ဂါထာတော်များ

ရွှေမရှား ငွေမရှား လိုတရလာဘသိဒ္ဓိဂါထာတော်

စာရေးသူသည် စက်တင်ဘာလထဲတွင် မန္တလေးမြို့သို့ တစ်ခေါက်ရောက်ဖြစ်သည်။ စာရေးသူသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ဇာတိချက်မြှုပ်သူဖြစ်၍ ဟိုငယ်ငယ်ကတည်းက ပေါင်းသင်းလာခဲ့သည့် ကျောင်းနေဖက် သူငယ်ချင်းများပင် မန္တလေးမှာ ရောက်ရှိနေသည်။ ညီတော် မောင်မောင်အေးက စာရေးသူအား သူငယ်ချင်းများ နေအိမ်သို့ တစ်နေ့ပြီး တစ်နေ့ လိုက်ပို့ပေးသဖြင့် အနှစ်နှစ်အလလက ရွာဦးကျောင်းဆရာတော်ထံတွင် ပရိတ်ကြီး နမာကာရကို နှစ်ယောက်အတူကြိမ်လုံးအောက်မှာ ပြားပြားဝပ်ဝပ် သင်ခဲ့ရတဲ့ သူငယ်ချင်း ငယ်ပေါင်း ကိုသောင်းရွှေကို တွေ့လိုက်ရသဖြင့် ဝမ်းသာပီတိဖြစ်မိ၏။ ကိုသောင်းရွှေသည် စာရေးသူတို့နေသော အရပ်က မဟုတ်။ ဆရာတော် ကိုရင်ဘဝကနေထိုင်ခဲ့သည့် မအူပင်မြို့နယ်ထဲရှိရွာလေး တစ်ရွာမှ။ အမိနှင့် အဖတို့သည် ကိုသောင်းရွှေ သုံးနှစ်သားအရွယ်တွင် ကွယ်လွန်ခဲ့၍ ဆရာတော်မှ ကျွေးမွေးသုတ်သင်၍ ကျောက်ပန်းတောင်းသို့ ခေါ်လာခဲ့ခြင်းဖြစ်၍ ထိုအချိန်က ယာမြေ၊ ချောင်းမြေ၊ ရွှေငွေရတနာများဖြင့် […]

ဂါထာတော်များ

လိုအင်ဆန္ဒအဝဝတို့ ပြည့်စုံနိုင်သော စိန္တာမဏိဂါထာတော်

စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓ ရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။ စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မ ရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။ စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃ ရတနာနံ။ ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။ အဆိုပါဂါထာကို ရွတ်ဖတ်သရဇ္ဈာယ်ပါက နတ်ဒေဝတာများက ကူညီစောင့်ရှောက်လျက် လိုအင်ဆန္ဒအဝဝတို့ ပြည့်စုံခြင်း၊ စည်းစိမ်ဥစ္စာများတိုးပွားခြင်းစသော ရလဒ်ကောင်းများ ရရှိမည် ဖြစ်ပါသည်။

ဂါထာတော်များ

မေတ္တာသုတ်အစွမ်းအံ့မခန်း (မေတ္တာသုတ် ကျင့်စဉ်)

မေတ္တာသုတ် ကျင့်စဉ် ကိုမပျက်မကွက်(၄၅) ရက်တိတိပူဇော်ပါ။ထို ရက် အတွင်း ဥပုဒ် သီတင်း စောင့် နိုင် လျှင်ပို မို ကောင်း မွန် ပါတယ်။ မေတ္တာသုတ် ပရိတ် တော် သည် အလိုလိုက ပင် နတ် များ လူ များ ချစ် ခင် ခြင်း ကို ခံရသော မြတ်စွာဘုရား ၏ နှုတ် ကပတ် တော် ဖြစ် ပေ သည် ။ “မေတ္တာသုတ်” နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ ယဿာနုဘာဝတော ယက္ခာ၊ […]

ဂါထာတော်များ

အခက်အခဲ အကျပ်အတည်းမှန်သမျှ ကင်းလွတ်စေသော နမောတေဂါထာ

အရမ်းအခက်အခဲ၊ အကျပ်အတည်းဖြစ်နေတဲ့အခါ၊ စိတ် သို့မဟုတ် ရုပ်အနှောင်အတည်းခံရတဲ့အခါပူဇော်သင့်တဲ့ဂါထာတော်ပါနမောတေဂါထာနမော တေ ဗုဒ္ဓ ဝီရတ္ထု၊ဝိပ်ပမုတ်တောသိ သဗ်ဗဓိ၊သမ်ဗာဓပ်ပဋိပန်နောသ်မိ၊တဿ မေ သရဏံ ဘဝ။အသံထွက်နမောတေ ဗုတ်ဒဝီရတ်ထုဝိတ်ပမုတ်တော သိသတ်ဗဒိသန်ဘာဒ ပတိပန်နောသမိတတ်သ မေ သရဏံဘဝ။အနက်လုံ့လ ကြီးမားတော်မူသော ရှင်တော်မြတ်ဘုရားအား ရိုသေမြတ်နိုး ရှိခိုးခြင်း ဖြစ်ပါစေသတည်း။ ဘေးရန်အ‌ပေါင်းမှကင်းလွတ်‌တော်မူသည့် ရှင်တော်မြတ်ဘုရားသည် အလုံးစုံသော အနှောင်အဖွဲ့မှ ပါရမီတန်ခိုးနှင့် ပယ်နှိမ်ချိုးသဖြင့် လွယ်လင့်တကူ လွတ်မြောက်တော်မူသည် ဖြစ်ပေ၏။ ထိုရှင်တော်မြတ်ဘုရားသည်ဘုရားတပည့်တော်၏ ဘေးရန်ကင်းစွာ ချမ်းသာရကြောင်း မြတ်သောမှီခိုရာအစစ်အဖြစ် နှစ်သက်ကြည်ဖြူ၊ဖြစ်တော်မူပါ အရှင်ဘုရား။သူတစ်ပါးအတွက်ပူဇော်လျှင် မေ နေရာတွင်တေ ဟုထည့်ပြီးပူဇော်ပါ။

ဂါထာတော်များ

ဒိဝါတပတိ လာဒ်ရွှင်ဂါထာတော်

၁။ဒိဝါ တပတိ အာဒိစ္စောရတ်တိမာ ဘာတိ စန်ဒိမာသန္နဒ္ဓေါ ခတ္တိယော တပတိစျာယီ တပတိ ဗြာဟ္မဏော။၂။အထ သဗ္ဗမဟောရတ္တိံဗုဒ္ဓေါ တပတိ တေဇသာတာဒိသံ တဇေသမ်ပန်နံဗုဒ်ဓံ ဝန်ဒာမိ အာဒရံ။၃။စက်ကဝါဠေ အနန်တသေုအာကာသော အနန္တော တထာသတ်တနိကာ အနန်တာစသမ်ဗုဒ်ဓဥာဏံ အနန်တံ။၄။ဗလဝံ ဗုဒ်ဓံ အနန်တံဂေါစရံ ဓမ္မံ အနန္တံအရိယ သံဃံ အနန်တံအနန္တံ ဗောဓိ ဥတ္တမံ။******************ဂါထာ အနက် ( အဓိပ္ပာယ်ကိုသိထားပါက အာရုံပြုနိုင်စေရန် ရည်ရွယ်ပါသည် )၁။အာဒိစ္စော . . နေမင်းသည်ဒိဝါ. . နေ့၌သာလျှင်တပတိ. . တောက်ပ၏စန္ဒိမာ . .လသည်ရတ္တိံ . . .ညဉ့်၌သာလျှင်အာဘာတိ. . တောက်ပ၏ခတ္တိယော. .မင်းသည်သန္နဒ္ဓေါ . .ချပ်ဝတ်တန်ဆာဆင်မှသာလျှင်တပတိ. . တောက်ပ၏ဗြာဟ္မဏော . .ရဟန္တာသည်စျာယီ […]

ဂါထာတော်များ

ဘုရားဂုဏ်တော်(၉)ပါး ပါဠိ နှင့် အနက်အဓိပါယ်

ဣတိပိသောဘဂဝါ-(၁) အရဟံ၊(၂) သမ္မာသမ္ဗုဒ္ဓေါ၊(၃) ဝိဇ္ဇာစရဏသမ္ပန္နော၊(၄) သုဂတော၊(၅) လောကဝိဒူ၊(၆) အနုတ္တရောပုရိသဓမ္မသာရထိ၊(၇) သတ္ထာဒေဝမနုဿာနံ၊(၈) ဗုဒ္ဓေါ၊(၉) ဘဂဝါ။ ဘုရားဂုဏ်တော်(၉)ပါး အနက် (၁) အရဟံ- ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။(၂) သမ္မာသမ္ဗုဒ္ဓေါ- တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။(၃) ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။(၄) သုဂတော- အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။(၅) လောကဝိဒူ- သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။(၆) […]

ဂါထာတော်များ

နတ်ပို့အမွှန်း

ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေဒေဝါ’ နုမောဒန္တု၊သဗ်ဗသမ်ပတ်တိ သိဒ်ဓိယာ။ ဒါနံ ဒုဒန်တု သဒ်ဓါယ၊ သီလံ ရက်ခန်တု သဗ်ဗဒါ။ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။ဧတ္တာဝတာ – ဤမျှ အတိုင်းအရှည်ရှိသော ပါဠိမပျက် အနက်မချွတ် နှုတ်သံလွှတ်၍ ရွတ်ဖတ်အပ်သော အစဉ်ဖြင့်၊အမှေဟိ – ပဋ္ဌာန်း တရား ရွတ်ပွား အားထုတ် အကျွန်ုပ်တို့သည်၊သမ္ဘတံ – ပါရမီပြည့်ကြောင်း သဒ္ဓါလောင်း၍ ကောင်းစွာ ဖြည့်ကျင့် ဆည်းပူးအပ်သော၊ပုညသမ္ပဒံ – ကိလေသာ ကြေးညှော်ကို ဆေးလျှော် သန့်ရှင်း ဖြူစင်သော ကောင်းမှု၏ ပြည့်စုံခြင်းကို၊သဗ္ဗေ ဒေဝါ – ခပ်သိမ်းကုန်သော နတ်တို့သည်၊အနုမောဒန္တု – ပါရမီပြည့်ကြောင်း သူတော်ကောင်းတို့ နှစ်ထောင်းအားရ ပြုနိုင်စွမ်းကြသည်ဟု […]

ဂါထာတော်များ

နေအထွက်မှာ ရွှေခွက်ဖြင့် ငွေအပြည့်ခပ်ပေးပါ

1. နေ့စဉ် နံနက်အိပ်ရာမှနိုးသည် နှင့် ကိုယ်လက်သန့်စင်ပြီး ရေတစ်ခွက်ကို သရဏဂုံသုံးပါးဖြင့် ရွတ်ဆိုပြီး ထိုရေဖြင့်ပင် မျက်နှာသစ်ပါ။2. ပြီးလျှင် အိမ်ရှေ့ထွက်ပြီး နေထွက်ရာအရပ်သို့ မျက်နှာမူပြီး “ဒိဝါတပတိဂါထာတော်မြတ်ကြီး” ရွတ်ဆို၍ လက်ခုပ် ၇ ချက်တီးပြီး မိမိလိုအပ်သောဆုကိုတောင်း၍ “နေအထွက်မှာ ရွှေခွက်ဖြင့် ငွေအပြည့်ခပ်ပေးပါ” ဟု ပြောဆိုပေးပါ။3. ထိုသို့ ပြုလုပ်ပြီးမှသာ မိမိတစ်နေ့တာ လုပ်ဆောင်စရာရှိသည်များကို ပြုလုပ်ပါ။ထိုသို့နေ့စဉ်ပြုလုပ်ပေးပါက စီးပွားလာဘ်လာဘရွှင်လန်း၍ လိုရာဆန္ဒတွေ ပြည့်ဝလာပါလိမ့်မည်။

ဂါထာတော်များ

ဘုန်းဘုရားကြီး ဘိုးပေါက်ဆိန်၏ ပုတီးစိပ်နည်း

အရဟံ ဗုဒ္ဓေါ ဓမ္မော သံဃော။(တစ်ပုဒ်ဆုံး ပုတီးတစ်လုံးချ၊ တစ်နေ့ ၉ ပတ်)‌‌သြောင်းနေမော ဗုဒ္ဓဿ အရဟံ ဣစ္ဆာသယံအကာလိကော မေ သိဒ္ဓိ။(တစ်ပုဒ်ဆုံး ပုတီးတစ်လုံးချ၊ တစ်နေ့ ၉ ပတ်)အရဟံ ဘဂဝါ မေ သိဒ္ဓိ။(တစ်ပုဒ်ဆုံး ပုတီးတစ်လုံးချ၊ တစ်နေ့ ၉ ပတ်)

ဂါထာတော်များ

အိမ်တွင်းယပ်တွင် ငွေကပ်လျှင်

အိမ်တိုင်း အိမ်တိုင်းတွင် အိမ်တွင်းအုန်းကို လူတိုင်းဆွဲကြသည်။ ထိုအိမ်တွင်းအုန်းရှိ “ယပ်” တွင် မိမိကြိုက်နှစ်သက်ရာ “ငွေစက္ကူ” ကို ကပ်၍ မိမိတို့ အိမ်တွင်း ယပ်ခတ်သည့်အတိုင်း ယပ်ခတ်ပေးပါက စီးပွားလာဘ်လာဘ ပိုမိုပွင့်လန်းစေသည်။