Knowledge

ပုတီးစိပ်ရာဝယ် ဆောင်ရန် ရှောင်ရန်

၇ရက်သားသမီးများအတွက် ပြောချင်တာလေးတွေ ရှိပါတယ်..။ တစ်ချို့တွေက အဓိဌာန်ပုတီးစိပ်ကြတယ်.. အောင်မြင်တဲ့သူလည်းရှိသလို ၊ ပျက်သွားတာတွေလည်းရှိပါတယ်..။ ဒါကြောင့် ပုတီးစိတ်တဲ့အချိန်မှာ အဖျက်ဝင်တယ်လို့လည်းခေါ်တတ်ကြပါတယ်.. အချို့သောသူတွေမှာ ပုတီးတော့ စိပ်ပြီး အဓိဌာန်တော့ ဖြစ်မြောက်ပါရဲ့ မအောင်မြင်တာတွေ အခြေအနေတွေ ထူးတာမရှိတာမျိုးလေးတွေ ကြုံတတ်ကြပါတယ်.. ကံတရား အကြောင်းအထောက်အပံ့တွေ ရရှိနိုင်ဖို့ အတွက်..ဘုရားပူဇော်ဖို့ (သို့) စိတ်ပုတီးလေးတွေစိပ်မယ်ဆိုရင် နေ့နံကိုက်လေးတွေ ဆောင်ထားပြီး ကုသိုလ်တရားပွားများနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်.. တနင်္ဂနွေ – အုန်းသား (သို့) အင်သား ဖြင့်ပြုလုပ်ထားသောပုတီးဖြင့် စိပ်ပါ။ တနင်္လာ – ကုက္ကို (သို့) ကံ့ကော်သားဖြင့်ပြုလုပ်ထားသောပုတီးဖြင့် စိပ်ပါ။ အင်္ဂါ – ဇီး (သို့) သြဇာသားဖြင့်ပြုလုပ်ထားသေားပုတီးဖြင့် စိပ်ပါ။ ဗုဒ္ဓဟူး – ဝါးသားဖြင့်ပြုလုပ်ထားသေားပုတီးဖြင့် စိပ်ပါ။ ကြာသပတေး – […]

Knowledge

မိန်းကလေးတွေရဲ့ မျက်နှာပေါ်က မှဲ့များအကြောင်း

မိန်းကလေးတွေရဲ့ မျက်နှာပေါ်က မှဲ့များအကြောင်း (၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောကျ်ားကို ရတတ်သည်။ အိမ်ထောင်ဆက်များတက်တတ်သည်။ သားယောကျ်ားများ ထွန်းကားသည့် မိခင် ဖြစ်ပါလိမ့်မည်။ (၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာတတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။မိမိသြဇာကို နာခံမည့် လင်ယောကျ်ားအား ရတတ်သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောကျ်ားမွေးပြီး အကျိုးပေးတတ်သည်။ (၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောကျ်ား များ ပေါများတတ်သည်။ယောကျ်ား များ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။အစားအသောက်ကောင်းများကို အထူးကြိုက်နှစ် သက်သူဖြစ်သည်။ […]

Knowledge

အဲကွန်းတွေကို အိမ်မှာ သုံးနေကြပေမဲ့ အဲကွန်းရီမုတ်ကိုတော့ သေချာမသုံးတတ်ကြဘူးမလား

ON/OFF ခလုတ်ကိုတော့ လူတိုင်းသိကြလို့ ကျော်လိုက်ပါမယ်။ နောက်တစ်ခုက Mode ဆိုတဲ့ ခလုတ်လေးပါ ဒီခလုတ်လေးကတော့ အရမ်းအရေးပါပါတယ်။ ဒီခလုတ်လေးကို ကောင်းကောင်းမသုံးတတ်လို့ အဲကွန်းပြင်ဆိုင်ပို့မိတဲ့ အဖြစ်မျိုး ကြုံဖူးတဲ့သူတွေ အများကြီး တွေ့ဖူးပါတယ်။ Mode ဆိုပြီး အပြည့်အစုံ ရေးမထားရင်တောင် M ဆိုတဲ့ သင်္ကေတလေး ပါပါတယ်။ အဲဒါလေးက ဘာတွေလုပ်ဆောင်လဲဆိုတော့ အဆင့် ၅ ဆင့် လုပ်ဆောင်ပါတယ်။ ပထမတစ်ချက်နှိပ်ရင် Auto ဆိုပြီး ပေါ်လာပါတယ်။ Auto အနေအထားမှာဆိုရင် အခန်းအပူချိန်၊ ပန်ကာလည်နှုန်း၊ Outdoor Unit အဖွင့်အပိတ်နဲ့ လည်ချိန်တွေကို အဲကွန်းထဲက Processor က သူဟာသူ အလုပ်ပေးပါလိမ့်မယ်။ ဒုတိယတစ်ချက်နှိပ်ရင် Cool ဆိုပြီး ပေါ်လာပါလိမ့်မယ်။ Cool အနေအထားမှာဆိုရင် အဲကွန်းက […]

Knowledge

၃၁ဘုံမှာရှိတယ်ဆိုတဲ့ သရဲကို မြင်ဖူးကြလား

လောကကြီးမှာ ၃၁ ဘုံဆိုတာရှိနေတယ်ဆိုတော့ တစ္ဆေ၊ သရဲလို့ခေါ်တဲ့ မသိသာ မမြင်သာတဲ့ ပရလောကသားတွေရှိနေတဲ့ကိစ္စကို ယုံတယ်၊ မယုံဘူး လွယ်လွယ်ပြောလို့မရပါဘူး။ လေကို မမြင်ရပေမယ့် ပတ်ဝန်းကျင်မှာ သစ်ပင်တွေယိမ်းနွဲ့နေတာကြည့်ပြီး တစ်နည်းနည်းနဲ့လေရှိနေတာကို လက်ခံကြရပါတယ်။​ သရဲ၊ တစ္ဆေတွေ တကယ်ရှိနေတာတော့ သေချာပါတယ်။ အထူးသဖြင့် လောလောလတ်လတ် သေဆုံးသွားပြီး ချက်ချင်းမကျွတ်လွတ်နိုင်သေးဘဲ တစ်ခုခု တစ်နေရာရာကို စွဲလမ်းသွားလာ လှုပ်ရှားနေတဲ့ ဝိညာဉ်ဆိုတာတွေ ရှိနေတတ်ပါတယ်။​ သရဲ၊ တစ္ဆေ၊ ပြိတ္တာတွေမှာ နေစရာ၊ စားစရာ၊ သွားလာစရာအတွက် အမြဲလိုလို အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် သူတို့တွေ အခက်အခဲဖြစ်လာတဲ့အခါ သူတို့အခက်အခဲ၊ လိုအပ်ချက်တွေကို သူတို့ကိုယ်စား ပြောပေးနိုင်မယ့်သူတွေဆီမှာ အကူအညီတောင်းလေ့ရှိကြတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။​ ဒီလိုအခက်အခဲတွေကနေ အနည်းငယ်ကူညီနိုင်မယ့်သူရှိရင် အဲဒီလူကို သူတို့အကြောင်းသိစေပြီး သူတို့ […]

Knowledge

နိမိတ်နဲ့ပတ်သက်ပြီး ဘာတွေမြင်မိပါသေးလဲ?

တချို့သောဗေဒင်ဆရာတွေဟာ လျှပ်တစ်ပြက်တွေ့ရမြင်ရတတ်တဲ့ မြင်ကွင်းတွေအပေါ်မှာ နိမိတ်ကောက်ပြီး ဟောကိန်းထုတ်လေ့ရှိကြပါတယ်။ ဒီဟောကိန်းတွေဟာ မှန်ကန်မှုများတဲ့အတွက်ကြောင့် ဗဟုသုတဖြစ်စေဖို့ တင်ပြပေးလိုက်ပါတယ်။ ​ (၁) ကိုယ့်ဆီ စကားလာမေးမြန်းသူဟာ ကိုယ့်ခေါင်းကိုပုတ်နေတာ တွေ့မြင်ရပါက အမှုအခင်း၊ အရှုပ်အရှင်းတို့နဲ့ ရင်ဆိုင်ရတော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာဖြစ်ပါတယ်။ ​ (၂) ချမ်းသာသောသူ၊ ဂုဏ်ရှိသောသူကို တွေ့မြင်ပါက မိန်းမနဲ့ ပတ်သက်သောနိမိတ်ဖြစ်ပါတယ်။ ​ (၃) ထိတ်လန့်ကြောက်ရွံ့စရာကို မြင်မိပါက သူခိုးခိုးခံရတော့မယ့် နိမိတ်ဖြစ်ပါတယ်။ ​ (၄) ဗြုန်းခနဲ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာတာကို မြင်ရပါက အိမ်ရှိလူမမာနဲ့ ပတ်သက်သော နိမိတ်ဖြစ်ပါတယ်။ ​ (၅) လူတစ်ဦး ချိုသောသစ်သီးကိုင်ထားတာကို တွေ့မြင်ပါက ရွှေဝင်တော့မယ့် နိမိတ်ဖြစ်ပါတယ်။ ​ (၆) သလိပ်များ ထွေးထုတ်တာကို မြင်ရရင် အလိမ်ခံရတော့မယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။ […]

Knowledge

လူတွေစိတ်ဝင်စားကြတဲ့ သိုက်ဆိုတာ

လူတွေစိတ်ဝင်စားကြတဲ့ ပရလောကသားတွေဖြစ်ကြတဲ့ သိုက်တွေအကြောင်း လေ့လာကြည့်တဲ့အခါ သိုက်အမျိုးအစားပေါင်း ကိုးသိုက်ရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဒီထက်အမျိုးအစားကွဲပြားပြီးတော့ လည်းရှိနိုင်ပါတယ်။ သိုက်ဆိုတာ မြန်မာလူမျိုးတင်မက တခြားလူမျိုးများမှာလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာနိုင်ငံတွေက သိုက်ကိုအများဆုံး ယုံကြည်မှုရှိကြတာပါ။ အများအားဖြင့် သိုက်ဆိုတာဟာ နောင်အရိမိတ္တေယျ ဘုရားရှင်ပွင့်တော်မူတဲ့အခါ လှူဒါန်းပူဇော်ကြဖို့ ရွှေငွေဥစ္စာရတနာများကိုစုဆောင်းထားရှိပြီး အဲဒီနေရာမှာ ဝိဉာဉ်လောကကနေ အဆင့်ဆင့် စောင့်ရှောက်နေကြတာကိုခေါ်တာပါ။ သိုက်နန်းရှင်များဟာ လူ့လောကနဲ့အဆက်အဆံရှိတယ်၊ လူယောင် ဆောင်နိုင်တယ်စသည်ဖြင့် ယုံကြည်မှုတွေရှိကြပါတယ်။ တကယ်တော့ သိုက်ဆိုတာ ဘုရားအတွက် ပစ္စည်းတွေ၊ ရွှေငွေရတနာဥစ္စာတွေထားရှိပြီး စောင့်ရတဲ့ သိုက်တစ်မျိုးတည်းမဟုတ်ဘဲ တခြားစိတ်စွဲလန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သိုက်တွေလည်း အများကြီးရှိကြပါသေးတယ်။ သိုက်ဆိုတဲ့ စကားရဲ့ရင်းမြစ်ဟာ “စိုက်”လို့ ဆိုတဲ့စာတွေရှိပါတယ်။ “စိုက်” လို့ဘာလို့ခေါ်လဲဆိုတော့ ဘဝတစ်ခုက ဥစ္စာ ပစ္စည်းတွေကို စိတ်စွဲလန်းပြီး တစိုက်မတ်မတ် ဝိဉာဉ်ဘဝနဲ့ […]

Knowledge

မိမိချစ်ခင်သူအိမ်ထောင်ဖက်နဲ့ မည်သို့ကြောင့်အဆင်မပြေဖြစ်စေကာမူ ယခုကဲ့သို့ဆောင်ရွက်ပါ

၆ လက်မ အရွယ် ‌ဖယောင်းတိုင်အဖြူပေါ်မှာမီးစာဖက်က နေ အောက်ဖက်ကို မိမိနာမည်နဲ့ မိမိချစ်သူ အိမ်ထောင်ဖက် စသည်ရဲ့နာမည်ကို marker pen အနက်ဖြင့်ရေးပါ။marker pen ဆိုတာဘာလဲ မသိရင် ဆိုင်မှာမေးပါ။ ပြီးရင် အလယ်ကဒါးနဲ့ဖြတ်လိုက်ပါ။ အောက်ပိုင်းကဖယောင်းတိုင်ကို မီးညှိနိုင်ရန်မီးစာ ပြန်ဖေါ်ထားပါ။ ပန်းကန်ပြားတစ်ချပ်မှာ အသဲပုံကိုအနီရောင်နဲ့ဆွ‌ဲပါ။ဖယောင်းတိုင် ၂ တိုင်ကြားကိုသစ်ဂျပိုးခေါက် ၂ ခု ညှပ်ပြီးအားလုံးကိုဖဲကြိုးအနီနဲ့ပတ်ချည်ပါ။ အထုံး၃ ထုံးထုံးချည်ပြီးအစသပ်ပါ။ ပန်းကန်ပြားအလယ်မှာအဲဒီဖယောင်းတိုင်အတွဲကိုစိုက်ထားပါ။အပြင်ဖက်က သကြားများပတ်ပြီးပုံပါ။ လေးညှင်းပွင့် ၅ ပွင့်လည်းပတ်လည်ကချပါ။ပြီးရင် ဖယောင်းတိုင် ၂ တိုင်ကိုမီးညှိပါ။ မီးညှိပြီး မိမိလိုရာဆုကို တစ်မိနစ်ခန့်လေးနက်စွာတောင်းပါ။ ဥပမာ။ သည်ယတြာအစွမ်းကြောင့် မောင်မောင်နဲ့ အမြန်ပြန်လည်ဆုံစည်းပါစေ စသည်ဖြင့်​​ပီးရင် ဖယောင်းတိုင်မီးကို လက်မ လက်ညှိုးညှပ်ပြီး ​​ငြိမ်းလိုက်ပါ လဆန်းပိုင်း အဆင်ပြေရာ ရက်က စလုပ်ပါ။နောက်နေ့မှာ […]

Knowledge

အောက်လမ်းနည်းတွေနဲ့ အင်းတိုက်ခံရရင် ဒီလိုလုပ်ပါ

သရဲဆိုတာဟာ နေစရာအတည်တကျမရှိ၊ စားစရာ မယ်မယ်ရရ မရှိတဲ့ဘဝမျိုးပါ။ ဒီလိုဖြစ်နေသူတွေကို အောက်လမ်းဆရာဆိုသူတွေက တစ်နှစ်တစ်ကြိမ်ကျွေးပါ့မယ်စသဖြင့်တစ်မျိုးမျိုးနဲ့ ခေါ်ထားလိုက်ပြီး သရဲမွေးလေ့ရှိကြပါတယ်။ ​​သရဲတိုက်၊ အစိမ်းတိုက်ဆိုတာ တစ်စုံတစ်ယောက်ရဲ့အကျိုးကို ပျက်စီးစေလိုတဲ့အတွက် သူတို့မွေးထားတဲ့သရဲကို ခိုင်းစေပြီး ဖျက်ဆီးစေတာပါ။ အင်းတိုက်တယ်ဆိုတာကတော့ တစ်စုံတစ်ယောက်ရဲ့ နေ့၊ နာမ်ကို အင်းကွက်မှာချပြီး အကျိုးပျက်စီးစေဖို့၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာချောက်ချားအောင် ပြုလုပ်တာမျိုးပါ။ ​ အောက်လမ်းဆရာတစ်ယောက်ယောက်က သရဲဘီလူး၊ အစိမ်းတစ်ခုခုနဲ့ တိုက်ထားပြီဆိုရင် သိသာနိုင်မယ့်အချက်တွေကတော့ စိတ်ပိုင်းဆိုင်ရာ အားငယ်နေတာမျိုး၊ ကြောက်စိတ်တွေဖြစ်ပေါ်နေတာမျိုး၊ မပြောတဲ့အသံကိုကြား၊ မရှိတဲ့အရုပ်ကို မြင်နေတာမျိုးတို့ ဖြစ်တတ်ပါတယ်။ ​လူကိုတိုက်တာမဟုတ်ဘဲ ဆိုင်တို့၊ အိမ်တို့ကိုလည်း ဘီလူးသရဲနဲ့တိုက်တာမျိုးတွေရှိပါတယ်။ ဆိုင်တစ်ဆိုင်က သိပ်ရောင်းကောင်းနေတာကို မနာလိုတဲ့အခါ အပြိုင်အဆိုင်ဖြစ်တဲ့အခါမျိုးမှာ ဆိုင်ကိုတိုက်တတ်ပါတယ်။ ​​ အိမ်ကိုတိုက်တဲ့အခါမျိုးတွေမှာတော့ အိမ်မှာသရဲခြောက်သလိုအသံကြားနေတာမျိုး၊ လူရိပ်လိုလို ရိပ်ခနဲမြင်လိုက်တာမျိုးတွေဖြစ်တတ်ပြီး မိသားစုကြားမှာ ရန်ဖြစ်စကားများကြတာမျိုးတွေဖြစ်တတ်ပါတယ်။ […]