ကျောင်းအုပ်ဆရာကြီး တယောက် မျက်ရည် တောက်တောက်ကျခဲ့ရတဲ့အဖြစ် (မြန်မာပြည် ပညာရေးကို ထင်ရာလုပ်ခဲ့တဲ့လူတွေ ခေတ်က အဖြစ်အပျက်တခု) ဒို့ထ၂ က ကျောင်းအုပ်ဆရာကြီး မျက်ရည်တောက်တောက်ကျရတဲ့ အကြောင်း ပြောပြမယ်နော်။ ဒေါ်ရွှေဇင် ဖော်ကောင်လုပ်တယ်လို့ စိတ်မဆိုးနဲ့နော် အခုချိန်မှာ ဟာသ ဖြစ်နေပေမဲ့ အဲဒီတုန်းကတော့ကျမတို့တတွေ (ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို) ဘယ်နေ့ပြုတ်ကျမလဲ ရင်တထိတ်ထိတ်နဲ့လေ။ ခုခေတ်ကလေးများ ဒါမျိုး ကြုံဘူးမှာ မဟုတ်လို့ (အဘတွေကြီးစိုးတဲ့ခေတ်) မျှော်နေကြ တာလေ ။ ဘယ်တုန်းကလည်းဆို (ဘဘညွန့်)ရဲ့ (မာတီမီဒီယာ) ဖွင့်ပွဲ လုံးပန်းကြစဉ်ကပေါ့။ (မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးရှင့်၊ ခင်မျှ) လက်အုပ်ကလေးချီ ခါးလေးညွှတ်ပြီး နှုတ်ဆက်တာကို စိတ်တိုင်းမကျနိုင် ကြဘူး။ ကျမရယ် ဦးမောင်သွင်(ကွယ်လွန်)၊ ဦအောင်မြိုင်တို့ (ပန်းချီပြခန်း) တာဝန်ကျတယ်။ ကျမတို့ကလေးများဆွဲတဲ့ ပန်းချီကားများကိုလာစစ်တဲ့ (ဘောင်းဘီချွတ် […]
Knowledge
ထမင်းဝိုင်းတွေမှာ သတိမထားမိပဲ အန္တရာယ် ရှိတဲ့ ဓလေ့တစ်ခုရှိတယ်
ကျွန်တော်တို့ သတိမထားမိပဲ ပေါ့ပေါ့လေး နေမိတဲ့အထဲမှာ အန္တရာယ် ရှိတဲ့ ဓလေ့တစ်ခုရှိတယ်။ အဲ့ဒါက အလှူထမင်းဝိုင်းတွေရဲ့ အလယ်မှာ ဘုံသောက် ဆိုပြီး ထားလေ့ရှိတဲ့ ဟင်းချိုခွက်ပဲ။ တစ်ချို့ကလည်း “မင်းကလည်း ကြီးကျယ်တာကွာ…။ မသောက်ချင်မသောက်နဲ့။ သောက်ချင်တဲ့သူ သောက်လိမ့်မယ် ” ဆိုပြီး ပြောလိမ့်မယ်။ သောက်ချင်တာ မသောက်ချင်တာထက် ဒီကနေ ဘာဖြစ်တတ်တယ်ဆိုတာကို ရှင်းပြချင်လို့ပါ။ အဓိကကတော့ ကူးစက်ရောဂါပါ။ ရောဂါတစ်ခု က လူတစ်ယောက်ကနေ တစ်ယောက် ကို ကူးဖို့ဆိုရင် နည်းလမ်းတွေ အများကြီးရှိလေ့ရှိတယ်။ လေထဲကနေ အသက်ရှူရုံနဲ့ကူးမလား၊ ထိမိပွတ်မိကိုင်မိရင်ကူးမလား၊ ဒါမှမဟုတ် သွေးသွေးချင်း ထိရာကနေ ကူးမလား စသဖြင့်ပေါ့။ အခုပြောချင်တာကတော့ တံတွေးကနေ ကူးတဲ့ကိစ္စပဲ။ လူရဲ့ တံတွေးထဲမှာ ပျော်ပျော်ကြီး လိုက်ပါ ပြီး တစ်ခြားသူကို […]
မင်းကွန်းဆရာတော်ကြီး မိခင်ကြီးကို ဂရုစိုက်ပုံ (ဦးတင်ပါ၏ဘုရား)
ဆရာတော်သည် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောစဉ် တရားနာပရိသတ်ထဲ၌ မိမိ၏မိခင်ကြီး “ဒေါ်ဆင်” နှင့် သက်တူရွယ်တူ အမျိုးသမီးများ ပါ၍ သူတို့ ဝတ်ထားသော အဝတ်အစားကလည်း မိခင်ကြီးနှင့် လိုက်ဖက်မည် ထင်လျှင် “သည်အဝတ်အစားနာမည် ဘယ်လိုခေါ်ကြောင်း၊ ဘယ်နေရာတွင် ဝယ်၍ ရနိုင်ကြောင်း”စသည်ကို အခြားသူများ မသိစေဘဲ မိမိတပည့်များကို ထိုအမျိုးသမီးများထံ တိုးတိုးတိတ်တိတ် သွားရောက် မေးမြန်းစေသည်။ ထို့နောက် ကျောင်းပြန်ရောက်သည့်အခါ တပည့်များကို ထိုအဝတ်အထည်မျိုး အဝယ်ခိုင်းပြီး မိခင်ကြီးအား ပေးတော်မူသည်။ မိခင်ကြီးနှစ်သက်သည့် အစားအစာ စသည်ကိုလည်း ဂရုတစိုက် ပေးကာ ကျွေးကာ၊ နေစရာ နေအိမ် ဆောက်လုပ်ပေးကာ၊ သင့်တော်မည့်တရားများလည်း ဟောကြား ပြသပေးကာဖြင့် အလောင်းတော်မြတ် ဗောဓိသတ်ပမာ မာတုပေါသကလုပ်ငန်းကို ဝမ်းမြောက်စွာ ဆောင်ရွက်တော်မူလေသည်။ မိခင်ကြီးကို […]
အမေရိကန်က အိမ်တွေမှာ မီးလုံးအဝါတွေပဲ သုံးရတဲ့အကြောင်းရင်း (အမေရိကန်ရောက် ရွှေမြန်မာတွေ မဖြစ်မနေ သိထားသင့်တဲ့အချက်)
အမေရိကန်က အိမ်တွေမှာ မီးလုံးအဝါတွေကိုပဲ ဘာကြောင့်သုံးကြတာလဲ။ ဟုတ်ပါတယ် အမေရိကန်က အိမ်အများစုဟာ အဝါရောင်မီးလုံး၊ မီးသီး၊ မီးဆိုင်းတွေကို တပ်ဆင်မှုပိုများပါတယ်။ ဒါဘာကြောင့်ပါလဲ အဖြူရောင်မီးတွေထက် အဝါရောင်မီးတွေက အကျိုးရှိလို့လား၊ ဒါဆိုဘယ်နေရာတွေမှာ အကျိုးရှိတာပါလဲဆိုတဲ့ မေးခွန်းကို ဖြေပေးပါမယ်။ အဝါရောင်အလင်းတွေဟာ သာယာတဲ့ လေထုကို ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ အဝါရောင်အလင်းတွေက လူတွေကို နွေးထွေးမှုပေးနိုင်စွမ်း မြင့်မားတယ်လို့ ဆိုပါတယ်။ အဝါရောင်အလင်းဟာ မျက်လုံးပင်ပန်းနွမ်းနယ်မှုကို ၂၀ရာခိုင်နှုန်း လျော့ချစေနိုင်ပါတယ်။ အဝါရောင်မီးတွေဟာ အိပ်ချိန်ရောက်ပြီဆိုရင်လည်း ဦးနှောက်ကို အချက်ပြနိုင်တဲ့အတွက် အိပ်ပျော်စေဖို့ အကောင်းဆုံး ရွေးချယ်မှု တခုလို့လည်း ပြောထားပါတယ်။ နောက်တစ်ချက်ကတော့ မိုက်တယ်။ ပိုးဖလံတို့ ပလူကောင်တွေတို့လို အင်းဆက်ကောင်လေးတွေက အဖြူရောင်မီးကို ရှယ်ကြိုက်ကြပေမယ့် အဝါရောင်မီးကိုတော့ လုံးဝစိတ်မဝင်စားကြပါဘူးတဲ့လေ။ ဒီတော့ ဘယ်အင်းဆက်မှ အိမ်ထဲမလာတော့ဘူးပေါ့။ ဒါကြောင့်မို့ အိမ်တွေ၊ […]
ကွယ်လွန်ပြီးမှ အကယ်ဒမီ (၂) ကြိမ်ဆက်တိုက် ရရှိခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ ထူးခြားတဲ့ မင်းသား ဇော်လင်း
ဒါရိုက်တာ တင်အောင်မြင့်ဦး ရိုက်ကူးခဲ့သော ဘယ်ဆုတောင်းမလဲချစ်သူ ဇာတ်ကားဖြင့် ရုပ်ရှင်လောကကို ဝင်ရောက်လာခဲ့သော မင်းသား ဇော်လင်း သည် ခေါင်းဆောင်မင်းသားကစ၍ မင်းသား အကို၊ မင်းသား သူငယ်ချင်း၊ မင်းသား အဖေ၊ မင်းသား အဖိုး စသည်ဖြင့် နေရာအမျိုးမျိုး ဇာတ်ရုပ်အမျိုးမျိုးဖြင့် ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း သူတသက်လုံး လိုချင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကိုတော့ သူကွယ်လွန်ပြီးချိန်မှသာ နှစ်နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုအားလုံးကို အကယ်ဒမီဆုဖြင့် အဆုံးသ-တ်ခဲ့သည်ဟု ယူဆနိုင်သော ဇော်လင်း ရရှိခဲ့သည့် အကယ်ဒမီဇာတ်ကားနှစ်ကားမှာ တို-က်ပွဲခေါ်သံ (၁၉၉၅) နှင့် ပန်းသခင် (၁၉၉၆) တို့ ဖြစ်ပါတယ်။ သရုပ်ဆောင် ဇော်လင်း၏ အမည်ရင်းမှာ ဦးစန်းမောင် ဖြစ်ပြီး မော်လမြိုင်မြို့ တောင်ဝိုင်းရပ်၌ ဦးစံအေး ဒေါ်ဌေးတင်တို့က ဖွားမြင်ခဲ့တာပါ။ မော်လမြိုင်ရုပ်ရှင်မှ […]
ဂျုံးဂျုံးကျတောရ ဆရာတော်ဘုရားကြီး သင်ကြားခဲ့သော ကျင့်စဉ်များ
ဆရာတော်ကြီးသည် ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး၊ သင်္ခါရတရားတို့၏ အပေါ်၌ အနိစ္စ ဟူ၍လည်းကောင်း၊ ဒုက္ခ ဟူ၍လည်းကောင်း၊ အနတ္တ ဟူ၍လည်းကောင်း ရှုမှတ်ပွားများပြီး အာနာပါန ထွက်လေ ဝင်လေကို ရှုမှတ်စေသည်။ ဝင်လေ ထွက်လေကို ရှုမှတ်ပြီးသောအခါ ဂုဏ်တော်များကို ရှုမှတ်ပွားများစေသည်။ ဆရာတော်ဘုရားကြီး၏ ဂျုံးဂျုံးကျတောရ ဝိပဿနာရိပ်သာစခန်း၌ လောကီကိစ္စနှင့်ဆက်၍ လုပ်ဆောင်ခြင်း မရှိဘဲ လောကီအဂ္ဂိရတ်ကိစ္စ၌ ကျွမ်းကျင်ကြောင်းကို စိတ္တဂဏ္ဍိကျမ်းတွင် ဖော်ပြထားသည် ကိုတွေ့ရှိရသည်။ ဆရာတော်ဘုရားကြီးသည် အေဒီ ၁၉၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်၊ တနင်္လာနေ့မှ စတင်၍ ဝေဒနာ ကပ်ရောက်လာခဲ့လေသည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးသည် အေဒီ ၁၉၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်(၁၂၈၅ ခုနှစ်၊ ပြာသိုလဆန်း ၄ရက်) ဗုဒ္ဓဟူးနေ့တွင် […]
အမေအိမ်အိုလေးကို သတိရသူများ ဒီစာလေးဖတ်ကြည့်ကြပါ
အချို့တွေက မိသားစုအတွက်တစ်ပြည်တစ်ရွာ အချို့တွေက ကိုယ်ယုံကြည်ရာမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငါတို့တွေဟာ အိမ်ရဲ့ အဝေးမှာပဲလေ .. အိမ်နဲ့ဝေးခါမှ အိမ်နဲ့ဝေးရခြင်း ဒုက္ခကိုပိုနားလည်လာတယ် ပြီးတော့.. အိမ်အဝရောက်လို့ မမြင်တာနဲ့ အမေ့..လို့ ခေါ်ရတဲ့ မိခင်ကြီးကို သတိရတယ် အမေလည်း ဘာထူးလို့လည်း ချစ်ခြင်းမေတ္တာဆိုတာ ချန်ခဲ့ခဲ့၊ ကျန်ခဲ့ခဲ့ လွမ်းရတာပဲလေ ပိုဆိုးတာက အရွယ်အိုသလို အပျော်အပါးရော အဖော်အပေါင်းပါ ရှားတဲ့အမေအတွက် ဒီသား၊ ဒီသမီးတွေပဲရှိတာ ငါတို့ အငွေ့အသက်တွေ ပြည့်နေတဲ့ အိမ်မှာ အမေ ဘယ်လောက်လွမ်းနေရှာမလဲကျန်ခဲ့တဲ့ အမေ့မှာ စိတ်မအေးရှာပါဘူးမျက်ရည်လေး ဝဲလို့ ငါ့သား ငါ့သမီးတွေ အဆင်မှ ပြေပါ့မလားတဲ့ သားသမီးတွေ အဝေးရောက်တဲ့အခါမှာတော့ ပြတင်းတံခါးက အမေ့အလွမ်းဖြေရာနေရာပဲလေအမေ့ မျက်နှာ နွမ်းနွမ်းလေးကပါးစပ်က မဟလည်း သိပ်သိသာတယ် ငါ့သား သမီးတွေ […]
အကြွေးကိစ္စအရေးကြီးပြီး ကြွေးပူမိသော်
နံနက် (၁၀း၀၀ မှ ၁၂း၀၀) နာရီအတွင်း ရွက်လှ(၅)ညွန့်၊ပေါင်မုန့်(၅)ချပ်၊လင်ဗန်းထဲထည့်၍ ဘုရားလှူပါ။ အကြွေးအမြန်ဆုံး ပြန်ဆပ်နိုင်ပါစေလို့ဆုတောင်းပါ။ ၁။ တနင်္ဂနွေသားသမီးများအတွက် အင်္ဂါနေ့တွင်လုပ်ပါ။ ၂။ တနင်္လာနေ့သားသမီး များအတွက် ဗုဒ္ဓဟူးနေ့တွင်လုပ်ပါ။ ၃။ အင်္ဂါနေ့သားသမီး များအတွက် ကြာသပတေးနေ့တွင်လုပ်ပါ။ ၄။ ဗုဒ္ဓဟူးနေ့သားသမီးများအတွက် သောကြာနေ့တွင်လုပ်ပါ။ ၅။ ကြာသပတေးနေ့သားသမီးများအတွက် စနေနေ့တွင်လုပ်ပါ။ ၆။ သောကြာနေ့သားသမီးများအတွက် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင်လုပ်ပါ။ ၇။ စနေ နေ့သားသမီးများအတွက်တနင်္လာနေ့တွင်လုပ်ပါ။
သတိမပြုမိကြတဲ့ အိမ်နမိတ်
ဒီတစ်ခေါက်မှာ ၇ ရက်သားသမီးများအတွက် နမိတ်နဲ့ပက်သက်တဲ့အကြောင်းလေးတွေကိုပြောပြပေးပါမယ်…. အိမ်ထဲမှာမထင်မှတ်တဲ့ အပြုအမူလေး တွေကနေ အန္တရယ် ရောက်နိုင်တဲ့ ကိစ္စရပ်လေးတွေ ဖြစ်တတ်ပါတယ်….ဒါကြောင့် ဘယ်လို နမိတ်နဲ့ပက်သက်ပြီး တင်ပေးလိုက်ပါတယ်… အိမ်ထဲမှာ ထီးမလှန်းပါ နဲ့ ။ အိမ်စောင့်နတ် မျက်တတ်ပါတယ်။ နာရီအကွဲအပျက်ချိတ်မထားပါနဲ့။ ရုတ်တရက်မြည်လျှင် သေနမိတ်ဖြစ်ပါတယ်။ ပန်းအိုး ၊ အလှပန်းအိုးထိုးရာတွင် ပန်းအဖြူ ။ ပန်းအနီ ရောမထိုးပါနဲ့ မ တော်တဆ ခိုက်ရန် ဖြစ်ပွားတတ်ပါတယ်။ နံရံကို ဆေး အစိမ်းရောင်မသုတ်ပါနဲ့.. ရုတ်တရက် အဆိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ အိမ်ထဲမှာ ပုဆိန် ၊ ပေါက်တူး ၊ ရဲတင်း..စတာတွေ မထားရပါ၊ အိမ်သားတွေ မကြာခဏခိုက်ရန်ဖြစ်တတ်ပါတယ်.. အိမ်ခြံ၀င်းထဲမှာ ငရုတ်ပင် မစိုက်ပါနဲ့.. အိမ်သားတွေ အပူ အပင်များတတ်ပါတယ်.. ကဲ […]
ကိုင်ရိုရဲ့ မြန်မာပြည်အတွက် ဟောကိန်း
ဗေဒင်ပညာရပ်ရဲ့ ခေါင်းကိုင်ဖခင် လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကိုင်ရိုဟာ ကမ္ဘာအနှံ့ပတ်ကာ ဗေဒင်ပညာရပ်ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ဖော်ဆောင်ခဲ့တဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်ပဲဖြစ်ပါတယ် ကိုင်ရိုဟာ ကမ္ဘာအနှံ့ပတ်ရင်း သတ္တမမြောက် အပ်ဝက်ဘုရင် ဘယ်လ်ဂျီယံဘုရင် ရုရှားမှဇာဘုရင် ဗိုလ်ချုပ်ကြီး လော့ဒ်ကစ်ချင်နား အီတလီဘုရင် ဟင်းဘတ် နန်းရင်းဝန်ဂလက်စတုံ ကမ္ဘာကျော် သူလျှိုမ မာတာဟာရီ အမေရီကန်မင်းသားဂျိမ်းစ်ဟဲကပ် တို့အပြင် အခြားသော နာမည်ကြီးများနဲ့လဲတွေ့ဆုံခဲ့ကာဗေဒင်ပညာရဲ့ လျှို့၀ှက်ဆန်းကျယ်မှုကို ပြသခဲ့ပြီး ကိုင်ရိုသည် ကမ္ဘာတွင်ဖြစ်ပျက်လာမည့် အရာများကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ရာ မှန်ကန်သဖြင့် အလွန်မှပင် ထင်ရှားကျော်ကြားသူတစ်ယောက် အဖြစ်ယနေ့ထိတိုင် လေးစားဂုဏ်ပြုနေရဆဲ ဖြစ်ပါတယ် ….. ဒါ့အပြင်ကိုင်ရိုဟာ ဟာ မြန်မာနိုငံအတွက်လဲ ဟောကိန်းထုတ်ခဲ့ပါသေးတယ် တစ်ခါက အမေရိကန်သံအမတ်ကြီးတစ်ဦးဟာ ပထမကမ္ဘာစစ်အပြီးတွင် အမေရိကန်ရဲ့အခြေအနေကိုသိလိုသဖြင့်မေးမြန်းရာ နောက်အနှစ်၂၀ လောက်ကြရင် နောက်ထပ်ကမ္ဘာစစ်ကြီး ဖြစ်ဦးမယ်။ ဒီထက်ပိုကြီးမားမယ် […]