တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ ညီတစ်ယောက်ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်၏ ညီအရင်း ဖြစ်သည်။ ယခင် ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောခဲ့သော အမှတ် (၁၄)၊ ကျောက်ရေတွင်လမ်းနေရာတွင် ဟောပြောနေသူ ဖြစ်၏။ ဦးဝင်းဇော်(B.Sc(Forestry)) ကလောင်အမည်ဖြင့် ရောင်ပြန်မဂ္ဂဇင်း၌ ဆော်လမွန်အဆောင်တံဆိပ်များ အကြောင်းကို ဆောင်းပါးရေးနေသူ ဖြစ်၏။ ကျွန်ုပ်သည် ၎င်းကို တွေ့လျှင် တွေ့ချင်း “ဟေ့ မင်းလည်း မလာတာ ကြာပါရောလား” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ညီ ဝင်းဇော်က…. “ဟုတ်တယ် အစ်ကို၊ ကျွန်တော်လည်း မအားဘူး၊ မနက်ကနေ ဗေဒင်ဟောလိုက်ရတာ ညနေ (၅) နာရီ (၆) နာရီ ထိုးတဲ့အထိပဲ” ဟု ပြန်၍ ဖြေလေ၏။ “အေး ငါလည်း ကြားတယ်ကွ၊ မင်းက […]
Lucky Money
ကြွေးတွေကြေဖို့
“ဟော . . . ကိုမောင်မောင်မြင့်အေးရေ . . . နေပူကြီးထဲမှာကွာ မင်းနဖူးကြီးကလည်း ပြောင်နေပြီး ဦးထုပ်လေး ဘာလေးဆောင်မှပေါ့၊ ရော့ရော့ ရေခဲရေလေးသောက်လိုက်ဦး” ဟု ဆရာကြီးက ပြောပြောဆိုဆိုနှင့် ရေခဲရေခွက်ကြီးလှမ်းပေးလိုက်ရာ ကျွန်တော်က လှမ်းယူလိုက်ပြီး ဂွပ်ကနဲ ဂွပ်ကနဲနှင့် မျိုချလိုက်၏။ ပြီးနောက် . . . ထမင်းချိုင့်ကြီးချပြီး ကန်တော့်လိုက်ကာ . . . “ဟင်းကတော့ သိပ်မဖွယ်ရာပါဘူး၊ ဝက်နို့အုံသားကို သရက်သီးသနပ်နဲ့ချက်တယ်၊ နောက်ပြီးအကြော်ကတော့ ကန်စွန်းရွက်ကြော်ပါပဲ၊ ဟင်းချိုကတော့ ပဲနီလေးဟင်းချိုချက်တယ်၊ ပုစွန်ထုပ်ရလို့လည်း ပုဇွန်ထုပ်ကြီး ၂ ကောင်ကို မီးဖုတ်ပြီး ကြက်သွန်နီ ငရုပ်သီးစိမ်းနဲ့ သုပ်ထားသေးတယ်၊ အချိုပွဲကတော့ ဒိန်ချဉ်ပေါ့ဆရာကြီးရယ်” ဟု ပြောလိုက်ရာ . . […]
ငွေတွေဝင် လာဘ်တွေရွှင်ချင်ရင်
အလုပ်စီးပွားရှာသမျှ ပိုက်ဆံတိုင်းဟာဝင်ငွေ ထွက်ငွေမမျှဘဲ ဖြစ်နေရင် ငွေယိုပေါက်ပဲဖြစ်နေမယ်ဆိုရင် ဒီလိုလေးလုပ်ကြည့်ပါ။ -မိမိအိမ် (သို့) မိမိစီးပွားရေး၊ဆိုင်လုပ်ငန်းမှာတစ်နေ့တာ လာဘ်ဦးငွေ ကိုဖယ်ထားပါ။ -ဈေးဦးပေါက်ငွေထဲက ပိုက်ဆံအနည်းအကျဉ်း ကို မိမိသဒ္ဒါရှိသလောက် ဘုရားပန်းကပ်လှူခြင်း၊ ဆွမ်းကပ်ခြင်း လှူဒါန်းခြင်းများပြုလုပ်ပေးပါ။ -စီးပွားလာဘ်လာဘ တိုးတက်ပြီးငွေတွေဝင် လာဘ်တွေရွှင်လာပါလိမ့်မယ်။ ကျန်းမာချမ်းသာသုခနဲ့ပြည့်စုံပြီး စီးပွားရေးဒီရေအလားတိုးတက်ပါစေ….
လာဘ်ပွင့် ကံမြင့် ကျင့်စဉ်
မြတ်စွာဘုရားရှင်အား လှူဒါန်းရန်အတွက် မနက် ၉း၁၀ မိနစ်တွင် ရွက်လှ ၄ ညွန့် ၊ ရေသန့်တို့ကို အာရုံဆွမ်းအဖြစ် လှူဒါန်းပါ။မြတ်စွာဘုရားရှင်ထံမှာ နမောတဿ (၃) ကြိမ် ရွတ်ဆိုပြီး ငါးပါးသီလ ခံယူပါ။ဇယမင်္ဂလာအောင်ဂါထာတော်ကြီးအား အရှေ့မြောက်အရပ်ကိုလှည့်ပြီးတော့ မိမိသက်စေ့ရွတ်ဖတ်ရမှာဖြစ်ပါတယ်။ပြီးလျှင် မိမိလိုရာဆုကိုတောင်းပါ။မိမိလှူဒါန်းထားသော ဆွမ်းခဲဘွယ်တို့ကိုစွန့်ကာ ခွေးစာကျွေးပါ။တစ်နေ့တာအတွက် ရှောင်ရန် – ဝက်သားစားသုံးခြင်းကို ရှောင်ကြဉ်ပါ။ ဇယမင်္ဂလာအောင်ဂါထာတော် ဇယစက္ကော ဇယန္တောယော ဇယိတဗ္ဗေ ဇယာသနေ ဇယာပေသိ ဇယေသီနံ ဇယံဒေတု ဇယုတ္တရော ဧဝံ မေ တထာ ဟောတု။ မိမိတို့အနေနဲ့ တစ်နေ့တာအတွင်း ပြုပြုသမျှ ကုသိုလ်ကောင်းမှုနှင့်တကွ ဇယမင်္ဂလာအောင်ဂါထာတော်မြတ်ကြီးအား ရွတ်ဆိုပြီးပါက ဆုတောင်းရမှာဖြစ်ပါတယ်။ ဆုတောင်းရမှာကတော့ ဥပမာ – ဘာနေ့သား၊ နာမည်ဘယ်သူ ကနေပြီးတော့ ယနေ့ယခု ပြုပြုသမျှ […]
လုပ်ငန်းအောင်မြင်ပြီး လာဘ်ပွင့်စေမယ့် နိမိတ်များ
“ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်” နဲ့ဆိုတဲ့ စကားအတိုင်း ရှေးအစဉ်အဆက်က သတ်မှတ်ထားခဲ့သောနိမိတ်တဘောင်များကို မပယ်ပျောက်အောင် ဗဟုသုတအနေဖြင့် ဖော်ပြပေးချင်ပါတယ်။ 💭 နိမိတ်တွေများစွာရှိတဲ့အထဲကမှ ကောင်းတဲ့အတိတ်နိမိတ်တွေကတော့… (၁) သင်းပျံ့မွှေးကြိုင်သော ပန်းရနံ့၊ ရေမွှေးရနံ့တွေကို ရှုရှိုက်မိပါက လုပ်ငန်းအောင်မြင်မယ့်နိမိတ်ဖြစ်ပါတယ်။ (၂) ဆင်၊ မြင်း၊ ရွှေငွေကျောက်သံပတ္တမြားတို့ကိုတွေ့ပါက အလုပ်ကိစ္စအောင်မြင်မယ့်နိမိတ်ပါ။ (၃) ဘုရား၊ တရား၊ သံဃာတော်များ ပင့်ဆောင်လာသော ယာဥ်ရထား၊ ကားတို့ကိုတွေ့မြင်ရင်တော့ လုပ်ငန်းကိစ္စအဝဝအောင်မြင်မယ့် နိမိတ်ဆောင်ပါတယ်။ (၄) ရွှေ၊ ငွေရတနာများ ၀တ်ဆင်ထားသူကို တွေ့ရင်တော့ အလုပ်ကိစ္စတွေပြီးမြောက်အောင်မြင်မှာပါ။ (၅) အဆိပ်ပြင်းသောသတ္တဝါမြင်တွေ့မိပါက အကြံအစည်ပြီးမြောက်စွမ်းဆောင် အောင်မြင်နိုင်ပြီးလျှင် လာဘ်ရမယ့်သဘောပါ။ (၆) ဂုဏ်ပညာကြီးမြတ်သူများ၊ ဘုန်းကြီးရဟန်းတို့ကိုတွေ့မြင်ပါက အကြံအစည်အောင်မြင်ပြီး ရွှေငွေဥစ္စာတိုပွားမှာပါ။ (၇) ရဟန်းခံရှင်ပြုပွဲများတွေ့မြင်ပါက […]
ပွဲစားများ လဒ်ပွင့်စေဖို့ ယတြာ
အလုပ်အကိုင်တွေ၊ စီးပွားရေးတွေ ကျပ်တည်းနေတဲ့ ယခုကာလကြီးမှာ ပွဲစားတွေအတွက်ရည်ညွန်းပြီး ယတြာလေးတင်ပေးလိုက်ပါတယ်။ဤယတြာလေးကို ယုံယုံကြည်ကြည်နဲ့ သေချာပြုလုပ်ပေးမယ်ဆိုရင်တော့ ပွဲစားတွေမှမဟုတ်ပဲ ငွေရေးကြေးရေးအခက်အခဲဖြစ်နေတဲ့သူတွေအတွက်လည်း လာဘ်လာဘတွေပွင့်လာပါလိမ့်မယ်။ပွဲစားများ လာဘ်ပွင့်စေရန်အတွက် လစ်ပိုပုလင်းပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး “ဒိဝါတပတိဂါထာ” ကို ရွတ်ဆိုပြီး တစ်နေ့လျှင် ပုတီး ၉ ပတ် စိပ်ပေးပါ။ဒိဝါတပတိဂါထာဒိဝါတပတိ အာဒိစ္စောရတ္တိမာဘာတိ စန္ဒိမာသန္နဒ္ဓေါ ခတ္တိယော တပတိဈာယီ တပတိ ဗြာဟ္မဏော။အထ သဗ္ဗ မဟောရတ္တိံဗုဒ္ဓေါ တပတိ တေဇသာ။တာဒိသံ တေဇသမ္ပန္နံဗုဒ္ဓံ ဝန္ဒာမိ အာဒရံနမက္ကာရာနုဘာဝေနသဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။အားလုံးပဲ အဆင်ပြေကြပါစေ။
လာဘ်ရွှင်ငွေရွှင်စေသောဂမ္ဘီရနည်း
လာဘ်ရွှင်ငွေရွှင်စေသောဂမ္ဘီရနည်းအမျိုးမျိုး ရှိတဲ့အထဲမှာ ယတြာချေရုံမျှဖြင့် ငွေများဝင်လာသည် မဟုတ်သော်လည်း ကံတရားမျက်မှာသာမပေးလို့ ဝင်မည့်ငွေ ထစ် ငေါ့နေခြင်း၊ လျော့နည်းခြင်း၊ မရခြင်းများ ရှိနေလျှင်မူ ယတြာချေခြင်း ဖြင့် အနည်းနှင့်အများ ပြေလည်သွားစေနိုင်လိမ့်မည်ဖြစ်သည်။ငွေကံကောင်းစေမည့် နည်းအမျိုးမျိုးရှိသည့်အနက်မှ အလွယ်တကူနှင့် အစွမ်းပြစေမည့် နည်းလေး ကို ကြိုးစားပြီး သဒ္ဓါတရားထက်သန်စွာဖြင့် ကိုး ရက် တိတိပြုလုပ်ပေးပါ..။လင်ပန်းတစ်ချပ်ထဲမှာ လိမ္မော်သီး ကိုးလုံးကို မြတ်စွာဘုရားထံကပ်လှူပြီး ကိုး ရက်တိုင်တိုင် ပြုလုပ်ပေးပါ..။