တာတေဆိုတဲ့ ကျုပ်က အင်မတန်မှ နှုတ်လုံတဲ့ကောင်ဗျ။ ဒါကြောင့်လည်း လူမသိအောင် လုပ်ရတဲ့အလုပ်တို့၊ စွန့်စွန့်စားစား လုပ်ရမယ့်အလုပ်တို့၊ အခြေအနေမဟန်ရင် အသက်ကို ဖက်ကလေးနဲ့ ထုပ်ပြီး ပြေးရမယ့် အလုပ်ဆိုရင် ကျုပ်ကိုလာလာပြီး အဖော် ခေါ်တတ်ကြတယ်ဗျ။ ခင်ဗျားတို့လည်း သိပါတယ်ဗျာ၊ တာတေတစ်ယောက် ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးခဲ့ရတဲ့ အကြိမ်တွေ မနည်းတော့ပါဘူးဗျာ။ အခုလည်း တာတေကိုယ်တိုင် ပါဝင်ပတ်သတ်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်လို့ဗျ။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲဗျာ။ ကျုပ်တို့အညာဒေသဆိုတာက ပူပြီဆိုရင် လွှတ်ပူတာလေ၊ အေးပြီဆိုရင်လည်း မေးရိုက်အောင်ကို အေးတာဗျ။ ဒီနေ့လည်း ပူလွန်းလို့ တာတေ ဘယ်မှကို မသွားတာဗျ။ ကျုပ် ထုံးစံအတိုင်းပေါ့ဗျာ။ ကျုပ်တို့ဝိုင်းထဲက မန်ကျည်းပင်ကြီးအောက်က သစ်သားကွပ်ပျစ်ပေါ်မှာပဲ ဝါးပိုးခြမ်းကလေး ခေါင်းအုံးပြီး မှောက်လိုက် လှန်လိုက်လုပ်နေတာ။ ကျုပ်က […]
Horror Story
ဖျာလိပ်ထမ်းတဲ့ည (စ/ဆုံး)
ညောင်းကုန်းဆိုတဲ့ရွာလေးတရွာမှာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ် မင်းအောင် ကျော်မိုးတဲ့ သူတို့နှစ်ယောက်ကစိတ်တူကိုယ်တူ ဘာလုပ်လုပ်အတူတူပါ အရက်မူးတော့လည်းအတူတူ ဆိုးပေတေ နေတော့လည်း သူတို့နှစ်ယောက် အတူတူပါပဲ တနေ့တော့ မင်းအောင်နဲ့ကျော်မိုးတို့အရက်သောက်နေတုန်း ညိုကြီးတို့ အရက်သမားအဖွဲ့ပါရောက်လာတာပေါ့ ညိုကြီးက သူများကိုမခံချင်အောင်ပြောတဲ့နေရာမှာနှစ်ယောက်မရှိဘူး ညိုကြီးရောက်ရောက်ခြင်းပဲ မင်းအောင်နဲကျော်မိုးနားသွားပြီး စကားစလာပါတော့တယ် ‘ ‘ဟေ့ကောင်တွေ မင်းတို့နှစ်ယောက်နဲ့အရက်ပြိုင်သောက်မယ်ကွာ ငါစိန်ခေါ်တယ် ” ဟိုနှစ်ကောင်ကလည်းဆက်ဆက်ထိမခံတွေလေ ”ကြာသလားလို့ ညိုကြီးရယ် လာခဲ့ အခုသောက်မယ် ” သူတို့တွေအရက်ပြိုင်သောက်တာ ညိုကြီး ရှုံ းသွားပါတော့တယ် ”ငါရှုံ းသွားပြီကွာ ဒါနောက်ဆုံးစိန်ခေါ်တာပဲ” ”ပြောကွာ ထပ်ပြိုင်မယ် ”’ ”’မင်းတို့နှစ်ယောက် ငါတို့ရွာရဲ့ အနောက်ဘက်ကုန်းမှာရှိတဲ့ ညောင်ကုန်းသချို င်းထဲကို ဖျာလိပ်ထမ်းပြီးသွားရဲရင် မင်းတို့သောက်သမျှ အရက်ဖိုးကို ငါနေ့တိုင်းရှင်းပေးမယ် ” အရင်က သချိုင်းထဲမှာ ဖျာလိပ်ထမ်းပြီးသွားတယ်ဆိုတာ […]
လူသေရင် တစ္ဆေဖြစ်သတဲ့လား(စ/ဆုံး)
တကယ်တော့ လူသေတိုင်း တစ္ဆေဖြစ်တာ မဟုတ်ဘူးဗျ။ ဒီအကြောင်းတွေကို မဖဲဝါ ပြောပြလို့ ကျုပ်လည်း သိတာဗျ။ ဒီလိုဗျို့။ အညာနွေခေါင်ခေါင်ကြီးဗျ။ ကျုပ်တို့ရွာက ဘွားမယ်စိုးကြီး ဆုံးသွားပါရောဗျာ။ ဖြစ်တာကတော့ လူကြီးရောဂါပါ။ တရှောင်ရှောင် ဖြစ်နေရာက နေပြီး အားယုတ်လာတာပေါ့ဗျာ။ နောက်ဆုံး အစာမဝင်တော့ဘဲ ဆုံးသွားတာဗျို့။ ကျုပ်တို့အညာမှာက ဒီလိုတကယ်ပူတဲ့ အချိန်မှာ လူသေရင် ရက်မထားဘူးကြဘူးဗျ။ နေ့ချင်းသင်္ဂြိုဟ်ကြတယ်။ပူတဲ့အရပ်ဆိုတော့ ချက်ချင်း ပုပ်တာဗျ။ ခုလည်း ဘွားမယ်စိုးကြီး အသုဘကို နေ့ချင်းသင်္ဂြိုဟ်ဖို့ ပြင်ကြတာပေါ့ဗျာ။ ညနေလေးနာရီထိုးတာနဲ့ ကြေးစည်ထုပြီး အသုဘ ချတယ်။ ဘွားမယ်စိုး ဆိုတာက ကျောင်းအစ်မကြီးဗျ။ ရွာဦးကျောင်းမှာလည်း ကျောင်းလှူတယ်။ ကျုပ်ဆရာတော်ကျောင်းမှာလည်း ကျောင်းလှူတယ်ဗျ။ အိမ်မှာလည်း တစ်နေ့လုံး ပုတီးတချောက်ချောက် စိပ်နေတာဗျ။ ကျုပ်တို့ တစ်ရွာလုံးကတော့ ဘွားမယ်စိုးကြီးကို နတ်သမီး […]
အောင်မြတ်သာနှင့်သွေးစုပ်ငှက်ပျောပင်(စ-ဆုံး)
ကျွန်တော်နာမည်က သက်ခိုင်ပါ။ ဆရာနဲ့မတွေ့ခင်အထိကတော့ ကျွန်တော်က လူပေလူတေ အရက်သမားတစ်ယောက်ဖြစ်ခဲ့တယ်။ ကျွန်တော်ဘဝ.ကျွတ်ချိန်တန်လို့လားတော့မသိဘူး။ ဆရာနဲ့တွေ့ဆုံခွင့်ရခဲ့တယ်။ ဆရာကြောင့်လဲ ကျွန်တော်လူသားတွေရဲ့အကျိုးကိုဆရာနဲ့တူတူလိုက်လံကူညီခွင့်ရခဲ့တယ်။ ဆရာရဲ့ပညာကခန့်မှန်းမရလောက်အောင် အစွမ်းရှိတာကို ကျွန်တော်သိခဲ့ရတယ်။ ဆရာနဲ့တူတူ အောက်လမ်း၊.ပယောဂ၊ နတ်တိုက်၊ စုန်းတိုက်တွေကို နှိမ်နှင်းရင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသဖြစ်တဲ့ ရာမည(ခေါ်)မွန်တို့ဒေသကိုရောက်ခဲ့တယ်။ မွန်တို့ရဲ့ဒေသရိုးရာအရ အိမ်တွေကို တစ်ပြေးညီမဆောက်ကြပဲ တစ်ဆင့်နှိမ့်ကာဆောက်ထားတာကိုလဲ တွေ့ရတယ်။ မုဒုံမြို့ရဲ့ အထင်ကရ မုဒုံကန်ကြီးစေတီကို.ဝင်ရောက်ဖူးမျှော်ရင်း ဆရာတပည့်နှစ်ယောက် မိမိလုပ်စရာရှိတဲ့ ပုတီးစိပ်ခြင်း၊ အင်းကွက်ရေးဆွဲခြင်းတွေကို လုပ်နေလိုက်တယ်။ ပုတီးစိတ်နေတဲ့အချိန် ကျွန်တော်နှာခေါင်းထဲမှာ အလွန်မွှေးပျ့ံတဲ့အနံ့တစ်မျိုးကိုရလိုက်တယ်။ သာမန်ရေမွှေးတွေနဲ့မတူတဲ့ရန့ံ ရေမွှေးန့ံနဲ့မရှေးမနှောင်းမှာ မိန်းမတစ်ချို့ရဲ့စကားတိုးတိုးပြောသံကိုကြားလိုက်ရတယ်။ ကျွန်တော်လဲကိုယ့်အလုပ်ကိုပီးအောင် လုပ်ပြီးတဲ့အချိန် မျက်လုံးဖွင့်လိုက်တော့ ဆရာအနားမှာ အကျႌအနက်ရောင် ဝမ်းဆက်နဲ့မိန်းမငယ်၃ဦး ကျို့ကျို့လေးထိုင်နေတာကို တွေ့လိုက်ရတယ်။ ပတ်ဝန်းကျင်က လူတွေက သူတို့ကိုသတိထားမိဟန်မတူပဲ ယောဂီလုံချည်နဲ့ယောဂီအကျႌဆင်တူဝတ်ထားတဲ့ ဆရာနဲ့ကျွန်တော့်ကိုသာ ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြတယ်။ […]
ဖုတ်ဝင်သူ နှင့် ဆရာလိမ် (စ-ဆုံး)
“နောင်..ဝေ…ဝေ…” “သံဃာတော်များဆွမ်းခံရန်ကြွလာပါပြီခင်ဗျာ..” မနက်အာရုဏ်တက်ချိန်မှာကြားရသော အသံက နိဗ္ဗာန်ဆော်၏ ဆွမ်းလောင်းလှူရန်နှိုးဆော်သံ အသိပေးသံမို့ သာယာနာပျော်ဖွယ်ရှိလှပါဘိ..။ မနက်ခင်းဆို ကြေးစည်သံနှင့် နိဗ္ဗာန်ဆော်သံက အသာယာဆုံးမနက်ခင်းတေးသွားများပင်..။ ရွာဦးကျောင်းက ကပ္ပိယကြီးရဲ့နိဗ္ဗာန်ဆော်သံနှင့်အတူ ရွာတန်းတစ်လျှောက်မှာဆွမ်းလောင်းလှူဖို့အဆင်သင့်ဖြစ်နေသော ရွာသူရွာသားများ…။ စီတန်း၍ မျက်လွှာချကာ အိန္ဒြေသိက္ခာရှိစွာကြွလှမ်းလာသော ရွာဦးကျောင်းမှ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများလောင်းလှူကာ ရှိခိုးဦးချကြသော ပုံရိပ်များက ဒီရွာလေးကို သာယာအေးချမ်းသောရွာလေးအဖြစ် ပုံပေါ်စေသည်..။ တကယ်လဲ ဒီရွာလေးက သာယာအေးချမ်းသည့်ရွာလေးပင်..။ ရွာလေးအမည်က သပြေတန်းရွာဖြစ်ကာ ဒီရွာလေးက ပဲခူးရိုးမနှင့်ကပ်လျက်ရှိနေသော တောင်ခြေရွာလေးပင်..။ ရွာမှလူများကလဲ တောတက်၍ မီးသွေးဖုတ်ခြင်း ၊ သစ်ခုတ်ခြင်း ၊ တောင်ယာစိုက်ခြင်းများပြုလုပ်ကာ အသက်မွေးကြသူများပင်..။ သူခိုးသူဝှက်ကင်းရှင်းကာ တောအရက်ဆိုင်ပင်မရှိသည့် ရွာလေးဖြစ်ကာ တစ်ရွာလုံးက ဘာသာတရားကိုင်းရှိူင်းကြသည်..။ မနက်စောစောဆွမ်းလောင်းပြီးသည်နှင့် တစ်ရွာလုံးသက်ဆိုင်ရာ အလုပ်ခွင်ဝင်ဖို့ပြင်ကြဆင်ကြတော့သည်..။ ဒီထဲမှာလဲ ကိုသာလှနှင့်မခင်မြတို့လင်မယားလဲအပါအဝင်ပင်..။ကိုသာလှက တောတက်ကာသစ်ခုတ်ရင်းမီးသွေးဖုတ်သူ ဖြစ်ပြီး […]
သေမင်းနေတဲ့ရွာ(စ/ဆုံး)
အညာဆောင်းဗျ။ နေ့ရော ညရော အေးနေတော့တာဗျို့။ အညာ စောင်ကြမ်း ထူထူကြီးတွေအောက်မှာ ဂုန်နီ အိတ်ဖျင်ကပ်ပြီး ခြုံရတာဗျ။ ဒါမှ နွေးနေတာ။ ဒါတောင် ညဦးပိုင်းမှာ မီးလှုံကြသေးတာ။ မီး လှုံမှ အိပ်လို့ရတာဗျ။ သိပ်အေးတဲ့ရက်တွေဆိုရင် ကိုယ်ခြုံမယ့်စောင် ကို နေလှမ်းထားရတယ်။ နေမဝင်ခင် စောင်ကို ရုတ်ပြီး ခေါက်ထားရတယ်။ ဒါမှ ညဆိုရင် နွေး နေတာ။ ဒီလို ဆောင်းညတွေမှာ ဟိုဝိုင်း ဒီဝိုင်း သွားပြီး မီးလှုံရင်း လက်ဖက်ရည်ဝိုင်းဖွဲ့ရတာ လည်း တော်တော်ပျော်စရာကောင်းတာဗျ။ နေ့လယ်တည်းက ကျောက်ခဲက ကျုပ်ကို ချိန်း ထားတာဗျို့။ “ကိုကြီးတာတေ၊ ဒီည ဘိုးပုတို့ဝိုင်းမှာ လူစုံမယ် ဗျ။ အရီးမသိန်းကြည် မြို့ကဝယ်လာတဲ့ ကန် စွန်းဥတွေ ဒီည ပြုတ်ကျွေးမှာတဲ့” […]
သူ့နေရာ ကိုယ့်နေရာ(တစ္ဆေသရဲဇာတ်လမ်း)
” ထွန်းခင် မြန်မြန်လျှောက်စမ်းကွာ၊ ဟိုက ပွဲထွက်နေပြီ ” ” ဟာ အကိုမြဒင်ကလည်း ဒီထက်မြန်ချင်လည်း ဖင်..ဂျက်သာတပ်ပေးတော့ဗျာ ၊ တကတဲ..သူတို့ဘာသာ အရက်ဝင်သောက်လို့နောက်ကျ နေသာကို ” ” ဟားဟား ဟားဟား …အေးပါကွာ ” ရှေ့ကသွားနေတဲ့ ၁၆နှစ်သား လူပျိုပေါက် ထွန်းခင်ကို ရိုးလမ်းလေးပေါ်မှာ တန်းစီလျှောက်နေကြတဲ့ မြဒင်တို့ ကာလ သားကြီးများက နှေးသည်ဟုဆိုကာ စနေကြခြင်းဖြစ်၏။ လက်နှိပ်ဓာတ်မီးတဝင်းဝင်းနဲ့ ကန်သင်ရိုးပေါ်မှ သူတို့ငါး ယောက်သည် တဖက်ရွာမှ ဇာတ်ပွဲကြည့်ရန် သွားနေခြင်းဖြစ် သည်။ ပွဲကြည့်ရန် ညနေစောစောကတည်းက လူစုကာ ထွက် ခဲ့ကြပေမဲ့ မြဒင်တို့ ကာလသားကြီးများက အရက်ဝင်သောက် နေ၍ ယ္ခုလို နောက်ကျ သွားခြင်းဖြစ်သည်။ ထွန်းခင်ကလွဲရင် ကျန်သည့် မြဒင်၊အေးငွေ၊တာတီးနှင့်တော်ကျော်တို့မှာ […]
အောင်မြတ်သာနှင့်ခေါင်းလောင်းစောင့်ယက္ခ(စ/ဆုံး)
“မင်းခေါင်..ရေ. မြန်မြန်လုပ်ပါဟ ကားထွက်တော့မယ် မင်းမလဲ အိမ်သာတစ်ခါတက်ရင် ထွက်ကို မထွက်လာတော့ဘူး” စိတ်မရှည်စွာဖြင့် ပြောဆိုရင်း ကိုထွန်းဇံ တစ်ယောက် လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ “လာပါပီ ကိုထွန်းဇံရယ် ညက မျှစ်ချဉ်ဟင်းက အစွမ်းပြနေလို့ပါဗျာ” “ကဲ ကားပေါ်တက်တော့ ဟိုမှာမင်းကိုပဲစောင့်နေကြတာ ဘုရားဖူးတွေစုံပီလားဟေ့ ကိုယ့်လူကိုယ်စစ်ဦးနော် တော်ကြာ ကျန်နေခဲ့ဦးမယ်” ကာလသားခေါင်းဆောင် ကိုထွန်းဇံက စိုးရိမ်တကြီး လှမ်းမှာရင်း ကားခေါင်းခန်းထဲ ဝင်ထိုင်လိုက်သည်။ ကားခေါင်းခန်းမှာ ထိုင်နေရင်း လွယ်အိတ်ထဲက ကွမ်းယာတစ်ယာထုတ်ဝါးနေလိုက်သည်။ “ဒီတစ်ခါ မင်းကွန်းခေါင်းလောင်းကို သွားကြမှာနော် ဟုတ်တယ်မလား.ကိုထွန်းဇံ” “အေး ဟုတ်တယ်လေ ဘာဖြစ်လို့လဲ” “ဘာမှမဖြစ်ပါဘူးဗျာ တစ်ခုခုလွဲချော်မှာစိုးလို့ပါ” အညာလေပူပူတွေက ကားပေါ်ပါလာတဲ့သူတွေရဲ့ ခန္ဓာကိုယ်အနှံ့ကို လာရောက်ကျီဆယ်နေကြသည်။ ကားလမ်းတစ်လျောက် ဈေးသည်တွေ ဥဒဟိုသွားလာနေကြတာကို ငေးကြည့်ရင်း မင်းကွန်းခေါင်းလောင်းထားရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။ “ကိုယ့်အဖွဲ့ […]
စုန်းထီးကြီးဦးဘသာနှင့် ပါးစပ်စီးတဲ့ မကပ်စေး
(၁) ကျုပ်တို့ရွာမှာ မကပ်စေးလို့ပြောလိုက်ရင်တော့ ရွာလယ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ပုပု၀၀မိန်းမကြီးတစ်ယောက်ကို ပြောတာပဲဗျာ၊ မကပ်စေးက အသက်က သုံးဆယ့်ငါးလောက်ရှိသဗျ၊ အညာသူအသားအရေအတိုင်း ညိုမည်းမည်းပဲပေါ့ဗျာ၊ ဈေးဆိုင်ဖွင့်ပြီး မိုးလင်းမိုးချုပ် ဈေးထိုင်ရောင်းနေရတာဆိုတော့ လူကလည်း အဆီပိတ်ပြီး ဝလာတာပေါ့ဗျာ၊ အရပ်ကလည်း ခပ်ပုပုကိုးဗျ၊ မကပ်စေးက တခြားနေရာမှာသာ ကပ်စေးနဲတတ်ပေမယ့် သူစားဖို့အတွက်ကျတော့ ကပ်စေးမနဲဘူးဗျာ၊ ဒါကြောင့်လည်း ဆိုင်စောင့်ရင်း အမြဲတမ်းတစ်ခုမဟုတ်တစ်ခုစားပြီး ပါးစပ်ကလေးတလှုပ်လှုပ်ရယ်ဗျ၊ ဒါကြောင့် သူ့ရုပ်က ဝက်ရုပ်၊ ပုပ်တောင်းရုပ်ကြီးဖြစ်နေတာကိုးဗျ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင် အခုခေတ် ရုပ်ရှင်သရုပ်ဆောင် ကစ်ကစ်ရုပ်မျိုးပဲ၊ အသားကတော့ အတော်ကလေးပိုမဲတာပေါ့ဗျာ။ မကပ်စေးဆိုတဲ့စကားအတိုင်း အလွန်ကပ်စေးနဲတဲ့သူဗျ၊ ဈေးရောင်းနေပေမယ့် လက်ကလည်းအလွန်တိုတဲ့သူ၊ ဈေးရောင်းတဲ့အခါလည်း အလွန်တိကျတယ်၊ ချိန်ခွင်ကိုတောင်လျှာအစောင်းခံတဲ့လူမဟုတ်ဘူးဗျာ၊ တစ်ခါသားကလည်း ကျုပ်ကိုအမေက ကြက်သားနဲ့ရောချက်ဖို့ အာလူးသွားဝယ်ခိုင်းတယ်ဗျာ၊ ကျုပ်လည်း မကပ်စေးတို့ဆိုင်ကိုပဲ ပြေးခဲ့တာပေါ့ဗျာ၊ အာလူးငါးဆယ်သားဝယ်တော့ မကပ်စေးက […]
အောင်မြတ်သာနှင့် တိုက်နွားနီ(စ/ဆုံး)
ဒုန်း ဒုန်း ဒုန်း အိမ်တစ်ခုလုံး သိမ့်ခနဲ တုန်ခါသွားတာကြောင့် ကျော်မောင် အိပ်နေရာက ဆတ်ခနဲ ထထိုင်လိုက်သည်။ “ဘယ်ငမူးသမားတွေ အိမ်ကိုဝင်ဆောင့်တာလဲမသိဘူး” “စန်းခင် ထစမ်း” “နင့်ခဗျာ အိမ်ဒီလောက် တုန်သွားတာတောင် မသိဘူးလား” “ကာလနဂါးသေလို့ဝင်စားသလားပဲ” ကျော်မောင် အိပ်ယာဘေးက ဓာတ်မီးကို ယူကာ အိမ်အောက်ကိုဆင်းလာခဲ့လိုက်သည်။ ဘေးဘီဝဲယာလိုက်ထိုးကြည့်တော့ ဘာမှမတွေ့ရ အိမ်တိုင်ကိုဝင်တိုက်ပီး မှောက်နေမလားဆိုပြီး ပတ်ပတ်လည်လိုက်ကြည့်တော့လဲ မည်သူမှ မရှိ။ ထိုစဉ် “ချလွင် ချလွင် ချလွင် ” ခြူ သံသဲ့သဲ့ကိုကြားလိုက်ရသည်။ ချူသံကတစ်ဖြေးဖြေးနီးလာသည်။ အမှောင်ထုထဲကနေ ပြေးဝင်လာသော အရာတစ်ခု စန်းခင် ပြေး ..ပြေးတော့ ကျော်မောင် အော်ချိန်မရလိုက် နီးကပ်လာတဲ့အရာက လင်မယားနှစ်ယောက်လုံးကို ဝင်တိုက်သွားတော့သည်။ ….. “ကျော်မောင်နဲ့စန်းခင် ဆုံးပီတဲ့” “ဗိုက်ကြီးပွင့်နေပြီး အူတွေကလဲ […]