင်းချွေးများ ထွက်လာပြီဆို ဘာမှ မလုပ်ချင်လောက်အောင် စိတ်ပျက်မိတာ။ ပျားရည်တော့စစ်ဖို့လိုမယ်ထင်တယ်။ အရမ်းကောင်းတယ် မနက်အိပ်ယာ ထထချင်း ပျားသံပရာ စားလိုက်တယ် မုန့်ဟင်းငါး ငံပြာရည်ချက် ငပိရည် အခုအကုန်စားတာ သွေးတိုး မရှိတာ့ဘူး။ တအားတော့ မစားနဲ့ပေါ့ နော် မျှဝေပေးပါ လက်တွေ့ကောင်းတယ်။ အာရုံကြောအတွက် ဆေးကုထားတာ ချေလက်တွေ ထုံကြင်တာတွေ သက်သာ လာတယ်။ လက်တွေ့ဆေးအဖြစ် ရာသက်ပန် သုံးတော့မည်။ အခုပျားရည်အစစ် လိုက်ရှာနေတယ် ထပ်လုပ်ထားမလို့ ပြုလုပ်ပုံအဆင့်ဆင့် သံပရာသီးကို ဆားနဲ့ပွတ်ပေးပြီး ရေဆေးလိုက်။ ရေအခြောက်ခံ ရေပြောင်အောင်သုတ်ပြီး အကွင်းလေးတွေလှီး။ အစေ့ဖယ် လှီးပီးသား သံပရာသီးကို […]

Healthy

မြွေဆိပ်နဲ့အဆိပ်မျိုးစုံနိုင်တဲ့အပြင် သုတ်ခန်းတဲ့ရောဂါ ဝေဒနာအတွက်

“ပင့်ကူထိပ်ပိတ်”ပင်လေးတွေကတစ်နှစ်ခံအပင်လေးတွေပါ။ ခြုံရှင်းလိုက်တိုင်းပါနေကြအပင်လေးတွေပါ။ ပင့်ကူထိပ်ပိတ်အပင်ကိုတစ်နေရာတစ်မျိုးစီခေါ် ကြပါတယ်။ 1=ပင့်ကူထိပ်ပိတ်ပင် 2=အဆိပ်ပြေပင် 3=ကြောင်တစ်လွှားပင် 4=ပန်းသုံးဆင့်ပင် 5=ပင့်ကူအုပ်ဆောင်းပင် 6=အချိန်မနှောင်းပင် 7=ဆံမြိတ်မပြေပင် လို့ခေါ်ကြတာသိရှိရပါတယ်။ အမည်အမျိုးမျိုးရတဲ့”ပင့်ကူထိပ်ပိတ်ပင်”ရဲ့အစွမ်း သတ္တိကမြွေဆိပ်မျိုးစုံနဲ့သက်ရှိသတ္တဝါအားလုံးရဲ့ အဆိပ်တွေကိုအထူးနိုင်နင်းတယ်ဆိုတာပါပဲ။ မြွေကိုက်တဲ့လူနာကို ပင့်ကူထိပ်ပိတ်အရွက်တွေကို ရသလောက်အရည်ညှစ်ပြီးတိုက်လည်းတိုက် နှာခေါင်းထဲလည်းအစက်ချပေးရင်မြွေဆိပ်တွေကိုပြေကျစေတတ်ပါတယ်။ အရေပြားယားနာ တွေကို အရွက်သတ္တုရည် လိမ်းပေးရင် ဝေဒနာသက်သာစေပါတယ်။ အဆစ်ရောင်ရောဂါအတွက် သူ့အရည်ကိုပဲ ပိတ်ချင်းသီးအမှုန့်အနည်းငယ်နဲ့ရော သောက်ရင်အဆစ်ရောင်ရောဂါသက်သာပျောက်ကင်းစေပါတယ်။ ကိုယ်သားကိုယ်ရေဝါရောဂါနဲ့ သုတ်ခန်းတဲ့ရောဂါ တွေအတွက်သူ့အရွက်အသီးအပွင့်တွေကိုပြုတ်စား၊သုပ်စား၊ချက်စားရင်သက်သာစေသလိုအပင်ကိုပြုတ်ပြီးသကြားခပ်သောက်၊အရည်ညှစ်ပြီးသကြားခပ်သောက်၊အမြစ်သွေးရည်ကိုသကြားခပ်သောက်ရင်ပဲဖြစ်ဖြစ်သက်သာစေပါတယ်။ မှတ်ချက် ဆေးရည်တွေကိုအလွန်အကျွံမသောက်ဖို့တော့သတိထားပါ။အဆိပ်ပြေတဲ့အပင်များဟာသွေးပေါင်ကျတတ်လေ့ရှိပါတယ်။။

Healthy

စောင်းလျားသီးနှင့် ​ငါးပြေမ ချက်စားခြင်းအကျိုး

ကျောက်ကပ်မှာ ကျောက်တည်ရောဂါရှိနေရင် စောင်းလျားသီးအမှည့်ကို ငါးပြေမနဲ့ ဟင်းချက်စားပါ။ ကျောက်ကိုကြေစေပါတယ်။ ဆီးကို ရွှင်စေပါတယ်။ စောင်းလျားသီးဟာ ဆေးဖက်ဝင်တဲ့ စားစရာအသီးတစ်မျိုးဖြစ်ပါတယ်။ စောင်းလျားသီးကို စားပေးခြင်းဖြင့် ဆီးရောဂါ၊ ဝမ်းရောဂါ၊ သည်းခြေ၊ ကျောက်ကပ် စတဲ့ရောဂါများကို ကာကွယ်ပေးပါတယ်။ ဆီးချိုရောဂါရှိသူများ စောင်းလျားသီးအစိမ်းကို ငါးပြေမ သို့မဟုတ် အခြားငါးများနဲ့ ဓါတ်စာအဖြစ် မကြာခဏ ချက်စားပါ။ ရောဂါကို ထိန်းပေးနိုင်ပါတယ်။ ဒီဆေးနည်းဟာ မြန်မာတို့ရဲ့ ဆေးသိပ္ပံဆရာကြီးလို့ တင်စားခြင်းခံရတဲ့ ယောမြို့စားကြီး ဦးဘိုးလှိုင် ရေးသားပြုစုခဲ့တဲ့ ဥတုဘောဇန သင်္ဂဟကျမ်းမှ ဆေးနည်းများ ဖြစ်ပါတယ်။ စောင်းလျားသီး နှလုံးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ပေးတယ် စောင်းလျားသီးမှာ ကယ်လိုရီ ပါဝင်မှုနည်းပြီး ဗီတာမင် အေ၊ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်ပါတယ်။ ပိုလီဖီနောနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး […]

Healthy

အားဆေးဘုရင် ပေါက်နွယ်ပင် ပေါက်နွယ်ဥဆေး၏ အစွမ်းသတ္တိများ

အားကုန်အားပြတ်ရောဂါ၊သွေးဒူလာရောဂါ၊အဆုပ်ရောဂါ၊အမျိုးသမီးများ အရွယ်မလွန်ခင် ရင်သားတွဲကျ ခြင်း၊အသားအရေ တွဲကျခြင်း၊ပန်းသေပန်းညိုး ရောဂါများကို ပျောက်ကင်းစေတဲ့အပြင်ကျန်းမာသူများနေ့စဉ် အနည်းငယ်သုံးစွဲမည်ဆိုပါကအရွယ်တင်နုပျိုစေခြင်း အသားအရေ လှပစေခြင်းရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးပါတယ်။ အမျိုးသားများ ပန်းသေပန်းညိုး ဒူလာရောဂါ အင်အားကုန်လွယ်ခြင်း၊စိတ်သွားတိုင်းကိုယ်မပါခြင်းအမျိုးသမီးများ အလှအပတွက်ရော အမျိုးသမီးရောဂါများကာကွယ်ချင်တယ်ဆိုရင်တော့ အောက်ပါဆေးနည်းလေးကိုမှတ်ထားလိုက်ပါတော့။ ဆေးနည်း ပေါက်နွယ်ဥ. ၂ ကျပ်သား ဆီးဖြူသီး ၁ မူးသား သစ်ဆိမ့်သီး ၁ မူးသား ဖန်ခါးသီး ၁ မူးသား ပေါက်နွယ်ဥ အဆိပ်ထုပ် သန်စင်ပုံ ပေါက်နွယ်ဥ ကိုရေစင်ကြယ်စွာဆေးပါ အပေါ်ခွံကို ခွာ၍ ဥကိုပါးပါလှီးပါ ရေ ၃ ရက်စိမ်ပါ ၁ရက်၁ကြိမ်ရေလည်းးပေပါ ထိုနည်းသည် ပေါက်နွယ်ဥအတွင်းမှ အဆိပ်အတောက်များကို ဖယ်ထုပ်သန့်စင်သောနည်းဖြစ်ပါသည် ထို့နောက် ပေါက်နွယ်ဥကို ပေါင်းချောင်တွင်ပေါင်း ပြီးလျင် နေလှန်း အခြောက်ခံ၍ အမှုန့်ပြု ဆေးအဖြစ်သုံးလို့ရပါပြီ […]

Healthy

Healthy Living Simplified: Steps to Boost Your Well-being

In today’s fast-paced world, the concept of “healthy living” can seem complicated and overwhelming. We’re bombarded with countless diet trends, fitness regimens, and wellness advice, which can make the journey to a healthier lifestyle feel out of reach. However, healthy living doesn’t have to be complex. By focusing on a few key habits, you can […]